Connect with us

Europe

လက်ဘနွန်နိုင်ငံဘေရွတ်မြို့တွင် ဆန္ဒပြရာမှ အဓိကရုဏ်းဖြစ်ပွားပြီး လူ ၈၄ ဦးဒဏ်ရာရ

ပုံစာ- လက်ဘနွန်ဆိပ်ကမ်းပေါက်ကွဲမှု တစ်နှစ်ပြည့် အထိမ်းအမှတ် ဘေရွတ်မြို့တော်၌ ဩဂုတ် ၄ ရက်က ဆန္ဒပြနေကြသူများအားတွေ့ရစဉ်(ဆင်ဟွာ)

ဘေရွတ် ၊ ဩဂုတ် ၅ ရက်(ဆင်ဟွာ)

လက်ဘနွန်နိုင်ငံ ဘေရွတ်ဆိပ်ကမ်းပေါက်ကွဲမှု တစ်နှစ်ပြည့် နှစ်ပတ်လည်နေ့တွင် ဆန္ဒပြချီတက်သူများ နှင့် ရဲတပ်ဖွဲအကြားဝင်များအကြား အဓိကရုဏ်းဖြစ်ပွားခဲ့ရာ လူပေါင်း ၈၄ ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း လက်ဘနွန်ကြက်ခြေနီအသင်းက ဩဂုတ် ၄ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်ဟု Elnashra အင်တာနက် ဝက်ဆိုက်စာမျက်နှာတွင် ဖော်ပြထားသည်။လက်ဘနွန်ပြည်သူထောင်ပေါင်းများစွာသည် ဘေရွတ်မြို့ မြို့လယ်ခေါင်ရှိ ပါလီမန်လွှတ်တော်အဆောက်အဦအနီးတွင် စုဝေးဆန္ဒထုတ်ဖော်ခဲ့ကြပြီး နိုင်ငံရေးကင်းလွတ်ခွင့်ဖယ်ရှားပေးရန် နှင့် ယင်ခင်နှစ်က ဘေရွတ်ဆိပ်ကမ်း၌ လူပေါင်း ၂၁၄ ဦး သေဆုံးကာ အခြား ၆,၀၀၀ ကျော်ထိခိုက်ဒဏ်ရာရခဲ့သည့် ပေါက်ကွဲမှုအား ပွင့်လင်းမြင်သာစွာ စုံစမ်းစစ်ဆေးပေးရန် ကြွေးကြော်တောင်းဆိုခဲ့ကြကြောင်း သိရသည်။

ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် တစ်နှစ်ကြာ လက်ရှိအချိန်ထိ အဆိုပါ ဘေရွတ်ဆိပ်ကမ်း၌ အမိုနီယံနိုက်ထရိတ်ဓာတုပစ္စည်းပမာဏ အများအပြား ဘေးကင်းလုံခြုံစွာ သိုလှောင်သိမ်းဆည်းခဲ့ခြင်းမရှိသည့် အမှုအခင်းအတွက် မည်သည့် အဆင့်မြင့်အရာရှိတစ်ဦးတစ်ယောက်မျှ အရေးယူမခံရခြင်းအပေါ် လက်ဘနွန်ပြည်သူများအကြား အမျက်ဒေါသထွက်နေကြပြီး တစ်ချိန်တည်းမှာပင် တိုင်းပြည်၌ ဘဏ္ဍာရေးစနစ်ပြိုလဲမှုဒဏ်ကြောင့် ယခုကဲ့သို့ ဆန္ဒပြပွဲအကြီးအကျယ်ပေါ်ပေါက်လာရခြင်းဖြစ်သည်။(Xinhua)

——————————————————–
(English Version)
84 injured as protests turn violent in Lebanon’s Beirut

BEIRUT, Aug. 4 (Xinhua) — The Lebanese Red Cross announced on Wednesday that 84 people were injured in clashes between the riot police and protesters during demonstrations in commemoration of the first anniversary of the Beirut port blasts, Elnashra news website reported.

Thousands of people took part in demonstrations near the parliament in Beirut downtown in demand for lifting political immunity and holding transparent investigation into the blasts which killed 214 people and wounded over 6,000 others.

One year after the disaster, caused by the unsafe storage of a huge quantity of ammonium nitrate at the port for years, no senior official has been held accountable so far, sparking anger among the Lebanese as their country also suffers from financial collapse.
People take part in a protest at the Port of Beirut, Lebanon, on Aug. 4, 2021. (Xinhua/Bilal Jawich)