Connect with us

North America

လူသိများထင်ရှားသူများအတွက် ချမှတ်သည့် စည်းမျဉ်းသစ်များအရ ထရန့်၏ အကောင့်များအား Facebook က ၂ နှစ်ဆိုင်းငံ့

အမေရိကန် သမ္မတဟောင်း ဒေါ်နယ်ထရန့်အား တွေ့ရစဉ် (ဆင်ဟွာ)

ဆန်ဖရန်စစ္စကို၊ ဇွန် ၅ ရက် (ဆင်ဟွာ)

Facebook က အမေရိကန် သမ္မတဟောင်း ဒေါ်နယ်ထရမ့်အတွက် ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၇ ရက်တွင် ချမှတ်ခဲ့သော အကန့်အသတ်မရှိ တားမြစ်ထားမှုမှ လူသိများထင်ရှားသူများအတွက် အသစ်ထုတ်ပြန်လိုက်သော အသုံးပြုခွင့် ဆိုင်းငံ့ခြင်းဆိုင်ရာ စည်းမျဉ်းများအရ အများဆုံးပြစ်ဒဏ်အဖြစ် ဇွန် ၄ ရက်တွင် အသုံးပြုခွင့် ၂ နှစ် ဆိုင်းငံ့လိုက်ကြောင်း သိရသည်။

“အခုလိုထူးခြားတဲ့ ကိစ္စရပ်တွေမှာ ကျင့်သုံးဖို့ အသစ်ပြဌာန်းထားတဲ့ ကျင့်ဝတ်တွေကို ဒီကနေ့မှာ ကျွန်တော်တို့ ကြေညာသွားမှာဖြစ်ပါတယ်။ ကျွန်တော်တို့ မစ္စတာထရန့်ရဲ့ အကောင့်တွေအပေါ်မှာ အသုံးပြုတဲ့ ကျင့်ဝတ်တွေနဲ့ ကိုက်ညီတဲ့ အချိန်ကန့်သတ်ထားတဲ့ ပြစ်ဒဏ်တွေကိုလဲ အတည်ပြုပေးသွားမှာ ဖြစ်ပါတယ်။ သူ့ရဲ့ လုပ်ဆောင်မှုတွေမှာ ကျွန်တော်တို့ရဲ့ စည်းမျဉ်းတွေကို ပြင်းပြင်းထန်ထန် ချိုးဖောက်မှုတွေ ပါဝင်နေတယ်လို့ ကျွန်တော်တို့ ယုံကြည်ပါတယ်။ ဒါဟာ အသစ်ပြဌာန်းထားတဲ့ ကျင့်ဝတ်တွေအရ အမြင့်ဆုံးအပြစ်ဒဏ်နဲ့ ထိုက်တန်ပါတယ်။ သူ့ရဲ့ အကောင့်တွေကို ကျွန်တော်တို့ ၂ နှစ် ဆိုင်းငံ့လိုက်ပြီး ကနဦးဆိုင်းငံ့ထားခဲ့တဲ့ ယခုနှစ် ဇန်နဝါရီ ၇ ရက်နေ့ကနေ စတင်အကျုံးဝင်မှာ ဖြစ်ပါတယ်” ဟု Facebook ၏ ကမ္ဘာ့ရေးရာ ဒုတိယဥက္ကဋ္ဌ Nick Clegg က ထုတ်ပြန်ချက်တွင် ပြောကြားခဲ့သည်။

Facebook အနေဖြင့် တားမြစ်ချက်အား ပြန်လည်သုံးသပ်၍ ယင်းအား အဆုံးသတ်ရန် သို့မဟုတ် တိုးမြှင့်ရန် ဆုံးဖြတ်သွားမည်ဟုဆိုသည်။ ကုမ္ပဏီအနေဖြင့် ၂ နှစ်ဆိုင်းငံ့မှုအပြီးတွင် အများပြည်သူလုံခြုံရေးအတွက် အန္တရာယ်လျော့ပါးခြင်းရှိမရှိကို အကဲဖြတ်ရန် ကျွမ်းကျင်သူများထံမှ အကြံပြုချက်ရယူသွားမည်ဖြစ်ကြောင်း Clegg ၏ ပြောကြားချက်အရ သိရသည်။

“အများပြည်သူလုံခြုံရေးအတွက် ကြီးမားတဲ့ အန္တရာယ်ရှိနေသေးတယ်လို့ ကျွန်တော်တို့ဆုံးဖြတ်ရင် ကန့်သတ်ချက်ကို သတ်မှတ်ကာလတစ်ခုအထိ တိုးမြှင့်သွားမှာဖြစ်ပြီး အန္တရာယ်လျော့ကျလာတဲ့အထိ ကျွန်တော်တို့ဆက်လက်သုံးသပ်သွားမှာပါ’’ ဟု Clegg ကဆိုသည်။

လူထုမငြိမ်သက်မှုနှင့် ဖြစ်ပွားနေသော အကြမ်းဖက်မှုများအတွင်း လူသိများထင်ရှားသူများအပေါ် ပြစ်ဒဏ်မြှင့်တင်သည့် Facebook ၏ စည်းမျဉ်းစည်းကမ်းအသစ်များအရ စည်းကမ်းချိုးဖောက်သူများအနေဖြင့် အကြောင်းအရာဖန်တီးခွင့်ကို ၁ လမှ ၂ နှစ်အထိ ကန့်သတ်ခံရနိုင်ကြောင်း သိရသည်။ ကနဦးကန့်သတ်ခံရပြီးနောက် ထပ်မံချိုးဖောက်ပါက ရာသက်ပန်ဖယ်ရှားခြင်းအပါအဝင် ပိုမိုမြင့်မားသော ပြစ်ဒဏ်များချမှတ်နိုင်ကြောင်း သိရသည်။

Facebook ကြီးကြပ်ရေးဘုတ်အဖွဲ့ (FOB) အနေဖြင့် မေလတွင် ထရန့်၏ Facebook နှင့် Instagram အကောင့်များအား ပြန်လည်အသုံးပြုခွင့်ပေးရန် ဆန့်ကျင်ဆန္ဒမဲပေးခဲ့သော်လည်း Facebook အနေဖြင့် အချိန်အကန့်အသတ်မရှိဆိုင်းငံ့ခြင်းမှာ သင့်လျော်မှုမရှိကြောင်း ပြောကြားခဲ့သည်။

ထရန့်၏ အကောင့်များအား ပြန်လည်အသုံးပြုခွင့်ပေးခြင်း၊ အမြဲတမ်း တားမြစ်ပိတ်ပင်ခြင်း သို့မဟုတ် အချိန်ကာလတစ်ခုသတ်မှတ် ဆိုင်းငံ့ခြင်းတို့ ဆောင်ရွက်နိုင်ရန် FOB အနေဖြင့် Facebook အား ထိုကိစ္စကို ပြန်လည်စဥ်းစားသုံးသပ်စေလိုကြောင်းသိရသည်။

FOB သည် Facebook မှ ရွေးချယ်ထားသော ယခင်နိုင်ငံရေးခေါင်းဆောင်ဟောင်းများ၊ လူ့အခွင့်ရေးတက်ကြွလှုပ်ရှားသူများနှင့် သတင်းသမားများ ၂၀ ဦးခန့် ပါဝင်သော အဖွဲ့ဖြစ်ပြီး အကြောင်းအရာဆိုင်ရာ ဆုံးဖြတ်ချက်များကို သုံးသပ်ဝေဖန်ရန် ဖွဲ့စည်းထားခြင်းဖြစ်ကြောင်း မီဒီယာသတင်းဖော်ပြချက်များအရ သိရသည်။ (Xinhua)

————————————
(English Version)
Facebook suspends Trump’s accounts for 2 years under new rules for public figures
SAN FRANCISCO, June 4 (Xinhua) — Facebook on Friday suspended U.S. former President Donald Trump for two years, the maximum penalty under a newly revealed set of rules for suspending public figures, from its former indefinite ban set on Jan. 7, 2021.
“We are today announcing new enforcement protocols to be applied in exceptional cases such as this, and we are confirming the time-bound penalty consistent with those protocols which we are applying to Mr. Trump’s accounts… We believe his actions constituted a severe violation of our rules which merit the highest penalty available under the new enforcement protocols. We are suspending his accounts for two years, effective from the date of the initial suspension on January 7 this year,” Nick Clegg, vice president of global affairs at Facebook, said in an announcement.
The company also said that it will reevaluate the ban and make the decision whether to end or extend it. According to Clegg, the company will look to experts to assess whether the risk to public safety has receded at the end of the two-year suspension.
“If we determine that there is still a serious risk to public safety, we will extend the restriction for a set period of time and continue to re-evaluate until that risk has receded,” Clegg said.

According to the company’s new regulations on heightened penalties for public figures during times of civil unrest and ongoing violence, violators may be restricted from creating content for a period of one month to two years. Violations after initial restrictions are subject to heightened penalties up to and including permanent removal.
Facebook Oversight Board (FOB) voted against reinstating Trump’s Facebook and Instagram accounts in May while saying it was not appropriate for Facebook to impose an “indefinite” suspension.
The FOB required Facebook to revisit the case, either restore Trump’s accounts, make the ban permanent or define a suspension for a set period of time.
The FOB is a panel of about 20 former political leaders, human rights activists and journalists picked by Facebook to deliberate the company’s content decisions, according to media reports. Enditem

Photo-U.S. President Donald Trump walks on the South Lawn before departing from the White House in Washington D.C., the United States, on Oct. 22, 2018. (Xinhua/Ting Shen)