Connect with us

Economy

ရှန်ဟိုင်းဒစ္စနေးအပန်းဖြေစခန်း ယာယီပိတ်ထားပြီးနောက် လုပ်ငန်းလည်ပတ်မှုများ ပြန်လည်စတင်

ရှန်ဟိုင်း ၊ နိုဝင်ဘာ ၃ ရက်(ဆင်ဟွာ)

ရှန်ဟိုင်းဒစ္စနေးလန်း(Disneyland)နှင့် ဒစ္စနေးတောင်း(Disneytown)အား COVID-19 ရောဂါထိန်းချုပ်ရေးအတွက် ယာယီပိတ်ထားမှုတစ်ခု ပြုလုပ်ပြီးနောက် နိုဝင်ဘာ ၃ ရက်တွင် လုပ်ငန်းလည်ပတ်မှုများ ပြည်လည်စတင်သွားမည် ဖြစ်ကြောင်း ရှန်ဟိုင်းဒစ္စနေးအပန်းဖြေစခန်းက နိုဝင်ဘာ ၂ ရက်တွင် ထုတ်ပြန်သည့် ကြေညာချက်တွင် ပြောကြားခဲ့သည်။အပန်းဖြေစခန်းတွင် အလုပ်လုပ်ရန် ပြန်လည်ရောက်ရှိလာသည့် သရုပ်ဆောင်အဖွဲ့ဝင်များ နှင့် အချိန်ပိုင်းဝန်ထမ်းများအားလုံးသည် ၄၈ နာရီအတွင်း nucleic acid စစ်ဆေးမှု နှစ်ကြိမ် ပြုလုပ်ခဲ့ပြီး စစ်ဆေးချက်များအားလုံးမှာ ရောဂါပိုး ကင်းစင်ခဲ့ကြောင်း သိရသည်။ စုဆောင်းရရှိထားသည့် စခန်းရှိလူအားလုံး၏ ဓာတ်ခွဲနမူနာများမှာလည်း ရောဂါပိုးကင်းစင်သည်ဟု စစ်ဆေးတွေ့ရှိခဲ့ကြောင်း ကြေညာချက်အရ သိရသည်။
အဆိုပါအပန်းဖြေစခန်းတွင် ကျန်းမာရေး နှင့် ဘေးကင်းရေး အစီအမံများအား မြှင့်တင်အကောင်အထည်ဖော်ရန် ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း နှင့် လာရောက်လည်ပတ်သူများအားလုံးအတွက် တင်းကြပ်သည့် ကျန်းမာရေး နှင့် ဘေးကင်းရေး အစီအမံများ ပြဌာန်းထားကြောင်း ထုတ်ပြန်ချက်က ဆိုသည်။

ရှန်ဟိုင်းဒစ္စနေးအပန်းဖြေစခန်းသည် အောက်တိုဘာ ၃၁ ရက် ညနေပိုင်းတွင် ခရီးသွားများ ဝင်ရောက်မှုအား ရပ်တန့်ခဲ့ပြီး ကပ်ရောဂါကာကွယ်ထိန်းချုပ်ရေး ရည်ရွယ်ချက်အတွက် ယာယီပိတ်ထားခဲ့ကြောင်း သိရသည်။ (Xinhua)

——————————————–
(Chinese Version)
Shanghai Disney Resort to resume operations after temporary closure

SHANGHAI, Nov. 3 (Xinhua) — Shanghai Disneyland and Disneytown will resume operations Wednesday after a temporary closure for COVID-19 control, the facility said in a statement on Tuesday.
All cast members and third-party employees returning to work in the resort have completed two nucleic acid tests within 48 hours, with all results negative. All environmental samples collected have also tested negative, according to the statement.

The resort will continue to implement enhanced health and safety measures and enforce strict health and safety measures for all tourists, it said.
The site stopped tourist entry on Sunday evening and was temporarily closed for the purpose of epidemic prevention and control. ■
Photo – Photo taken on Nov. 1, 2021 shows the temporarily closed Shanghai Disney Resort in east China’s Shanghai. (Xinhua/Ding Ting)