Connect with us

Europe

လူချင်းခပ်ခွာခွာ စည်းမျဉ်းချိုးဖောက်မိကြောင်းဝန်ခံပြီးနောက် အင်္ဂလန်ကျန်းမာရေးဝန်ကြီး ရာထူးမှ နုတ်ထွက်

ယူကေနိုင်ငံ ကျန်းမာရေးဝန်ကြီးမတ်ဟန်းကော့ခ် အား ၂၀၁၉ ခုနှစ် အောက်တိုဘာ ၂၁ ရက်က အမှတ် ၁၀ ဒေါင်းနင်းလမ်းတွင် တွေ့ရစဉ်(ဆင်ဟွာ)

လန်ဒန် ၊ ဇွန် ၂၇ ရက်(ဆင်ဟွာ)

အင်္ဂလန်နိုင်ငံ ကျန်းမာရေးဝန်ကြီး မတ်ဟန်းကော့ခ် (Matt Hancock) သည် နိုင်ငံအတွင်း ကျယ်ကျယ်ပြန့်ပြန့်ဝေဖန်မှုမြင့်တက်ခဲ့ရသည့် ၎င်း၏ အနီးကပ်လက်ထောက်အမျိုးသမီးတစ်ဦးနှင့် စွပ်စွဲခံနေရစဉ်အတွင်း COVID-19 ဆိုင်ရာ လူချင်းခပ်ခွာခွာနေထိုင်မှု စည်းမျဉ်းစည်းကမ်းများကို ချိုးဖောက်မိကြောင့် ဝန်ခံခဲ့ပြီးနောက် ဇွန် ၂၆ ရက်တွင် ရာထူးမှ နုတ်ထွက်သွားသည်။ဗြိတိန်ဝန်ကြီးချုပ်ဘောရစ်ဂျွန်ဆင်ထံပေးပို့သော ၎င်း၏ နုတ်ထွက်စာတွင် ဟန်းကော့ခ်က “ရိုးရိုးသားသားဝန်ခံရရင် ဒီကပ်ရောဂါတိုက်ဖျက်ရေးမှာ စွမ်းစွမ်းတမံပေးဆပ်လုပ်ကိုင်နေကြတဲ့ ပြည်သူတွေအပေါ် မှာ ကျွန်တော်တို့အကြွေးတင်သွားတာပေါ့ ၊ အခုလို ကိုဗစ်စည်းမျဉ်းစည်းကမ်းတွေ ကျွန်တော်ချိုးဖောက်မိတာဟာ သူတို့ကို စော်ကားမိသလိုပါပဲ” ဟု ရေးသားဖော်ပြထားသည်။

ထို့ပြင် ဟန်းကော့ခ်က ၎င်း၏ တွစ်တာလူမှုကွန်ရက်ပေါ်တွင် တင်ခဲ့သော ဗီဒီယိုရုပ်သံဖိုင်တစ်ခု၌ “ ကျွန်တော်တို့ထဲက ဒီစည်းမျဉ်းကိုရေးဆွဲခဲ့တဲ့ လူတွေကိုယ်တိုင်လည်း ဒါကို ပြန်လိုက်နာကြရမှာပါ၊ ဒါကြောင့် ကျွန်တော်ရာထူးက နုတ်ထွက်တာပါ” ဟု ဖော်ပြထားသည်။

ဟန်းကော့ခ်သည် ပြီးခဲ့သော မေလက အလုပ်ချိန်အတွင်း ၎င်း၏ လက်ထောက်အမျိုးသမီး Gina Coladangelo နှင့် လန်ဒန်မြို့ရှိ ကျန်းမာရေးဝန်ကြီးဌာနရုံးချုပ်အဆောက်အဦထဲတွင် အနမ်းမိုးရွာနေသည့် ဓာတ်ပုံများကို The Sun သတင်းစာက ဇွန် ၂၅ ရက်တွင် ရေးသားဖော်ပြခဲ့ပြီးနောက် ရာထူးမှ နုတ်ထွက်ရန် ဖိအားပေးမှုဖြင့် တိုးမြင့်ကြုံတွေ့ခဲ့ရသည်။

ဟန်းကော့ခ် နှင့် ၎င်း၏ လက်ထောက်အမျိုးသမီး Coladangelo တို့ ပြီးခဲ့သော မေ ၆ ရက်က ပွေ့ဖက်နမ်းရှုံ့နေကြသည့် ဓာတ်ပုံများ ထွက်ပေါ်လာပြီးနောက် ဟန်းကော့ခ်အနေဖြင့် ယခုကဲ့သို့ ရာထူးမှ နုတ်ထွက်လိုက်ရခြင်းဖြစ်သည်။ ထိုစဉ်အခါက ဗြိတိန်နိုင်ငံတွင် အများပြည်သူအနေဖြင့် ၎င်းတို့၏ နေအိမ်ပြင်ပတွင် တစ်ဦးနှင့်တစ်ဦး ပွေ့ဖက်နမ်းရှုံ့ခြင်းမပြုရဆိုသည့် လူချင်းခပ်ခွာခွာနေထိုင်မှု ကိုဗစ် စည်းမျဉ်းစည်းကမ်း အသက်ဝင်နေဆဲကာလဖြစ်ကြောင်း Guardian သတင်းစာက ရေးသားဖော်ပြခဲ့သည်။

ထိုသို့ ဟန်းကော့ခ်ရာထူးမှ နုတ်ထွက်သွားပြီးနောက် Coladangelo သည်လည်း ဗြိတိန်ကျန်းမာရေးဝန်ကြီးဌာန ရှိ ၎င်း၏ (non-executive director ) ညွှန်ကြားရေးမှူး ရာထူးမှ နုတ်ထွက်သွားခဲ့ကြောင်း Sky News သတင်းဌာနက ဖော်ပြခဲ့သည်။

ထိုသို့ရာထူးမှ နုတ်ထွက်သွားသော ဟန်းကော့ခ်နှင့်ပတ်သက်၍ ဝန်ကြီးချုပ်ဘောရစ်ဂျွန်ဆင်က “ ခင်ဗျားဘာတွေစွမ်းဆောင်ခဲ့လဲဆိုတဲ့အပေါ် သိပ်ကို ဂုဏ်ယူစွာနဲ့ပဲ ထွက်သွားသင့်တာပါ ၊ ကပ်ရောဂါကို ကိုင်တွယ်ဖြေရှင်းခဲ့ရုံသာမကဘူး COVID-19 ရောဂါမတိုင်ခင်ကတည်းက ကျွန်တော်တို့နဲ့လုပ်ကိုင်ဆောင်ရွက်ခဲ့တာတွေလည်းပါတာပေါ့” ဟု ချီးကျူးစကားဆိုခဲ့သည်။ဝန်ကြီးချုပ်က ဟန်းကော့ခ်အနေဖြင့် “ ပြည်သူ့ကျန်းမာရေးလုပ်ငန်းများတွင်ဆက်လက်ပါဝင်နေမည်” ဟု ယုံကြည်ကြောင်း ပြောကြားခဲ့သည်။

သို့သော် ဟန်းကော့ခ်အပေါ် ဗြိတိန်နိုင်ငံရေးသမားများ ၏ တုံ့ပြန်ပုံမှာ နွေးထွေးမှုတော့ မရှိလှပေ။ အဓိကအတိုက်အခံ လေဘာပါတီခေါင်းဆောင် Keir Starmer က ၎င်း၏ တွစ်တာလူမှုကွန်ရက်တွင် “ မတ်ဟန်းကော့ခ်မှာ နုတ်ထွက်ခွင့်ရှိပါတယ်၊ ဒါပေမယ့် သူ့ကို ဘောရစ်ဂျွန်ဆင်က အလုပ်ထုတ်လိုက်တာမျိုးပဲဖြစ်သင့်တာပါ” ဟု ရေးသားထားသည်။

လစ်ဘရယ်ဒီမိုကရက်တစ်ပါတီခေါင်းဆောင် Ed Davey က တွစ်တာမှတဆင့် “ဟန်းကော့ခ်ထားခဲ့တဲ့ အမွေဆိုးကတော့ ကျန်းမာရေးဝန်ကြီးတစ်ယောက်အနေနဲ့ ကိုယ့်လူကို လက်သိပ်ထိုးရာထူးခန့်အပ်တဲ့ ခရိုနီပုံစံနဲ့ကျဆုံးမှုတစ်ခုပဲဖြစ်မှာပါ” ဟု ဖော်ပြခဲ့သည်။

ဗြိတိန်နိုင်ငံသည် ဥရောပတိုက်တွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါနှင့်ဆက်စပ်၍ လူပေါင်း တစ်သိန်းကျော်သေဆုံးခဲ့ရသည့် ပထမဆုံး နိုင်ငံဖြစ်သည်။
ပြီးခဲ့သော နောက်ဆုံး ၂၄ နာရီအတွင်း ဗြိတိန်နိုင်ငံ၌ ကိုရိုနာဗိုင်းရပ်စ် လူနာသစ် ၁၈,၂၇၀ ဦး စစ်ဆေးတွေ့ရှိခဲ့ပြီး ယင်းမှာ ဖေဖော်ဝါရီလကတည်းက အမြင့်ဆုံး အရေအတွက်ဖြစ်ကြောင်း စနေနေ့ကထုတ်ပြန်သော တရားဝင် အချက်အလက်များအရ သိရသည်။

ဗြိတိန်နိုင်ငံတွင် လက်ရှိအချိန်ထိ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူပေါင်း ၄,၇၁၇,၈၁၁ ဦးရှိပြီး ကိုရိုနာဗိုင်းရပ်စ်ဖြင့် ဆက်စပ်၍ သေဆုံးသူ စုစုပေါင်း ၁၂၈,၀၈၉ ဦး ရှိကြောင်း တရားဝင်ကိန်းဂဏန်းများအရ သိရသည်။(Xinhua)

——————————————–
(English Version)

UK health secretary quits after admitting breaking social distancing rules

LONDON, June 26 (Xinhua) — British Health Secretary Matt Hancock on Saturday resigned after admitting that he broke COVID-19 social distancing guidelines during alleged affair with his aide, which reportedly caused an outrage in the country.
In his resignation letter to British Prime Minister Boris Johnson, Hancock said that “we owe it to people who have sacrificed so much in this pandemic to be honest when we have let them down as I have done by breaching the guidance.”

Hancock also posted a video on his Twitter account, in which he said that “those of us who make these rules have got to stick by them, and that’s why I have got to resign.”

Hancock has been under increasing pressure to quit after The Sun newspaper on Friday published pictures of him and his aide Gina Coladangelo kissing at the British Department of Health’s London HQ reportedly during office hours in May.

Hancock’s resignation came after embarrassing footage emerged of the health secretary in a clinch with his aide Coladangelo on May 6, when the public were still being advised not to hug people outside their household, the Guardian newspaper reported.

Following Hancock’s resignation, Coladangelo left her role of a non-executive director at the Department of Health, Sky News reported.

In response to the resignation, Johnson said Hancock “should leave office very proud of what you have achieved — not just in tackling the pandemic, but even before COVID-19 struck us.”

The prime minister said that he believes that Hancock’s “contribution to public service is far from over.”
The reactions from other British political figures, however, have not been so warm. Keir Starmer, leader of the main opposition Labour Party, tweeted: “Matt Hancock is right to resign. But Boris Johnson should have sacked him.”
Ed Davey, leader of the Liberal Democrats, tweeted: “Hancock’s legacy as Health Secretary will be one of cronyism and failure.”

Britain is the first European country that passed the grim mark of 100,000 coronavirus-related deaths.
Britain has reported another 18,270 coronavirus cases in the latest 24-hour period, the highest since early February, according to official figures released Saturday.

The total number of coronavirus cases in the country now stands at 4,717,811, while the total number of coronavirus-related deaths reaches 128,089, the latest official figures showed. Enditem

Britain’s Secretary of State for Health and Social Care Matt Hancock arrives at 10 Downing Street in London, Britain, Oct. 21, 2019. (Photo by Stephen Chung/Xinhua)