Connect with us

Africa & Middle East

လစ်ဗျားနိုင်ငံဝန်ကြီးချုပ်က လက်နက်ကိုင်ပဋိပက္ခအား ပယ်ချကြောင်း အလေးပေးပြောကြား

လစ်ဗျားနိုင်ငံ ဝန်ကြီးချုပ် Abdul-Hamid Dbeibah က ထရီပိုလီမြို့၌ ဇန်နဝါရီ ၂၃ ရက်တွင် ပြုလုပ်သည့် စစ်သင်တန်းဆင်းပွဲအခမ်းအနားတွင် မိန့်ခွန်း ပြောကြားနေစဉ်(ဆင်ဟွာ)

ထရီပိုလီ ၊ ဇန်နဝါရီ ၂၄ ရက်(ဆင်ဟွာ)

လစ်ဗျားနိုင်ငံ ဝန်ကြီးချုပ် Abdul-Hamid Dbeibah က နိုင်ငံအတွင်း မည်သည့်လက်နက်ကိုင်ပဋိပက္ခကိုမဆို ပယ်ချကြောင်း ဇန်နဝါရီ ၂၃ ရက်တွင် အလေးအနက်ပြောကြားလိုက်သည်။

ယင်းမှတ်ချက်အား ဝန်ကြီးချုပ်က ထရီပိုလီမြို့၌ ပြုလုပ်သည့် စစ်သင်တန်းဆင်းပွဲအခမ်းအနားတစ်ခုတွင် ပြောကြားခဲ့ခြင်း ဖြစ်ကြောင်း အစိုးရ၏ ပြန်ကြားရေးရုံးက ထုတ်ပြန်သည့် ကြေညာချက်တွင် ဖော်ပြထားသည်။

လစ်ဗျားနိုင်ငံ ထရီပိုလီမြို့၌ ဇန်နဝါရီ ၂၃ ရက်တွင် ပြုလုပ်သည့် စစ်သင်တန်းဆင်းပွဲအခမ်းအနားတွင် ချီတက်မှုတွင် ပါဝင်ကြသည့် စစ်သားများအား တွေ့ရစဉ်(ဆင်ဟွာ)

လစ်ဗျားနိုင်ငံ ထရီပိုလီမြို့၌ ဇန်နဝါရီ ၂၃ ရက်တွင် ပြုလုပ်သည့် စစ်သင်တန်းဆင်းပွဲအခမ်းအနားတွင် စစ်သားများက ၎င်းတို့၏ စွမ်းရည်များ ပြသနေစဉ်(ဆင်ဟွာ)

လစ်ဗျားနိုင်ငံ ထရီပိုလီမြို့၌ ဇန်နဝါရီ ၂၃ ရက်တွင် ပြုလုပ်သည့် စစ်သင်တန်းဆင်းပွဲအခမ်းအနားတွင် စစ်သားများက ၎င်းတို့၏ စွမ်းရည်များ ပြသနေစဉ်(ဆင်ဟွာ)

လစ်ဗျားနိုင်ငံ ထရီပိုလီမြို့၌ ဇန်နဝါရီ ၂၃ ရက်တွင် ပြုလုပ်သည့် စစ်သင်တန်းဆင်းပွဲအခမ်းအနားတွင် စစ်သားများက ၎င်းတို့၏ စွမ်းရည်များ ပြသနေစဉ်(ဆင်ဟွာ)

လစ်ဗျားနိုင်ငံ ထရီပိုလီမြို့၌ ဇန်နဝါရီ ၂၃ ရက်တွင် ပြုလုပ်သည့် စစ်သင်တန်းဆင်းပွဲအခမ်းအနားတွင် စစ်သားများက ၎င်းတို့၏ စွမ်းရည်များ ပြသနေစဉ်(ဆင်ဟွာ)

ဝန်ကြီးချုပ်က တည်ငြိမ်မှု ရရှိရေး ၊ နိုင်ငံ၏ လူမှုဘဝတိုးတက်မှုကို ကာကွယ်ရေး နှင့် စစ်ပွဲအား ပယ်ချရေးအတွက် အမျိုးသားညီညွှတ်ရေးအစိုးရအဖွဲ့၏ ကတိကဝတ်အား အလေးအနက်ပြောကြားခဲ့ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။

ဝန်ကြီးချုပ်က စစ်သည်တော်များအတွက် ဂုဏ်ယူကြောင်းလည်း ပြောကြားခဲ့ပြီး ယင်းစစ်သည်တော်များသည် နိုင်ငံအား ကာကွယ်ပေးသူများ ဖြစ်မည်ဟု အတည်ပြုခဲ့ကြောင်း ကြေညာချက်တွင် ထည့်သွင်းဖော်ပြထားသည်။

လစ်ဗျားနိုင်ငံ ဝန်ကြီးချုပ် Abdul-Hamid Dbeibah ၏ အစိုးရအဖွဲ့အား ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလတွင် ကုလသမဂ္ဂက ကမကထပြုလုပ်သည့် လစ်ဗျားနိုင်ငံရေးဆွေးနွေးမှုဖိုရမ်(LPDF) က ရွေးချယ်တင်မြှောက်ခဲ့ပြီး နိုင်ငံအတွင်း နှစ်ပေါင်းများစွာ နိုင်ငံရေးအကွဲအပြဲကို အဆုံးသတ်ခဲ့ကြောင်း သိရသည်။ (Xinhua)

———————————————-
(English Version)
Libyan PM stresses rejection of armed conflict
TRIPOLI, Jan. 23 (Xinhua) — Libyan Prime Minister Abdul-Hamid Dbeibah stressed on Sunday his rejection of any armed conflict in the country.
Dbeibah made his remarks during a graduation ceremony of soldiers in the capital Tripoli, said a statement issued by the government’s information office.
“The prime minister stressed the commitment of the Government of National Unity to achieve stability, defend the civilian nature of the country, and reject war,” the statement said.
“He also expressed pride (of the soldiers) and confirmed that they will be the protectors of the country,” the statement added.
Dbeibah’s government was selected by the UN-sponsored Libyan Political Dialogue Forum (LPDF) in February 2021, ending years of political division in Libya. ■
Photo 1 – Libyan Prime Minister Abdul-Hamid Dbeibah (C) speaks during a graduation ceremony of soldiers in Tripoli, Libya, on Jan. 23, 2022. Libyan Prime Minister Abdul-Hamid Dbeibah stressed on Sunday his rejection of any armed conflict in the country. Dbeibah made his remarks during the graduation ceremony of soldiers in Tripoli, said a statement issued by the government’s information office. (Photo by Hamza Turkia/Xinhua)
Photo 2 – Soldiers take part in a parade during a graduation ceremony in Tripoli, Libya, on Jan. 23, 2022. Libyan Prime Minister Abdul-Hamid Dbeibah stressed on Sunday his rejection of any armed conflict in the country. Dbeibah made his remarks during the graduation ceremony of soldiers in Tripoli, said a statement issued by the government’s information office. (Photo by Hamza Turkia/Xinhua)
Photo 3 – Soldiers show their skills during a graduation ceremony in Tripoli, Libya, on Jan. 23, 2022. Libyan Prime Minister Abdul-Hamid Dbeibah stressed on Sunday his rejection of any armed conflict in the country. Dbeibah made his remarks during the graduation ceremony of soldiers in Tripoli, said a statement issued by the government’s information office. (Photo by Hamza Turkia/Xinhua)
Photo 4 – Soldiers show their skills during a graduation ceremony in Tripoli, Libya, on Jan. 23, 2022. Libyan Prime Minister Abdul-Hamid Dbeibah stressed on Sunday his rejection of any armed conflict in the country. Dbeibah made his remarks during the graduation ceremony of soldiers in Tripoli, said a statement issued by the government’s information office. (Photo by Hamza Turkia/Xinhua)
Photo 5 – Soldiers show their skills during a graduation ceremony in Tripoli, Libya, on Jan. 23, 2022. Libyan Prime Minister Abdul-Hamid Dbeibah stressed on Sunday his rejection of any armed conflict in the country. Dbeibah made his remarks during the graduation ceremony of soldiers in Tripoli, said a statement issued by the government’s information office. (Photo by Hamza Turkia/Xinhua)
Photo 6 – Soldiers show their skills during a graduation ceremony in Tripoli, Libya, on Jan. 23, 2022. Libyan Prime Minister Abdul-Hamid Dbeibah stressed on Sunday his rejection of any armed conflict in the country. Dbeibah made his remarks during the graduation ceremony of soldiers in Tripoli, said a statement issued by the government’s information office. (Photo by Hamza Turkia/Xinhua)