Connect with us

Asia

လာအိုနိုင်ငံ၌ အကျဉ်းထောင်တွင်း COVID-19 ရောဂါဖြစ်ပွားမှုကြောင့် ရောဂါ ဖြစ်ပွားသူ မြင့်တက်လာ

လာအိုနိုင်ငံ ဗီယင်ကျန်းမြို့၌ ဇွန် ၁၉ ရက်တွင် နှာခေါင်းစည်း တပ်ဆင်သွားလာနေသည့် ဆိုင်ကယ်မောင်းနှင်သူ တစ်ဦးအား တွေ့ရစဉ်(ဆင်ဟွာ)

ဗီယင်ကျန်း ၊ ဩဂုတ် ၂၃ ရက်(ဆင်ဟွာ)

လာအိုနိုင်ငံ တောင်ပိုင်း Savannakhet ပြည်နယ်သည် ပြီးခဲ့သော ရက်အနည်းငယ်အတွင်း ပြည်တွင်းရောဂါကူးစက်မှု ၁၀၀ ကျော်နှင့်အတူ COVID-19 ရောဂါဖြစ်ပွားမှုများသည် မြင့်တက်လာခဲ့ကြောင်း ၊ အများစုမှာ အကျဉ်းသားများ ဖြစ်ကြောင်း သိရသည်။

အဆိုပါ အကျဉ်းသားများသည် အကျဉ်းထောင်၌ လုပ်ကိုင်နေသော အရာရှိတစ်ဦးထံမှ ဗိုင်းရပ်စ်ပိုး ကူးစက်ခံရသည်ဟု ယူဆရကြောင်း ပြည်နယ် ဒုတိယအုပ်ချုပ်ရေးမှူး နှင့် COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေး ပြည်နယ်အဆင့် လုပ်ငန်းအဖွဲ့ အကြီးအကဲ ဖြစ်သူ Lingthong Sengtavan က ပြောကြားခဲ့သည်ဟု ဒေသတွင်း နေ့စဉ်ထုတ် Vientiane Times သတင်းစာက ဩဂုတ် ၂၃ ရက်တွင် ဖော်ပြမှုအရ သိရသည်။

ပြည်နယ်တာဝန်ရှိသူများက အကျဉ်းသားများအတွက် Quarantine စင်တာတစ်ခုအား တည်ဆောက်ခဲ့ပြီး ဗိုင်းရပ်စ်ရောဂါပိုး ကူးစက်ခံရခြင်း မရှိသူများအား အခြားနေရာသို့ ရွှေ့ပြောင်းပေးခဲ့ကြောင်း သိရသည်။

အကျဉ်းထောင်ဝန်ထမ်းများသည် ဗိုင်းရပ်စ်ပိုး ထပ်မံပြန့်နှံမှုကို ကာကွယ်ရန် COVID-19 လုပ်ငန်းအဖွဲ့က သတ်မှတ်ထားသည့် အစီအမံများအား လိုက်နာရမည် ဖြစ်ကြောင်း ပြည်နယ် ဒုတိယအုပ်ချုပ်ရေးမှူး Lingthong Sengtavan က ပြောကြားခဲ့သည်။

လာအိုနိုင်ငံ၌ COVID-19 ရောဂါ ဖြစ်ပွားမှု စုစုပေါင်းသည် ပြီးခဲ့သော ၂၄ နာရီအတွင်း ဖြစ်ပွားမှု အသစ် ၁၅၂ မှု စစ်ဆေးတွေ့ရှိပြီးနောက် ဩဂုတ် ၂၃ ရက်အထိ ရောဂါဖြစ်ပွားမှုပေါင်း ၁၂,၆၂၁ ဦးထိ မြင့်တက်လာခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာနထံမှ သိရသည်။

ဩဂုတ် ၂၃ ရက်အထိ COVID-19 လူနာ စုစုပေါင်း ၈,၃၀၅ ဦးသည် ပြန်လည်သက်သာ ကောင်းမွန်လာပြီး ဆေးရုံများမှ ဆင်းသွားခဲ့ပြီ ဖြစ်သည်။

လာအိုနိုင်ငံသည် ၂၀၂၀ ပြည့်နှစ် မတ်လတွင် COVID-19 ရောဂါဖြစ်ပွားသူနှစ်ဦးအား ပထမဆုံးစစ်ဆေးတွေ့ရှိခဲ့ကြောင်း သိရသည်။ (Xinhua)

————————————
(English Version)
COVID-19 cases in Laos surge due to outbreak in prison
VIENTIANE, Aug. 23 (Xinhua) — Southern Laos’ Savannakhet province is experiencing a surge in COVID-19 cases with more than 100 locally transmitted cases being reported in the past few days, mostly among prisoners.
The prisoners were believed to have caught the virus from an official working at the prison, said Lingthong Sengtavan, the province’s deputy governor and head of the provincial taskforce for COVID-19 prevention and control, according to a report by local daily Vientiane Times on Monday.
Provincial authorities have set up a quarantine center for the prisoners, while those who do not have the virus have been moved to other locations.
Prison staff must comply with the measures imposed by the COVID-19 task force to prevent further spread of the virus, Lingthong said.
The total number of COVID-19 cases in Laos has risen to 12,621 on Monday after 152 new cases were reported in the past 24 hours, according to the Ministry of Health.
As of Monday, a total of 8,305 COVID-19 patients have recovered and been discharged from hospitals.
Laos reported its first two confirmed COVID-19 cases on March 24 last year. Enditem
Photo – A motorcyclist wearing a face mask rides on a street in Vientiane, Laos, June 19, 2021. Laos has extended its lockdown COVID-19 prevention measures across the country for a further 15 days as the community spread of COVID-19 in the capital continues. (Photo by Kaikeo Saiyasane/Xinhua)