Connect with us

Europe

ရုရှား တက္ကသိုလ်၌ သေနတ်ပစ်ခတ်မှုအတွင်း သေဆုံးသူအရေအတွက် ၈ ဦးအထိရှိလာ

ရုရှားနိုင်ငံ မော်စကိုမြို့ရှိ Red Square တွင် နှာခေါင်းစည်းတပ်ဆင်ထားသော ရဲအရာရှိများအား တွေ့ရစဉ် (ဓာတ်ပုံ- Sputnik/Handout via Xinhua)

မော်စကို၊ စက်တင်ဘာ ၂၀ ရက် (ဆင်ဟွာ)

ရုရှားနိုင်ငံရှိ Perm တက္ကသိုလ်တွင် ကျောင်းသားတစ်ဦးက သေနတ်ဖြင့်ရမ်းသမ်းပစ်ခတ်မှုဖြစ်ပွားပြီးနောက် လူ ၈ ဦးထက်မနည်းသေဆုံးကာ အခြားသူများစွာ ဒဏ်ရာရရှိခဲ့ကြောင်းနှင့် တိုက်ခိုက်သူကို ထိန်းသိမ်းထားကြောင်း Sputnik သတင်းအေဂျင်စီက ဖော်ပြထားသည်။

သေဆုံးသူအရေအတွက် အတိအကျအား အတည်ပြုလျက်ရှိကြောင်း ရုရှားနိုင်ငံ စုံစမ်းစစ်ဆေးရေးကော်မတီ ပြောရေးဆိုခွင့်ရှိသူ၏ ပြောကြားချက်အား ကိုးကား၍ Sputnik က သတင်းဖော်ပြထားသည်။

ရဲတပ်ဖွဲ့က ဖမ်းဆီးစဉ် သေနတ်ပစ်ခတ်သူမှာ ခုခံမှုပြုလုပ်ခဲ့သဖြင့် ထိခိုက် ဒဏ်ရာရသွားကြောင်း သိရသည်။

ကျန်းမာရေးဝန်ကြီးနှင့် သိပ္ပံနှင့် အဆင့်မြင့်ပညာရေးဝန်ကြီးအား Perm တက္ကသိုလ်သို့ အရေးပေါ်သွားရောက်ရန် ရုရှားနိုင်ငံ ဝန်ကြီးချုပ် Mikhail Mishustin က ညွှန်ကြားထားကြောင်း သိရသည်။ (Xinhua)

———————————–
(English Version)
Death toll rises to 8 in shooting incident in Russian university
Source: Xinhua| 2021-09-20 16:47:41|Editor: huaxia
MOSCOW, Sept. 20 (Xinhua) — At least eight people were killed and several others were injured after a student shot randomly at the University of Perm in Russia on Monday, and the attacker has been detained, Sputnik news agency reported.
The exact number of victims is being confirmed, Sputnik quoted a spokesperson for the Russian Investigative Committee as saying.
The shooter was wounded by the police when he resisted arrest.
Russian Prime Minister Mikhail Mishustin has instructed the health minister and the minister of science and higher education to urgently fly to Perm. Enditem
Photo : Police officers wearing face masks patrol on Red Square in Moscow, Russia, on April 6, 2020. (Sputnik/Handout via Xinhua)