Connect with us

Europe

ဝမ်းဗိုက်အတွင်း အပ်တစ်ချောင်း ၁၄ နှစ်ကြာ ကျန်ရှိနေသည့်အတွက် အမျိုးသမီးတစ်ဦးက ဆေးရုံကို တရားစွဲ

ခွဲစိတ်ခန်းမြင်ကွင်း တစ်ခုအားတွေ့ရစဥ် (ဓာတ်ပုံ-အင်တာနက်)

ရာဗန်နာ၊ ဇွန် ၁၈ ရက်

အီတလီနိုင်ငံမှ အမျိုးသမီးတစ်ဦးသည် ၎င်း၏ဝမ်းဗိုက်အတွင်း ခွဲစိတ်ခန်းသုံးအပ်တစ်ချောင်း ၁၄ နှစ်ကြာ ကျန်ရှိနေသည့်အတွက် Bologna ဆေးရုံအား တရားစွဲဆိုလိုက်ကြောင်း Resto del Carlino သတင်းစာက ဇွန် ၁၆ ရက်က သတင်းဖော်ပြခဲ့သည်။

၎င်းအမျိုးသမီးသည် ၂၀၀၄ ခုနှစ်က ခွဲစိတ်မှုလုပ်ဆောင်ခဲ့ပြီးနောက်ပိုင်း ဝမ်းဗိုက်နာကျင်မှုကို ပြင်းပြင်းထန်ထန် ခံစားခဲ့ရကာ ၂၀၁၈ ခုနှစ်က Pesaro မြို့၌ ယင်းအပ်အား ဖယ်ရှားခဲ့ပြီးနောက် နာကျင်မှုဝေဒနာကို အဖြေရှာနိုင်ခဲ့ကြောင်း central-northern Italian newspaper ၌ ဖော်ပြထားသည်။

အဆိုပါ အမျိုးသမီးသည် ၁၄ နှစ်ကြာ ပဟေဠိဆန်သော နာကျင်မှုကို မကြာခဏခံစားခဲ့ရခြင်းကြောင့် စိတ်ပိုင်းဆိုင်ရာ ထိခိုက်ခံစားရမှုများနှင့် ပေါ့ဆမှုအတွက် ဆေးရုံအား တရားစွဲဆိုထားခြင်းဖြစ်ကြောင်း သိရသည်။

————————————
(English Version)
Woman sues hospital over needle left in stomach for 14 years
Source: ANSA| 2021-06-16 20:54:57|Editor: huaxia
(ANSA) – RAVENNA, JUN 16 – An Italian woman is suing a Bologna hospital for leaving a surgical needle in her stomach for 14 years before it was found and removed, the Resto del Carlino newspaper reported Wednesday.
The woman suffered from severe abdominal pains after the 2004 operation, finally resolved after the needle was removed in Pesaro in 2018, the central-northern Italian newspaper said.
She is suing the Bologna hospital for negligence and for the psychological suffering caused by 14 years of apparently mysterious pain. (ANSA).