Connect with us

North America

လက်ဘနွန်နိုင်ငံ မြောက်ပိုင်း ဒုတိယရက်မြောက် တောမီး ဆက်လက်လောင်ကျွမ်း

လက်ဘနွန်နိုင်ငံ မြောက်ပိုင်း Akkar ခရိုင်၌ လက်ဘနွန်မြို့ပြကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးမှ တောမီးငြှိမ်းသတ်နေမှုအား ၂၀၂၁ ခုနှစ်၊ ဇူလိုင် ၂၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဘေရွတ်၊ ဇူလိုင် ၃၀ရက် (ဆင်ဟွာ)

လက်ဘနွန်နိုင်ငံ မြောက်ပိုင်း Qoubaiyat ကျေးရွာတွင် အကြီးအကျယ် မီးလောင်ကျွမ်းမှုသည် ဒုတိယရက်မြောက်အဖြစ် ဆက်လက်လောင်ကျွမ်းလျက်ရှိကြောင်း ဒေသတွင်းမီဒီယာတစ်ခုတွင် ဇူလိုင် ၂၉ ရက်တွင် သတင်းဖော်ပြခဲ့သည်။

အဆိုပါ တောမီးလောင်ကျွမ်းမှုကြောင့် ဒေသခံနေထိုင်သူများက မီးငြှိမ်းသတ်ရန် ရေကားများ စုဆောင်းပေးခဲ့ကြောင်း၊ တချိန်တည်းမှာပင် လက်ဘနွန်နိုင်ငံ၏ မီးသတ်တပ်ဖွဲ့နှင့် စစ်တပ်တို့သည် လေပြင်းတိုက်၍ မီးရှိန်မြင့်တက်လျက်ရှိသော တောမီးအား ထိန်းချုပ်ရန် ကြိုးစားလျက်ရှိကြောင်း နိုင်ငံပိုင် National News Agency က သတင်းဖော်ပြခဲ့သည်။

ဇူလိုင် ၂၈ ရက်တွင် မီးစတင်ခဲ့သော မီးလောင်ကျွမ်းမှုကြောင့် လူ ၂ ဦးသေဆုံးခဲ့ပြီး ဒေသခံအများအပြားကိုလည်း ဘေးလွတ်ရာသို့ ပြောင်းရွှေ့ခဲ့ရကြောင်း သိရသည်။

လွန်ခဲ့သည့်နှစ်အနည်းငယ်က နွေရာသီအပူလှိုင်းများကြောင့် လက်ဘနွန်နိုင်ငံတစ်ဝန်း မကြာခဏ တောမီးလောင်ကျွမ်းမှု ပိုမိုဖြစ်လာခဲ့ပြီး ဒေသခံများ၏ ဘဝနှင့် စည်းစိမ်ဥစ္စာများအား ခြိမ်းခြောက်လျက်ရှိကြောင်း လက်ဘနွန်နိုင်ငံ ဒေသတင်းမီဒီယာတွင်ဖော်ပြချက်အရ သိရသည်။ (Xinhua)

———————————
(English Version)
Forest fire continues for 2nd day in northern Lebanon
BEIRUT, July 29 (Xinhua) — The massive fire that broke out in Lebanon’s northern village of Qoubaiyat is continuing to rage in the region for the second day, a local news outlet reported on Thursday.
The massive fire has engulfed large swathes of the area, causing residents to collect water tanks to help to extinguish the fire. Meanwhile, the country’s fire brigade and army are trying to control the fires fanned by a strong wind, the state-owned National News Agency reported.
Started on Wednesday, the fire has killed two people and caused many residents to evacuate.
For the past few years, fires have become more frequent across Lebanon during summer heatwaves, imposing threats to residents’ life and properties, according to Lebanon’s local media. Enditem