Connect with us

China

ရှန်ဟိုင်း မြေအောက်ရထားလိုင်းက ကမ္ဘာ့အရှည်ဆုံးရထားလမ်း ဖြစ်လာ

တရုတ်နိုင်ငံ အရှေ့ပိုင်း ရှန်ဟိုင်းမြို့ရှိ ရှန်ဟိုင်း မြေအောက်ရထားလိုင်း အမှတ် ၁၈ ၏ လမ်းပိုင်းတစ်ခုတွင် အေးမြသောအခြေအောက် အနေရထားစမ်းသပ်ပြေးဆွဲမှုတွင် ပါဝင်သော နည်းပညာရှင်များအား ဧပြီ ၂၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ရှန်ဟိုင်း၊ ဒီဇင်ဘာ ၂၉ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့ရှိ မြေအောက်ရထားလမ်းကွန်ရက်၏ မြေအောက်ရထားလိုင်းအသစ် နှစ်လိုင်းသည် ဒီဇင်ဘာ ၃၀ ရက်၌ လုပ်ငန်းစတင်လည်ပတ်ခြင်းနှင့်အတူ ရထားလမ်းကွန်ရက် စုစုပေါင်းအရှည်သည် ၈၃၁ ကီလိုမီတာအထိ တိုးချဲ့သွားမည်ဖြစ်ကာ ကမ္ဘာပေါ်တွင် အရှည်ဆုံးဖြစ်လာမည်ဖြစ်ကြောင်း ရှန်ဟိုင်း မြေအောက်ရထားစနစ်အရ သိရသည်။

အဆိုပါ ရထားလမ်းအသစ်နှစ်လိုင်း ဖွင့်လှစ်ခြင်းသည် ရှန်ဟိုင်းမြို့ရှိ အပြည့်အဝ အလိုအလျောက်လည်ပတ်သော မြေအောက်ရထားလိုင်း အရေအတွက်ကို စုစုပေါင်း ၅ ခုအထိ ရှိလာစေမည်ဖြစ်ကာ ပြေးဆွဲသည့်ရထားလမ်းအရှည် ၁၆၇ ကီလိုမီတာရှိပြီး ပထမဆုံးအကြိမ်အဖြစ် ကမ္ဘာပေါ်တွင် ပထမအဆင့် ဖြစ်လာကြောင်း ရှန်ဟိုင်း မြေအောက်ရထားစနစ်က ဆိုသည်။

လည်ပတ်နေသောလမ်းအရှည် ၃၈ ကီလိုမီတာနှင့်အတူ လိုင်းအသစ် ၁၄ လိုင်းသည် ရှန်ဟိုင်းမြို့တွင် ပထမဆုံး အပြည့်အဝ အလိုအလျောက်ပြေးဆွဲနိုင်သော မြေအောက်ရထားလိုင်းဖြစ်သည်။ ဘူတာရုံ ၃၁ ခုဖြင့် အဆိုပါ ရထားလိုင်းသည် ရှန်ဟိုင်းမြို့ပြတွင် ရေပြင်ညီပင်မလမ်းကြောင်းတစ်ခု ဖြစ်လာမည်ဟု မျှော်မှန်းထားကြောင်း သိရသည်။ (Xinhua)

——————————–
(English Version)
Shanghai metro solidifies status as world’s longest
Source: Xinhua
Editor: huaxia
2021-12-29 08:52:10

SHANGHAI, Dec. 29 (Xinhua) — With two new metro lines set to go into operation on Dec. 30, the total length of Shanghai’s metro network will extend to 831 km, continuing to be the longest in the world, according to Shanghai Metro.
The opening of the two new lines will bring the total number of fully automatic metro lines in Shanghai to five, with an operating length of 167 km, ranking first in the world for the first time, Shanghai Metro said.
The new Line 14 with an operating length of 38 km is the first fully automatic metro line in Shanghai. With 31 stations, it is expected to serve as a horizontal artery in the metropolis. ■
Photo : Technicians take part in the cold-running test at a section of Shanghai Metro Line 18 in east China’s Shanghai, April 26, 2021. (Xinhua/Fang Zhe)