Connect with us

Africa & Middle East

လက်ဘနွန်နိုင်ငံ၌ အစ္စရေးစပိုင်ကွန်ရက်ဟုသံသယရှိသော ကွန်ရက်၁၇ခုကို ဖြိုခွင်းခဲ့

လက်ဘနွန်အခြေစိုက် ကုလသမဂ္ဂယာယီတပ်ဖွဲ့ (UNIFIL) ၏ တပ်ဖွဲ့ဝင်များက ၂၀၂၀ပြည့်နှစ်၊ စက်တင်ဘာ ၃၀ ရက်တွင် လက်ဘနွန်နိုင်ငံ ဘေရွတ်ရှိ ဆိပ်ကမ်းပေါက်ကွဲမှုအတွင်း ပျက်စီးသွားသော ဧရိယာများကို စစ်ဆေးကြည့်ရှုနေစဉ် (ဆင်ဟွာ)

ဘေရွတ်၊ ဖေဖော်ဝါရီ ၁ ရက် (ဆင်ဟွာ)

လက်ဘနွန်လုံခြုံရေးတပ်ဖွဲ့များသည် မကြာသေးမီနှစ်များအတွင်း နိုင်ငံတစ်ဝန်း အကြီးမားဆုံး ဖြိုခွင်းမှုတစ်ခုအဖြစ် အစ္စရေးသူလျှိုကွန်ရက်ဟု သံသယရှိသော စပိုင်ကွန်ရက် ၁၇ ခုထက်မနည်းကို ဖြိုခွင်းနိုင်ခဲ့ကြောင်း နိုင်ငံပိုင်အမျိုးသားသတင်းအေဂျင်စီ (NNA) က ဇန်နဝါရီ ၃၁ ရက်တွင် ဖော်ပြခဲ့သည်။

အဆိုပါကွန်ရက်များသည် “ဒေသတွင်းနှင့် နယ်မြေအလိုက်’’ နှစ်ခုစလုံးတွင် လှုပ်ရှားနေသည် ဟု လက်ဘနွန်ပြည်ထဲရေးဝန်ကြီး Bassam Mawlawi ၏ ပြောကြားချက်ကို NNA က ကိုးကားဖော်ပြခဲ့သည်။
ဝန်ကြီးက ပြည်တွင်းလုံခြုံရေးတပ်ဖွဲ့များ ဆောင်ရွက်သည့် စစ်ဆင်ရေး သို့မဟုတ် ဖမ်းဆီးခံရသူ အရေအတွက်နှင့် ပတ်သက်၍ အသေးစိတ်ကို ပြောကြားခဲ့ခြင်း မရှိကြောင်း သိရသည်။

၂၀၂၂ ခုနှစ် နိုင်ငံတော် ဘဏ္ဍာငွေနှင့် အခြားကိစ္စရပ်များဆိုင်ရာ အစိုးရအဖွဲ့ အစည်းအဝေးတွင် Mawlawi က အဆိုပါ သဘောထားမှတ်ချက်ကို ပေးခဲ့ကြောင်း သိရသည်။

အစည်းအဝေးတွင် ဝန်ကြီးချုပ် Najib Mikati က ယင်းဖမ်းဆီးမှုများသည် “နိုင်ငံလုံခြုံရေးကို ထိပါးနှောင့်ယှက်ရန်နှင့် နိုင်ငံ၏ တည်ငြိမ်ရေးကို ထိခိုက်စေရန် ရည်ရွယ်သောလှုပ်ရှားမှုများ’’ ကို ဆန့်ကျင်တိုက်ဖျက်ရာတွင် အထောက်အကူ ဖြစ်စေခဲ့ကြောင်း ပြောကြားခဲ့သည်။ (Xinhua)

—————————-
(English Version)
Lebanon busts 17 suspected Israeli spy networks
BEIRUT, Jan. 31 (Xinhua) — Lebanon’s security forces busted at least 17 suspected Israeli spy networks in one of the largest nationwide crackdowns in recent years, state-run National News Agency (NNA) reported Monday.
Those networks operated both “locally and regionally,” Lebanese Interior Minister Bassam Mawlawi was quoted by NNA as saying.
The minister did not go into detail about the operation or the number of people arrested during the operation conducted by the Internal Security Forces.
Mawlawi made the remarks at a cabinet meeting to address the state budget for 2022 and other matters.
During the meeting, Prime Minister Najib Mikati said the arrests aided in the fight against “activities aimed at tampering with security and jeopardizing the country’s stability.” Enditem