Connect with us

Media

ရှင်းကျန်းဒေသရှိသဲကန္တာရအဝေးပြေးလမ်းမတစ်လျှောက်စိမ်းလန်းစိုပြည်ရေးဆောင်ရွက်

ရှင်းကျန်း၊ ဇန်နဝါရီ ၁၂ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ရှင်းကျန်း (ဝေဂါ) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ Tarim သဲကန္တာရ အဝေးပြေးလမ်းမတစ်လျှောက် ဆိုလာစွမ်းအင်သုံး လျှပ်စစ်ဓါတ်အားထုတ်လုပ်ရေးစက်ရုံပေါင်း ၈၆ ရုံအား ယခုနှစ် မတ်လ ၌ တည်ဆောက်ပြီးစီးတော့မည်ဖြစ်ကြောင်းသိရသည်။

၅၆၆ ကီလိုမီတာအရှည်ရှိအဝေးပြေးလမ်းမကြီးသည် ကမ္ဘာ့ဒုတိယအကြီးဆုံးရွေ့လျားသဲကန္တာရ ဖြစ်သည့် တာ့လီမခန်းသဲကန္တာရအား ကန့်လန့်ဖြတ် ဖောက်လုပ်ထားခြင်းဖြစ်သည်။

၂၀၀၅ ခုနှစ်၌  Tarim ရေနံတွင်းမှ  သဲကန္တာရရှိ အဝေးပြေးလမ်းမကြီးအား သဲများဖုံးလွှမ်းခြင်းမှကာကွယ်ရန် အရှည် ၄၃၆ ကီလိုမီတာ နှင့် အကျယ် ၇၀ မီတာ ရှိ  “အစိမ်းရောင်နံရံကြီး” အား သစ်ပင်ပေါင်း သန်း၂၀ဖြင့် အဝေးပြေးလမ်းမကြီး၏ နှစ်ဖက်စလုံးတွင် အပြည့် စိုက်ပျိုးခဲ့သည်။

ဒီဇယ် စွမ်းအင်အစားထိုး မှု တစ်ခုအဖြစ် ယင်း သန့်စင်စွမ်းအင်သုံးစက်ရုံများသည်  သစ်ပင်များအား မြေအောက်ရေ ပေးနိုင်ရန် အထောက်အကူဖြစ်စေသည်။

Tarim Oilfield မှ တာဝန်ခံ Chen Wen က ” ဒီစက်ရုံတွေ တည်ဆောက်ပြီးသွားရင် နေရောင်ခြည်စွမ်းအင်နဲ့  သဲကန္တာရ အဝေးပြေးလမ်းမကြီးတစ်လျှောက်ရှိ ဆည်မြောင်း နံရံ ၉၈ ခုစလုံး ကိုရေပေးဝေးနိုင်မှာဖြစ်ပါတယ်၊

အစိမ်းရောင် လျှပ်စစ်စွမ်းအင်တွေဟာ ကာဘွန်ဒိုင်အောက်ဆိုဒ်ထုတ်လွှတ်မှု ကို သုံညရာခိုင်နှုန်းထိ ကင်းစင်စေပါတယ် ” ဟုဆိုသည်။

အဆိုပါ ဆိုလာစွမ်းအင်ထုတ်လုပ်ရေးစက်ရုံများသည် ခန့်မှန်းခြေအားဖြင့် နှစ်စဉ် ဒီဇယ် သုံးစွဲမှု တန် ၁,၀၀၀ ကျော်အား လျှော့ချပေးနိုင်ပြီး  ကာဘွန်ဒိုင်အောက်ဆိုဒ် ထုတ်လွှတ်မှု  တန်ချိန် ၃,၄၁၀ ခန့်လျှော့ချပေးနိုင်မည် ဖြစ်ကြောင်း သိရသည်။ (Xinhua)

……………………………………..

(English Version)

GLOBALink | Green energy applied in afforestation of desert highway in Xinjiang, China

 

URUMQI, Jan. 11 (Xinhua) –The construction of 86 photovoltaic power stations will be completed by March this year along the Tarim Desert Highway in northwest China’s Xinjiang Uygur Autonomous Region.

The 566-km-long highway traverses through the Taklamakan Desert, the world’s second largest shifting sand desert.

A 436-km-long and over-70-meter wide “green wall”, formed by some 20 million trees, was completed on both sides of the highway in 2005 by Tarim Oilfield, to protect the desert highway from the intrusion of sand.

As a replacement of diesel power generation, these clean-energy power stations will help pump underground water to irrigate the trees.

It is estimated that these photovoltaic power stations will reduce diesel consumption by more than 1,000 tons and carbon dioxide emissions by about 3,410 tons every year.

Produced by Xinhua Global Service