Connect with us

Politics, Law & Military

ရှီနှင့် ထောင်လွန်းတို့ တရုတ်-လာအို ရထားလမ်းဖွင့်ပွဲတက်ရောက်

ပေကျင်း၊ ဒီဇင်ဘာ ၄ ရက် (ဆင်ဟွာ)

တရုတ်ကွန်မြူနစ်ပါတီ (CPC) ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးချုပ်နှင့် တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန် (Xi Jinping ) သည် လာအိုပြည်သူ့တော်လှန်ရေးပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးချုပ်နှင့် သမ္မတဖြစ်သူ ထောင်လွန်း ဆီဆုလစ် (Thongloun Sisoulith) နှင့်အတူ တရုတ်-လာအို ရထားလမ်းဖွင့်ပွဲအခမ်းအနားသို့ ဒီဇင်ဘာ ၃ ရက်တွင် ဗီဒီယိုလင့်ခ်မှ တဆင့် တက်ရောက်ခဲ့ကြောင်း သိရသည်။

တရုတ်ကွန်မြူနစ်ပါတီ (CPC) ၊ တရုတ်အစိုးရနှင့် တရုတ်ပြည်သူများကိုယ်စား ရှီက တရုတ်-လာအို မီးရထားလမ်းဖွင့်ပွဲအတွက် ဂုဏ်ပြုစကား ပြောကြားပြီး နှစ်နိုင်ငံမှ ရထားလမ်းဖောက်လုပ်သူများအား ကြိုဆိုဂုဏ်ပြုပါကြောင်း ပြောကြားခဲ့သည်။

“၂၀၁၅ ခုနှစ်မှာ ကျွန်တော် အနေနဲ့ လာအိုခေါင်းဆောင်တွေနဲ့အတူ တရုတ်-လာအို မီးရထားလမ်းကို ပူးတွဲတည်ဆောက်ဖို့ အဓိက ဆုံးဖြတ်ချက်ကိုချခဲ့ပါတယ်” ဟု ရှီက ပြောကြားခဲ့သည်။

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးချုပ်နှင့် သမ္မတရှီကျင့်ဖိန်(Xi Jinping )နှင့် လာအိုပြည်သူ့တော်လှန်ရေးပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးချုပ်နှင့် သမ္မတဖြစ်သူ ထောင်လွန်း ဆီဆုလစ် (Thongloun Sisoulith) တို့ ၂၀၂၁ခုနှစ်၊ ဒီဇင်ဘာ ၃ ရက်တွင် ဗီဒီယိုလင့်ခ်မှတစ်ဆင့် တရုတ်-လာအို မီးရထားလမ်းဖွင့်ပွဲသို့ တက်ရောက်စဉ် (ဆင်ဟွာ)

တည်ဆောက်မှုစတင်ချိန်မှစပြီး ငါးနှစ်အတွင်း တရုတ်နှင့်လာအိုနိုင်ငံတို့သည် အတူတကွ ကြိုးပမ်းဆောင်ရွက်ခဲ့ကြပြီး နီးကပ်စွာပူးပေါင်းဆောင်ရွက်ခဲ့ကြကာ အရည်အသွေးမြင့်မားသော ဆောက်လုပ်ရေးလုပ်ငန်းများကို မြင့်မားသောအဆင့်အတန်းနှင့် ပြီးမြောက်စေကာ လက်တွေ့ကျသော လုပ်ဆောင်ချက်တစ်ခုဖြစ်သည့် တရုတ်-လာအို ကံကြမ္မာအကျိုးတူအသိုက်အဝန်း စိတ်ဓာတ်ကို ပြသခဲ့ကြောင်း နှင့် ကြီးမားသော လုပ်ငန်းများကို ပြီးမြောက်အောင်မြင်စေရန် အရင်းအမြစ်များကို အာရုံစိုက်ခြင်းက နှစ်နိုင်ငံ၏ ဆိုရှယ်လစ်စနစ်၏ အထူးအားသာချက်များဖြစ်ကြောင်း သိရသည်။

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးချုပ်နှင့်သမ္မတဖြစ်သူ ရှီကျင့်ဖိန် (Xi Jinping)သည် လာအိုပြည်သူ့တော်လှန်ရေးပါတီ ဗဟိုကော်မတီအထွေထွေအတွင်းရေးမှူးချုပ်နှင့် သမ္မတဖြစ်သူ ထောင်လွန်း ဆီဆုလစ် (Thongloun Sisoulith) နှင့် တရုတ်နိုင်ငံ မြို့တော် ပေကျင်းမြို့၌ ဗီဒီယိုလင့်ခ်မှ တဆင့် ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၃ ရက်တွင် တွေ့ဆုံစဉ် (ဆင်ဟွာ)

တရုတ်-လာအို မီးရထားလမ်းသည် နှစ်နိုင်ငံ အပြန်အလှန် အကျိုးကျေးဇူးရှိသော ပူးပေါင်းဆောင်ရွက်မှု၏ အဓိကကျသော စီမံကိန်းတစ်ခုဖြစ်ကြောင်း ရှီက ပြောကြားလျက် တရုတ်နိုင်ငံကူမင်းမြို့မှ တောင်တန်းသည် ဗီယင်ကျန်းအတွက် မြင့်မားတော့မည်မဟုတ်သလို လမ်းမှာလည်း ရှည်လျားတော့မည်မဟုတ်ကြောင်း ပြောကြားခဲ့သည်။

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးချုပ်နှင့်သမ္မတဖြစ်သူ ရှီကျင့်ဖိန် (Xi Jinping)သည် လာအိုပြည်သူ့တော်လှန်ရေးပါတီ ဗဟိုကော်မတီအထွေထွေအတွင်းရေးမှူးချုပ်နှင့် သမ္မတဖြစ်သူ ထောင်လွန်း ဆီဆုလစ် (Thongloun Sisoulith) နှင့် တရုတ်နိုင်ငံ မြို့တော် ပေကျင်းမြို့၌ ဗီဒီယိုလင့်ခ်မှ တဆင့် ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၃ ရက်တွင် တွေ့ဆုံစဉ် (ဆင်ဟွာ)

ရှီကျင့်ဖိန်က နှစ်နိုင်ငံအနေဖြင့် တရုတ်-လာအို နှစ်ဘက်စလုံးက မီးရထားလမ်းကို ဇွဲရှိရှိဖြင့် ကြိုးပမ်းအားထုတ်ရန်၊ ကောင်းစွာထိန်းသိမ်းရန်နှင့် လည်ပတ်ရန်နှင့် ရထားလမ်းတစ်လျှောက် ဒေသများ ကောင်းမွန်စွာဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ရန်နှင့် နှစ်နိုင်ငံပြည်သူများ အကျိုးစီးပွားအတွက် ရွှေရောင်လမ်းကြောင်းတစ်ခု ဖန်တီးရန် တိုက်တွန်းပြောကြားခဲ့သည်။

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးချုပ်နှင့် သမ္မတဖြစ်သူ ရှီကျင့်ဖိန် (Xi Jinping) က လာအိုပြည်သူ့တော်လှန်ရေးပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးချုပ်နှင့် သမ္မတဖြစ်သူ ထောင်လွန်း ဆီဆုလစ် (Thongloun Sisoulith) နှင့် တရုတ်နိုင်ငံ မြို့တော် ပေကျင်းမြို့၌ ဗီဒီယိုလင့်မှ တဆင့် ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၃ ရက်က တွေ့ဆုံစဉ် (ဆင်ဟွာ)

တရုတ်-လာအို ရထားလမ်းသည် အရည်အသွေးမြင့် ရပ်ဝန်းနှင့်ပိုးလမ်းမ ပူးပေါင်းဆောင်ရွက်မှု၏ အထင်ကရ စီမံကိန်းတစ်ခုဖြစ်ကြောင်း ရှီက ပြောကြားခဲ့သည်။ မကြာသေးမီနှစ်များအတွင်း မြင့်မားသောအဆင့်အတန်း၊ ရေရှည်တည်တံ့မှုနှင့် ပြည်သူများ၏အသက်မွေးဝမ်းကျောင်းတိုးတက်ရေး ရည်မှန်းချက်များဖြင့် တရုတ်နိုင်ငံသည် ရပ်ဝန်းနှင့် ပိုးလမ်းမ ပူးပေါင်းဆောင်ရွက်မှုအဆင့်ကို စဉ်ဆက်မပြတ် မြှင့်တင်ခဲ့ပြီး ပါဝင်ဆောင်ရွက်နေသော နိုင်ငံများအတွက် အပြန်အလှန်အကျိုးခံစားခွင့်နှင့် နှစ်ဦးနှစ်လက် အကျိုးရှိသော ရလဒ်ကောင်းများရရှိကာ ကမ္ဘာ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် နေရာသစ်များ ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။

တရုတ်နိုင်ငံသည် ပိုမိုနီးကပ်သော မိတ်ဖက်ဆက်ဆံရေးနှင့် လူသားမျိုးနွယ်အတွက် ကံကြမ္မာအကျိုးတူ အသိုက်အဝန်းတစ်ခု တည်ဆောက်ရေးကို အရှိန်မြှင့်ရန် လာအိုနိုင်ငံနှင့် ရပ်ဝန်းနှင့်ပိုးလမ်းမ လမ်းကြောင်းတစ်လျှောက်ရှိ အခြားနိုင်ငံများနှင့် လက်တွဲလုပ်ဆောင်သွားရန် ဆန္ဒရှိကြောင်း ရှီက ပြောကြားခဲ့သည်။

“လွန်ခဲ့တဲ့ ရက်အနည်းငယ်က တရုတ်နိုင်ငံ ရှန်ဟိုင်းမှာ ရထားလမ်းကို အဓိက သင်ယူခဲ့တဲ့ လာအို ကျောင်းသား အတော်များများဆီက ပူးတွဲစာတစ်စောင် ရခဲ့ပါတယ်။ သူတို့အနေနဲ့ တရုတ်-လာအို ရထားလမ်း လည်ပတ်ရေးနဲ့ ဖွံဖြိုးတိုးတက်ရေးအတွက် တရုတ်နိုင်ငံမှာ သူတို့သင်ကြားခဲ့ရတာတွေကို ပါဝင်ကူညီပေးမယ်လို့ ပြောထားတဲ့အတွက် ကျွန်တော့်အနေနဲ့ များစွာဝမ်းသာမိပါတယ်’’ ဟု တရုတ်သမ္မတက ဆိုသည်။

တရုတ်-လာအို ချစ်ကြည်ရေး၏ အနာဂတ်သည် လူငယ်များတွင် မူတည်နေကြောင်း၊ အပြန်အလှန် ချိတ်ဆက်မှုသည် ပြည်သူအချင်းချင်း ဆက်သွယ်မှုတွင် အမြစ်တွယ်လျက်ရှိကြာင်း ရှီက ပြောကြားခဲ့သည်။ “တရုတ်-လာအို ချစ်ကြည်ရေးလမ်းအတွက် အရည်အချင်းများအား ပိုမိုမြှင့်တင်ဖို့ တရုတ်နိုင်ငံက ဆန္ဒရှိပါတယ်” ဟု ရှီကဆိုသည်။

“ဒီနေ့ဟာ ဂုဏ်ယူစရာကောင်းတဲ့ အခိုက်အတန့်ဖြစ်ပြီး လာအို တိုင်းရင်းသားအားလုံးရဲ့ အိပ်မက်ဟာ နောက်ဆုံးတော့ အကောင်အထည် ပေါ်လာပါပြီ” ဟု ထောင်လွန်းကပြောကြားခဲ့ပြီး တရုတ်နိုင်ငံ၏ ပံ့ပိုးကူညီမှုအတွက် ကျေးဇူးတင်ရှိကြောင်း ၊ လာအိုအနေဖြင့် နောက်ဆုံးတွင် ရထားများမရှိသောနေ့ရက်များကို နှုတ်ဆက်ခဲ့ပြီး ခေတ်မီမီးရထားလမ်းတစ်ခုကို ပိုင်ဆိုင်ခဲ့ပြီဖြစ်ကြောင်း ပြောခဲ့သည်။

၎င်းရထားလမ်းသည် တရုတ်နိုင်ငံမှ အဆိုပြုထားသောရပ်ဝန်းနှင့်ပိုးလမ်းမဖော်ဆောင်မှု နှင့် လာအိုနိုင်ငံ၏ ကုန်းတွင်းပိတ်နိုင်ငံမှ ကုန်းတွင်းချိတ်ဆက်နိုင်ငံအဖြစ်သို့ ကူးပြောင်းရေး ဖွံ့ဖြိုးတိုးတက်မှုမဟာဗျူဟာတို့ကို ချိတ်ဆက်ထားခြင်းဖြစ်ကြောင်း၊ လာအိုနိုင်ငံ၏ ခေတ်မီအခြေခံအဆောက်အအုံများ တည်ဆောက်ရာတွင် အရေးပါသော သမိုင်းမှတ်တိုင်ဖြစ်ကြောင်း ယင်းရထားလမ်းသည် လာအိုနိုင်ငံ၏ စီးပွားရေးနှင့် လူမှုရေး ဖွံ့ဖြိုးတိုးတက်မှုကို များစွာ မြှင့်တင်ပေးမည်ဖြစ်ကြောင်း ထောင်လွန်း မှ ပြောကြားခဲ့ပါသည်။

နှစ်နိုင်ငံခေါင်းဆောင်များ၏ ကြိုးပမ်းအားထုတ်မှုနှင့် အဖွဲ့များအားလုံး၏ ပံ့ပိုးကူညီမှုများကြောင့် နှစ်ဖက်စလုံးသည် COVID-19 ကူးစက်ရောဂါကဲ့သို့သော စိန်ခေါ်မှုများနှင့် အခက်အခဲများစွာကို ကျော်ဖြတ်ခဲ့ကြပြီး စီမံကိန်းကို အောင်မြင်စွာ ပြီးမြောက်ခဲ့ပြီး အချိန်မီ စတင်နိုင်ခဲ့ကြောင်း ထောင်လွန်း က ဆိုသည်။

ယခုဆောင်ရွက်မှုက “အိမ်နီးချင်းကောင်း၊ မိတ်ဆွေကောင်း၊ ရဲဘော်ရဲဘက်ကောင်း၊ မိတ်ဖက်ကောင်း” စိတ်ဓာတ်နှင့် လာအိုနှင့် တရုတ်နိုင်ငံကြား ကံကြမ္မာအကျိုးတူအသိုက်အဝန်း၏ စိတ်ဓာတ်ကို ကွက်ကွက်ကွင်းကွင်း သရုပ်ဖော်ပြလိုက်ခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

လာအိုနိုင်ငံအနေဖြင့် လာအို-တရုတ် မီးရထားလမ်းကို ကောင်းမွန်စွာထိန်းသိမ်းရန်နှင့် လည်ပတ်နိုင်ရန် ၊ နှစ်နိုင်ငံနှင့် ဒေသတွင်းရှိ ပြည်သူများအတွက် ပိုမိုအကျိုးဖြစ်ထွန်းစေရန်နှင့် ဒေသတွင်း ကွန်ရက်ချိတ်ဆက်မှု၊ ဖွံ့ဖြိုးတိုးတက်မှုနှင့် သာယာဝပြောမှုကို မြှင့်တင်ရာတွင် အထောက်အကူဖြစ်စေရန် တရုတ်နိုင်ငံနှင့် လက်တွဲဆောင်ရွက်လိုကြောင်း ထောင်လွန်းကပြောကြားခဲ့သည်။

စုစုပေါင်းအရှည် ၁၀၃၅ ကီလိုမီတာရှိသည့် တရုတ်-လာအို မီးရထားလမ်းသည် တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ယူနန်ပြည်နယ် ကူမင်းမြို့နှင့် လာအိုမြို့တော် ဗီယင်ကျန်းမြို့ကို ဆက်သွယ်ထားသည့် ရထားလမ်းဖြစ်သည်။

တရုတ်နိုင်ငံ စံချိန်စံနှုန်းများ အသုံးပြုလျက် တရုတ်နိုင်ငံ၏ ရထားလမ်းကွန်ရက်နှင့် တိုက်ရိုက်ချိတ်ဆက်ထားပြီး နှစ်နိုင်ငံ ပူးပေါင်းတည်ဆောက်သည့် ပထမဆုံးသော ပြည်ပ ရထားလမ်းဖြစ်သည်။ အဆိုပါ ရထားလမ်းကြောင့် ကူမင်းမြို့မှ ဗီယင်ကျန်းမြို့သို့ ခရီးသွားကြာမြင့်ချိန်သည် ၁၀ နာရီခန့် ရှိမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)

—————————————-
(English Version)
Xi, Thongloun attend China-Laos Railway opening ceremony

BEIJING, Dec. 3 (Xinhua) — Xi Jinping, general secretary of the Communist Party of China (CPC) Central Committee and Chinese president, attended the opening ceremony of the China-Laos Railway with Thongloun Sisoulith, general secretary of the Lao People’s Revolutionary Party Central Committee and Lao president via video link Friday.
On behalf of the CPC, the Chinese government and the Chinese people, Xi extended congratulations on the opening of the China-Laos Railway and hailed the builders of the two countries.

“In 2015, I, together with Lao leaders, made a major decision to jointly build the China-Laos Railway,” Xi said.
In the five years since the start of construction, China and Laos have made concerted efforts and cooperated closely, and completed construction tasks at a high level and with high quality, a practical action that demonstrates the spirit of the China-Laos community of shared future, and the special advantages of the two countries’ socialist system in concentrating resources to accomplish large undertakings.

Calling China-Laos Railway a flagship project of mutually beneficial cooperation between the two countries, Xi said with the railway, the mountain from Kunming to Vientiane is no longer high and the road no longer long.

Xi called on both sides to make persistent efforts, maintain and operate the railway well, develop and construct well the areas along the line, and create a golden line for the benefit of the people of both countries.

Xi said the China-Laos Railway is a landmark project of high-quality Belt and Road cooperation. In recent years, with the goals of high standard, sustainability and improvement of people’s livelihood, China has continuously improved the level of Belt and Road cooperation, achieved mutual benefits and win-win results for participating countries, and opened up new space for the development of the world economy.

“China is willing to work with Laos and other countries along the route to speed up the building of a closer Belt and Road partnership and a community with a shared future for mankind,” said Xi.

“A few days ago, I received a joint letter from several Lao students who once majored in railway in China’s Shanghai. They said they would contribute what they had learned in China to the operation and development of the China-Laos Railway, and I am very happy about this,” said the Chinese president.
The future of China-Laos friendship lies in the youth, and interconnection is rooted in people-to-people communication, Xi said. “China is willing to cultivate more talent for the road of China-Laos friendship.”

“Today is a proud moment and the dream of all ethnic groups of Laos has finally come true,” Thongloun said, expressing gratitude to China for its support. Laos has finally bidden farewell to the days without trains and possessed a modern railway.

Calling the railway a bond docking the China-proposed Belt and Road Initiative with Laos’ development strategy to convert itself from a land-locked country to a land-linked country, and an important milestone in Laos’ modern infrastructure construction, Thongloun said the railway will greatly promote Laos’ national economic and social development.
Thanks to the efforts of the two countries’ leaders and support from all parties, the two sides have overcome many challenges and difficulties such as the COVID-19 pandemic, and successfully completed the project and put it into operation on time, he said.

This vividly demonstrates the spirit of “good neighbor, good friend, good comrade and good partner” and the community of shared future between Laos and China, he said.
Thongloun said the Lao side is willing to work with the Chinese side to maintain and operate the Laos-China Railway well, to bring more benefits to the people of the two countries and in the region, and contribute to promoting regional connectivity, development and prosperity.

The China-Laos Railway, with a total length of 1,035 km, connects Kunming in southwest China’s Yunnan Province with the Lao capital, Vientiane.
It is the first overseas railway jointly constructed and operated by the two countries, adopting Chinese standards, and directly linking to China’s railway network. Thanks to the railway, the travel time from Kunming to Vientiane will take about 10 hours. Enditem