Connect with us

China

ရှင်းကျန်းဒေသ၏ ပထမဆုံး ကန္တာရဖြတ်ကျော် အမြန်လမ်း ကူးသန်းသွားလာရန် ဖွင့်လှစ်

တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ရှင်းကျန်း(ဝေဂါ)ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ ကန္တာရဖြတ်ကျော် အမြန်လမ်း အပိုင်းတစ်ပိုင်းကို ကတ္တရာခင်းနေမှုအား ဇူလိုင် ၁၆ ရက်တွင် တွေ့ရစဉ်(ဆင်ဟွာ)

ဝူးလူမုချီ ၊ ဒီဇင်ဘာ ၂၆ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ရှင်းကျန်း(ဝေဂါ)ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ ပထမဆုံး ကန္တာရဖြတ်ကျော် အမြန်လမ်းအား ဒီဇင်ဘာ ၂၅ ရက်တွင် တရားဝင်ဖွင့်လှစ်ခဲ့ပြီး ရှင်းကျန်းဒေသမြောက်ပိုင်းရှိ မြို့များအကြား ခရီးသွားလာမှုကြာချိန်ကို လျှော့ချပေးနိုင်ခဲ့ကြောင်း ဒေသတွင်းသယ်ယူပို့ဆောင်ရေးဌာနက ပြောကြားခဲ့သည်။

အားလက်ထိုက် စီရင်စုနှင့် ရှင်းကျန်းဒေသ၏မြို့တော် ဝူးလူမုချီကို ဆက်သွယ်ထားသောအမြန်လမ်းသည် တရုတ်နိုင်ငံ၌ ဒုတိယမြောက် အကြီးဆုံး ကန္တာရ ဖြစ်သော Gurbantunggut ကန္တာရကို ဖြတ်ကျော်တည်ဆောက်ထားသည့် လမ်းပိုင်း ကီလိုမီတာ ၁၅၀ ကျော်နှင့်အတူ ၃၄၃ ကီလိုမီတာခန့် ရှည်လျားကြောင်း သိရသည်။

ရှင်းကျန်းဒေသ သယ်ယူပို့ဆောင်ရေးမူဘောင်၏ အရေးပါသောလမ်းကြောင်းတစ်ကြောင်းအနေဖြင့် အမြန်လမ်းသည် ဒေသ၏ မြောက်ဘက်ပိုင်းရှိ မြို့များအကြား ခရီးသွားလာမှုတိုတောင်းစေရန် ကူညီပေးနိုင်မည် ဖြစ်ပြီး ခရီးသွားလာမှုအခြေအနေများအား တိုးတက်စေမည် ဖြစ်ကြောင်း သိရသည်။

အမြင့်ဆုံးမြန်နှုန်း တစ်နာရီလျှင် ကီလိုမီတာ ၁၂၀ ဖြင့် သွားလာနိုင်ခြင်းနှင့်အတူ အားလက်ထိုက် စီရင်စုနှင့် ဝူးလူမုချီမြို့အကြား ခရီးသွားလာချိန်အား သုံးနာရီခွဲခန့်အထိ ထက်ဝက် လျှော့ချပေးနိုင်ကြောင်း သိရသည်။
ထို့အပြင် အမြန်လမ်းသည် tourism-experience လမ်းတစ်လမ်းဖြစ်ရန် ဖောက်လုပ်ထားပြီး ယာဉ်မောင်းနှင်သူများ နှင့် ခရီးသည်များအား လမ်းတစ်လျှောက် အမျိုးမျိုးကွဲပြားခြားနားသော သဘာဝပသာဒမြင်ကွင်းများ နှင့် ဝန်ဆောင်မှုများအား ခံစားနိုင်စေမည် ဖြစ်ကြောင်း နှင့် လမ်းကြောင်းတစ်လျောက် ဒေသများအတွင်း စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် ပံ့ပိုးပေးမည် ဖြစ်ကြောင်း သိရသည်။ (Xinhua)

——————————–
(English Version)
Xinjiang’s first desert-crossing expressway opens to traffic
URUMQI, Dec. 25 (Xinhua) — The first cross-desert expressway in northwest China’s Xinjiang Uygur Autonomous Region officially opened to traffic on Saturday, cutting travel time between cities in north Xinjiang, said the regional transport department.
The expressway, linking Altay Prefecture and the regional capital Urumqi, stretches some 343 km, with sections of more than 150 km constructed through Gurbantunggut Desert, the second-largest desert in China.
As an artery of Xinjiang’s transportation framework, the expressway will help shorten the journey between cities in the northern part of the region and improve travel conditions.
With a designed maximum speed of 120 km per hour, the travel time between Altay and Urumqi is reduced by half, to about three and a half hours.
In addition, the expressway is also designed to be a tourism-experience road, enabling drivers and passengers to enjoy diverse scenic views and services along the way, and facilitating economic development in regions along the route. ■
Photo – In this aerial photo, vehicles pave a section of a cross-desert expressway with asphalt in northwest China’s Xinjiang Uygur Autonomous Region, July 16, 2021. (Xinhua/Gao Han)