Connect with us

Europe

လုပ်ငန်းခွင်တွင် ကာကွယ်ဆေးပတ်စပို့ မဖြစ်မနေယူဆောင်လာရမည်ဖြစ်ကြောင်း နယူးဇီလန်နိုင်ငံ အလုပ်သမားအဖွဲ့အစည်း ပြောကြား

ဝယ်လ်လင်တန်၊ အောက်တိုဘာ ၆ ရက် (ဆင်ဟွာ)

နယူးဇီလန်နိုင်ငံ၏ အကြီးဆုံးစီးပွားရေးလုပ်ငန်းအသင်းက လုပ်ငန်းခွင်ဝင်ရောက်ရာတွင် ဒီဂျစ်တယ် ကာကွယ်ဆေး ပတ်စပို့များ မဖြစ်မနေကိုင်ဆောင်ရေးအတွက် ပြောကြားခဲ့ကြောင်း သိရသည်။အလုပ်သမားများနှင့် ကုန်ထုတ်လုပ်သူများအသင်း (EMA) အဆိုအရ ကာကွယ်ဆေးမထိုးနှံနိုင်သူ သို့မဟုတ် ဆေးမထိုးချင်သူများအနေဖြင့် ဒီဂျစ်တယ်ကင်းလွတ်ခွင့်များနှင့် အပိုကာကွယ်မှုများအား လုပ်ဆောင်ရမည်ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် နယူးဇီလန် အစိုးရက စုံစမ်းစစ်ဆေးနေဆဲဖြစ်သော ပတ်စပို့ကိုင်ဆောင်ထားခြင်းဖြင့် ဝန်ထမ်းများနှင့် အလုပ်ရှင်များအား ၎င်းတို့၏ လုပ်ငန်းခွင် တိကျမှုနှင့် ဘေးကင်းလုံခြုံမှု ပေးသွားမည်ဖြစ်ပြီး ကာကွယ်ဆေးထိုးနှံမှုအတွက် ချီတုံချတုံဖြစ်နေသူများကိုလည်း မက်လုံးပေးဆွဲဆောင်သွားမည်ဖြစ်ကြောင်း EMA အမှုဆောင်ချုပ် Brett O’Riley က အောက်တိုဘာ ၆ ရက်၌ ပြောကြားခဲ့သည်။

“နယူးဇီလန်နိုင်ငံသားအများစုကတော့ ကာကွယ်ဆေးထိုနှံထားပြီးဖြစ်ပါတယ်။ ပြီးတော့ အလုပ်ရှင်အချို့ကတော့ ရောဂါဖြစ်ပွားမှုကနေ သူတို့လုပ်ငန်းခွင်တွေကို ကာကွယ်ရေးဦးစားပေးတဲ့အနေနဲ့ ကာကွယ်ဆေးမထိုးထားရင် လုပ်ငန်းခွင်မဝင်ရဘူးဆိုတဲ့ မူဝါဒ အသုံးပြုထားပြီးဖြစ်ပါတယ်” ဟု O’Riley က ပြောကြားခဲ့သည်။

“ကျန်းမာရေးနဲ့ ဘေးကင်းလုံခြုံရေးဥပဒေအရ အလုပ်ရှင်များအနေနဲ့ ၎င်းတို့ရဲ့ အလုပ်သမားတွေအတွက် ဘေးကင်းပြီး ကျန်းမာတဲ့ လုပ်ငန်းခွင်ပံ့ပိုးပေးရမှာဖြစ်ပြီး ကာကွယ်ဆေးပတ်စပို့တွေ ကိုင်ဆောင်ခြင်းဖြင့် ဒါကိုလုပ်ဆောင်ဖို့ နည်းလမ်းတစ်ခုဖြစ်ပါတယ်”

…………………………………………
(English Version)

Vaccine passports should be mandatory in workplace: New Zealand employers organisation

WELLINGTON, Oct. 6 (Xinhua) — New Zealand’s largest business association is asking for the mandatory carrying of digital vaccine passports to enter workplace.
Meanwhile, according to the Employers & Manufacturers Association (EMA), digital exemptions and extra precautions should be applied to those who can’t or choose not to be vaccinated.
The EMA Chief Executive Brett O’Riley said on Wednesday that carrying the passport – currently being investigated by New Zealand government – will give employers and employees the certainty and the safety they want in their workplace and will give an incentive to those hesitant about getting vaccinated.

“The majority of New Zealanders are getting vaccinated, and we know some employers were already using a no jab, no entry policy to protect their workplaces prior to this latest outbreak,” said O’Riley.
“Under health and safety legislation employers have to provide a safe and healthy workplace for their workers and carrying vaccine passports is one way to do this.” Enditem
Photo : A border worker receives a dose of the COVID-19 vaccine in Auckland, New Zealand, Feb. 20, 2021. New Zealand’s COVID-19 vaccination official roll-out began on Saturday when border workers received their first vaccinations in Auckland’s quarantine facility. (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.