Connect with us

COVID-19 UPDATES

ဝန်ထမ်းထံတွင် COVID-19 ပိုးရှိကြောင်းစစ်ဆေးတွေ့ရှိပြီးနောက် ဘိုင်ဒန်အားစစ်ဆေးရာတွင် ပိုးတွေ့ရှိခြင်းမရှိ

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန် (Joe Biden) က ၂၀၂၁ ခုနှစ်၊ ဇူလိုင် ၂၁ ရက်တွင် အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီရှိ အိမ်ဖြူတော်မှ ထွက်ခွာစဉ် (ဆင်ဟွာ)

ဝါရှင်တန်၊ ဒီဇင်ဘာ ၂၁ ရက် (ဆင်ဟွာ)

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင် နှင့်အတူ ဒီဇင်ဘာ ၁၇ ရက်က Air Force Oneလေယာဉ်ပေါ် တွင် တစ်နာရီဝက်ကြာလိုက်ပါခဲ့သော ၎င်း၏ဝန်ထမ်းတစ်ဦး၌ ဒီဇင်ဘာ ၂၀ ရက်နံနက်၌ COID-19 ပိုး စစ်ဆေးတွေ့ရှိခဲ့ကြောင်း အိမ်ဖြူတော်က ပြောကြားခဲ့သည်။

ဒီဇင်ဘာ ၁၉ ရက်တွင် ဘိုင်ဒန် ၏ပုံမှန် ရောဂါရှိမရှိ စစ်ဆေးမှုနှင့် PCR စစ်ဆေး မှုတွင် ရောဂါပိုးကူးစက်ခံရမှုမရှိဟု အဖြေထွက်ခဲ့ကြောင်း အိမ်ဖြူတော်၏ သတင်းထုတ်ပြန်ရေး အတွင်းရေးမှူး Jen Psaki ၏သတင်းထုတ်ပြန်ချက်တွင်ပြောကြားခဲ့သည်။

ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးစင်တာများ လမ်းညွှန်ချက်အရ ကာကွယ်ဆေးအပြည့်ထိုးထားသူများအနေဖြင့် ရောဂါကူးစက်ခံထားရသူနှင့် ထိတွေ့ပြီးနောက် သီးသန့်ခွဲထားရန် မလိုအပ်သောကြောင့် ဘိုင်ဒန် သည် ၎င်း၏နေ့စဉ်အချိန်ဇယားအတိုင်း ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း Psaki မှ ပြောကြားခဲ့သည်။ (Xinhua)

——————————-
(English Version)
Biden tests negative for COVID-19 after staff tested positive
WASHINGTON, Dec. 20 (Xinhua) — U.S. President Joe Biden tested negative for COVID-19 after one of his staffers who spent half an hour with him on Air Force One on Friday tested positive on Monday morning, the White House said.
Biden’s regular antigen test on Sunday and the PCR test after he was notified of the case all showed negative results, White House press secretary Jen Psaki said in a statement.
Psaki said Biden will continue with his daily schedule as the Centers for Disease Control and Prevention guidelines do not require fully vaccinated people to quarantine after an exposure. Enditem