Connect with us

Asia

လာအိုနိုင်ငံက COVID-19 ရောဂါအတွက် ဆေးဖက်ဝင်ပရဆေးများအား ဆေးတောင့်ပုံစံဖြင့် ထုတ်လုပ်ရန်ရှိ

ဗီယင်ကျန်း၊ စက်တင်ဘာ ၈ ရက် (ဆင်ဟွာ)

လာအိုနိုင်ငံရှိ ဆေးဝါးထုတ်လုပ်သူများက COVID-19 ရောဂါအတွက် ဆေးဖက်ဝင်ပရဆေးများအား ဆေးတောင့်ပုံစံဖြင့် ထုတ်လုပ်မှုစတင်ရန်ရှိကြောင်း သိရသည်။လာအိုနိုင်ငံ တိုင်းရင်းဆေးဝါး အင်စတီကျု (ITM) က ဆေးဖက်ဝင်ပရဆေးများကို ဆေးတောင့်ပုံစံဖြင့် ထုတ်လုပ်ခြင်းလုပ်ငန်းစဉ် ရောက်ရှိနေပြီဖြစ်ကြောင်း၊ ယခုအခါ ယင်းမှာ COVID-19 ရောဂါကူးစက်ခံရသူ လူနာများအား ကုသရန် အသုံးပြုနေပြီဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနအောက်ရှိ ကူးစက်ရောဂါထိန်းချုပ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် Rattanaxay Phetsouvanh က မြို့တော် ဗီယင်ကျန်းတွင် စက်တင်ဘာ ၇ ရက်က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။

“လာအိုမှာရှိတဲ့ ကျန်းမာရေးဝန်ထမ်းတွေက Champasak နဲ့ Savannakhet ပြည်နယ်တွေမှာ ဆေးဖက်ဝင်ပရဆေးတွေ အသုံးပြုပြီး COVID-19 လူနာ ၄၅၀ ခန့်ကို ကုသပေးနေပါပြီ” ဟု Rattanaxay က ပြောခဲ့သည်။

“ဆေးဖက်ဝင် ပရဆေးများမှာ အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါများ အထူးသဖြင့် COVID-19 ရောဂါ ကုသရေးတွင် ထိရောက်မှုရှိတာကို တွေ့မြင်ရပြီးဖြစ်ပါတယ်” ဟု ၎င်းက ဖြည့်စွက်ပြောခဲ့သည်။

လာအိုနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနက စက်တင်ဘာ ၇ ရက် ထုတ်ပြန်ထားချက်အရ ပြည်ပမှ COVID-19 ရောဂါကူးစက်မှု ၂၂၁ ဦးထပ်မံတွေ့ရှိခဲ့ပြီး ဒေသတွင်းကူးစက်မှုအသစ် ၈၆ ဦးရှိခဲ့ကာ စုစုပေါင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု ၁၆,၃၆၅ ဦးရှိပြီဖြစ်ကြောင်း သိရသည်။

ကပ်ရောဂါမှ ပြန်လည်သက်သာလာပြီး ဆေးရုံမှပြန်လည်ဆင်းခွင့်ရသူ စုစုပေါင်း COVID-19 လူနာ ၁၁,၃၃၀ ဦးရှိပြီဖြစ်ကြောင်း သိရသည်။

လာအိုနိုင်ငံတွင် ပထမဆုံး COVID-19 အတည်ပြုလူနာနှစ်ဦးကို ပြီးခဲ့သည့်နှစ် မတ် ၂၄ ရက်က သတင်းထုတ်ပြန်ခဲ့သည်။ (Xinhua)

#Laos, #COVID_19, #HerbalTreatment, #CapsuleForm, #Xinhua, #Myanmar, #XinhuaMyanmar, #လာအို, #ဆေးဘက်ဝင်ပရဆေးကုသမှု, #ဆေးတောင့်ပုံစံ, #ဆင်ဟွာ
…………………………………………

(English Version)

Laos to produce herbal treatments for COVID-19 in capsule form

VIENTIANE, Sept. 8 (Xinhua) — Pharmaceutical producers in Laos are to begin the production of herbal treatments for COVID-19 in capsule form.

Director General of the Department of Communicable Disease Control under the Lao Ministry of Health, Rattanaxay Phetsouvanh, told a press conference in Lao capital Vientiane on Tuesday that Laos’ Institute of Traditional Medicine (ITM) has researched the process of producing herbal medications in capsule form, which are now being used to treat patients infected with COVID-19.
“Medical personnel in Laos are already treating some 450 COVID-19 patients using herbal medicine capsules in the provinces of Champasak and Savannakhet,” said Rattanaxay.
“Herbal medicine has been seen to be effective in the treatment of respiratory diseases, particularly the COVID-19,” he added.

The Lao Ministry of Health on Tuesday reported 221 more imported COVID-19 cases and 86 new locally transmitted cases, bringing the total number of coronavirus infections to 16,365.
A total of 11,330 COVID-19 patients have recovered from the pandemic and been discharged from hospitals.

Laos reported its first two confirmed cases of COVID-19 on March 24 last year. Enditem
Photo : People register for China’s Sinopharm COVID-19 vaccines at a vaccination center in Vientiane, Laos, June 17, 2021. Laos has arranged for the administering of China’s COVID-19 vaccines nationwide, which have fully proved their safety and efficacy, Lao People’s Revolutionary Party (LPRP) central committee politburo member, Deputy Prime Minister and Chairman of the National Taskforce Committee for COVID-19 Prevention and Control Kikeo Khaykhamphithoune said. (Photo by Kaikeo Saiyasane/Xinhua)