Connect with us

INTERNATIONAL ORGANIZATION

လက်ရှိကာကွယ်ဆေး၏ အားဖြည့်ကာကွယ်ဆေးများက လုံလောက်အုံးမည်မဟုတ်ကြောင်း WHO ပြော

ဂျီနီဗာ၊ ဇန်နဝါရီ ၁၂ ရက် (ဆင်ဟွာ)

အိုမီခရွန် (Omicron) အပါအဝင် ထပ်မံပေါ်ထွက်လာသော မျိုးဗီဇပြောင်းဗိုင်းရပ်စ်များအား ဆက်လက်ကာကွယ်ရန် ပံ့ပိုးမည်ဆိုပါက လက်ရှိ COVID-19 ကာကွယ်ဆေးများအား အဆင့်မြှင့်တင်ရဖွယ်ရှိကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ဇန်နဝါရီ ၁၁ ရက်တွင် ပြောကြားခဲ့သည်။လက်ရှိကာကွယ်ဆေးများသည် အထူးသတိပြုစောင့်ကြည့်ရမည့် မျိုးဗီဇပြောင်းဗိုင်းရပ်စ် (VOC) များကြောင့် ဖြစ်ပေါ်လာသည့် ရောဂါပြင်းထန်မှုနှင့် သေဆုံးမှုအား အဆင့်မြင့်ကာကွယ်မှုအတွက် ပံ့ပိုးပေးနိုင်သော်ငြားလည်း ရောဂါကူးစက်မှုနှင့် ပျံ့နှံ့မှုကို ကာကွယ်နိုင်ရန် အနာဂတ် ကာကွယ်ဆေးများ ဖော်ထုတ်ရန် လိုအပ်နေသေးကြောင်း ကျွမ်းကျင်ပညာရှင် ၁၈ ဦးပါဝင်သော WHO ၏ COVID-19 ကာကွယ်ဆေး ပေါင်းစပ်ဖွဲ့စည်းမှုဆိုင်ရာ နည်းပညာအကြံပေးအဖွဲ့က ပြောကြားခဲ့သည်။

တစ်ချိန်တည်းမှာပင် လက်ရှိ COVID-19 ကာကွယ်ဆေးများပေါင်းစပ်ဖွဲ့စည်းမှုသည် ဗိုင်းရပ်စ် ဆင့်ကဲပြောင်းလဲမှုအား ကာကွယ်ရန်အလို့ငှာ အဆင့်မြှင့်တင်ရန် လိုအပ်မည်ဖြစ်သည်။

ကျွမ်းကျင်ပညာရှင်များက COVID-19 ကာကွယ်ဆေးထုတ်လုပ်သူများအား လက်ရှိနှင့် အိုမီခရွန်အထူးပြု ကာကွယ်ဆေးများ၏ လုပ်ဆောင်ချက်ဆိုင်ရာ အချက်အလက်မျာ ပံ့ပိုးရန်၊ ကာကွယ်ဆေးပေါင်းစပ်မှု ပြောင်းလဲရေး ဆုံးဖြတ်ရာတွင် ကူညီရန် လိုအပ်မည်ဟု တိုက်တွန်းထားကြောင်း သိရသည်။

အိုမီခရွန် မျိုးဗီဇပြောင်းဗိုင်းရပ်စ်အား အလေးထားလျက် လက်ရှိ COVID-19 ကာကွယ်ဆေးများ ကမ္ဘာတစ်ဝန်း ကျယ်ကျယ်ပြန့်ပြန့် ရရှိရန်မှာ အရေးကြီးကြောင်း ကျွမ်းကျင်ပညာရှင်များက အလေးထားပြောကြားခဲ့သည်။ (Xinhua)

#WHO, #COVID_19, #Omicron, #Vaccine, #Xinhua, #Myanmar, #XinhuaMyanmar, #တရုတ်, #အိုမီခရွန်, #ကာကွယ်ဆေး, #ဆင်ဟွာ, #မြန်မာ, #ဆင်ဟွာမြန်မာ
——————————————
(English Version)

Booster doses of current vaccines may not be enough: WHO

Source: Xinhua

Editor: huaxia

2022-01-12 04:07:26

GENEVA, Jan. 11 (Xinhua) — The World Health Organization (WHO) said Tuesday that current COVID-19 vaccines may need to be updated if they are to provide continued protection against emerging variants, including Omicron.

WHO’s Technical Advisory Group on COVID-19 Vaccine Composition (TAG-CO-VAC), a group of 18 experts, said that although current vaccines provide a high level of protection against severe disease and death caused by Variants Of Concern (VOC), future vaccines that can prevent infection and transmission need to be developed.

In the meantime, the composition of current COVID-19 vaccines may need to be updated in order to protect against the evolution of the virus.
The experts have encouraged COVID-19 vaccine manufacturers to provide data on the performance of current and Omicron-specific vaccines, to help decide when changes to vaccine composition may be required.

Regarding the current Omicron variant, the experts emphasized the importance of wider global access to current COVID-19 vaccines. ■
Photo : Photo taken on March 30, 2021 shows an exterior view of the headquarters of the World Health Organization (WHO) in Geneva, Switzerland. The WHO released a report on Tuesday following a joint research with China on the global tracing of COVID-19 origins. (Xinhua/Chen Junxia)