Connect with us

ASEAN

လာအိုနိုင်ငံ၌ COVID-19 ဗီဇပြောင်းဗိုင်းရပ်စ် Delta Plus ပျံ့နှံ့လျက်ရှိ

လာအိုနိုင်ငံမြို့တော် ဗီယင်ကျန်း၌ လမ်းလျှောက်နေသူများအား ၂၀၂၁ခုနှစ် ဇူလိုင် ၂၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဗီယင်ကျန်း၊ စက်တင်ဘာ ၂၀ ရက် (ဆင်ဟွာ)

လာအိုနိုင်ငံ၏ မြို့တော် ဗီယင်ကျန်းတစ်ခွင် ပျံ့နှံ့လျက်ရှိသော COVID-19 ဗီဇပြောင်းဗိုင်းရပ်စ်မှာ Delta Plus ဗီဇပြောင်းဗိုင်းရပ်စ်ဖြစ်ကြောင်း လာအိုနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနက ဆိုသည်။

လာအိုနိုင်ငံ၌ ပြီးခဲ့သည့် ၂၄ နာရီအတွင်း ပြည်တွင်းကူးစက်မှု အသစ် ၁၆၂ ဦးနှင့် ပြည်ပဝင်ရောက်လာသော ပိုးကူးစက်ခံရသူ ၅၂ ဦး ထပ်မံတွေ့ရှိခဲ့ရာ စက်တင်ဘာ ၂၀ ရက်အထိ အတည်ပြုလူနာစုစုပေါင်း ၁၉,၃၉၉ ဦးထိ ရှိလာကြောင်း လာအိုနိုင်ငံကျန်းမာရေးဝန်ကြီးဌာနလက်အောက်ရှိ ကူးစက်ရောဂါများထိန်းချုပ်ရေးဌာန မှ ညွှန်ကြားရေးမှူးချုပ် Rattanaxay Phetsouvanh က သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ပြောကြားခဲ့သည်။

ဗီယင်ကျန်းမြို့တော် အတွင်း ဗိုင်းရပ်စ်ကူးစက်မှုမြင့်တက်လျက်ရှိကြောင်းနှင့် ကူးစက်ခံရသူများအားစစ်ဆေးရာတွင် Delta Plus ဗီဇပြောင်းဗိုင်းရပ်စ် ကူးစက်ခံရခြင်းဖြစ်ကြောင်း၎င်းကဆိုသည်။

Delta Plus ဗီဇပြောင်းဗိုင်းရပ်စ်သည် Delta ဗိုင်းရပ်စ် ၏ အသွင်ပြောင်းဗိုင်းရပ်စ် မျိုးဗီဇဖြစ်ပြီး ကူးစက်မှုမြင့်မားကြောင်း သိရသည်။
မြို့တော်တွင်းရှိ အထည်ချုပ်စက်ရုံများတွင် COVID-19 ကူးစက်မှုများ တဟုန်ထိုးမြင့်တက်မှုအားတွေ့ရှိပြီးနောက် ဗီယင်ကျန်းမြို့အား စက်တင်ဘာ ၁၉ရက် မွန်းလွဲပိုင်းမှစ၍ စက်တင်ဘာ ၃၀ ရက်အထိ ခရီးအသွားအလာတင်းကြပ်ကန့်သတ်မှု lockdown ချမှတ်ထားကြောင်းသိရသည်။

လာအိုနိုင်ငံ၌ စက်တင်ဘာ ၂၀ ရက်အထိ အတည်ပြုလူနာစုစုပေါင်း ၁၉,၃၉၉ ဦး နှင့်စုစုပေါင်း သေဆုံးသူ ၁၆ ဦးရှိကြောင်း သိရသည်။ COVID-19 လူနာပေါင်း ၁၅,၁၂၈ ဦးမှာ ပြန်လည်ကျန်းမာလာ၍ ဆေးရုံမှ ဆင်းသွားကြပြီဖြစ်ကြောင်း သိရသည်။
လာအိုနိုင်ငံ၌ ၂၀၂၀ပြည့်နှစ်၊ မတ် ၂၄ ရက်တွင် ပထမဆုံး COVID-19 အတည်ပြုလူနာ ၂ ဦး တွေ့ရှိခဲ့သည်။ (Xinhua)

———————————-
(English Version)
COVID-19 variant Delta Plus spreads in Lao capital
VIENTIANE, Sept. 20 (Xinhua) — The Lao Ministry of Health said the COVID-19 variant that was spreading through the capital Vientiane is the Delta Plus variant.
Director General of the Department of Communicable Disease Control under the Lao Ministry of Health Rattanaxay Phetsouvanh, told a press conference here on Monday that 52 new imported cases and 162 locally transmitted cases were recorded over the past 24 hours, bringing the total tally to 19,399 cases.
He said community cases in Vientiane continued to increase, with the Delta Plus variant confirmed among those who tested positive for the virus.
The Delta Plus variant, a mutant version of the Delta strain, is highly transmissible.
The city, after seeing soaring COVID-19 cases at garment factories, was placed into full lockdown from Sunday afternoon until Sept. 30.
As of Monday, the total number of confirmed COVID-19 cases in Laos has reached 19,399 with 16 deaths. A total of 15,128 COVID-19 patients have recovered and been discharged from hospitals.
The country reported its first two confirmed COVID-19 cases on March 24 last year. Enditem

Photo- People walk on a street in Lao capital Vientiane July 21, 2021.(Photo by Kaikeo Saiyasane/Xinhua)