Connect with us

Africa & Middle East

လစ်ဗျားနိုင်ငံက ကွယ်လွန်ပြီးသော ခေါင်းဆောင်ဟောင်း ကဒါဖီ၏ သားဖြစ်သူကို ပြန်လွှတ်ပေး

လစ်ဗျားနိုင်ငံ၏ ကွယ်လွန်ပြီးသောခေါင်းဆောင် ဟောင်း ကဒါဖီ၏ သားဖြစ်သူ Saadi Gaddafi အား တွေ့ရစဉ်(ဓာတ်ပုံ - အင်တာနက်)

ထရီပိုလီ ၊ စက်တင်ဘာ ၆ ရက်(ဆင်ဟွာ)

လစ်ဗျားနိုင်ငံ တာဝန်ရှိသူများက ၂၀၁၁ ခုနှစ်တွင် ဖြုတ်ချခံရပြီး သေဆုံးသွားသည့် ခေါင်းဆောင် မွမ်မာကဒါဖီ၏ သားဖြစ်သူ Saadi Gaddafi အား စက်တင်ဘာ ၅ ရက်တွင် ပြန်လွှတ်ပေးခဲ့ကြောင်း သိရသည်။

ရှေ့နေချုပ်ရုံးမှ သတင်းအရင်းအမြစ်တစ်ခုအရ ၂၀၀၅ ခုနှစ်တွင် လစ်ဗျားအမျိုးသားဘောလုံးအသင်းမှ ကစားသမား နှင့် နည်းပြတို့အား သတ်ဖြတ်မှုတွင် ပါဝင်ပတ်သတ်သည်ဟူသော စွပ်စွဲချက်ဖြင့် တရားရင်ဆိုင်နေရသည့် Saadi အား လွှတ်ပေးလိုက်ခြင်းဖြစ်ကြောင်း ဆင်ဟွာသို့ အတည်ပြုခဲ့သည်။

ဒေသတွင်းမီဒီယာ၏ ဖော်ပြမှုအရ Saadi သည် လွတ်မြောက်ပြီးပြီးခြင်းမှာပင် တူရကီသို့ထွက်ခွါခဲ့ပြီး မိသားစုဝင်အချို့နှင့် ဆုံဆည်းရန် အီဂျစ်နိုင်ငံသို့ ထွက်ခွါရန် စီစဉ်ထားကြောင်း သိရသည်။

၂၀၁၁ ခုနှစ် စက်တင်ဘာလတွင် Saadi သည် ၎င်း၏ ဖခင် မကျဆုံးခင် နိုင်ဂျာနိုင်ငံသို့ ထွက်ပြေးခဲ့သည်။

နိုင်ဂျာနိုင်ငံက ပထမတွင် လူသားချင်းစာနာထောက်ထားမှုအကြောင်းပြချက်များဖြင့် Saadi အား ခိုလှုံခွင့်ပြုခဲ့သော်လည်း ၂၀၁၄ ခုနှစ်တွင် လစ်ဗျားနိုင်ငံသို့ ပြန်လည်လွှဲပြောင်းပေးခဲ့ကြောင်း လစ်ဗျားနိုင်ငံ တာဝန်ရှိသူများ၏ ပြောကြားချက်အရ သိရသည်။ (Xinhua)

———————————–
(English Version)
Libya frees late leader Gaddafi’s son
TRIPOLI, Sept. 5 (Xinhua) — The Libyan authorities on Sunday released Saadi Gaddafi, son of the country’s late leader Muammar Gaddafi, who was ousted and killed in 2011.
A source in the Attorney General’s office confirmed to Xinhua that Saadi, who was on trial for his alleged involvement in the murder of a football player and coach of the Libyan national team in 2005, was released.
According to local media, Saadi flew to Turkey shortly after his release, with plans to leave for Egypt to join some of his family members.
In September 2011, Saadi fled to Niger shortly before the fall of his father.
Niger first granted him asylum for “humanitarian reasons,” but handed Saadi over to Libya in 2014, according to the Libyan authorities. Enditem