Connect with us

WORLD

သင်္ဘောပေါ်တွင် COVID-19 ဖြစ်ပွားမှုတွေ့ရှိပြီးနောက် အပျော်စီးသင်္ဘော စင်ကာပူနိုင်ငံသို့ ပြန်လှည့်

World Dream ဟုအမည်ပေးထားသည့် အပျော်စီးသင်္ဘောအားတွေ့ရစဉ် (ဓာတ်ပုံ--အင်တာနက်)

စင်ကာပူ၊ ဇူလိုင် ၁၄ ရက် (ဆင်ဟွာ)

သင်္ဘောပေါ်တွင် COVID-19 ဖြစ်ပွားမှုတွေ့ရှိပြီးနောက် အပျော်စီးသင်္ဘောတစ်စင်းသည် စင်ကာပူနိုင်ငံသို့ ပြန်လှည့်လာခဲ့ရကြောင်း Straits Times သတင်းစာက ဇူလိုင် ၁၃ ရက်တွင်ဖော်ပြခဲ့သည်။အသက် ၄၀နှစ်အရွယ်ရှိ ခရီးသည်တစ်ဦးသည် မကြာသေးမီက အတည်ပြုလူနာတစ်ဦးနှင့် အနီးကပ်ထိတွေ့မှုရှိခဲ့ကြောင်း သိရပြီးနောက် ၎င်းအား သင်္ဘောပေါ်၌ ကျန်းမာရေးစည်းမျဉ်းစည်းကမ်းများနှင့် အညီ ချက်ချင်းသီးသန့်ခွဲထားခဲ့ကြောင်း အပျော်စီးသင်္ဘောဆိုင်ရာ စင်ကာပူခရီးသွားလာရေးဘုတ်အဖွဲ့ ညွှန်ကြားရေးမှူး Annie Chang ၏ ပြောကြားချက်ကို သတင်းစာက ဖော်ပြခဲ့သည်။

ယင်းခရီးသည်အား သင်္ဘောပေါ်တွင် polymerase chain reaction (PCR) နည်းဖြင့် ဓာတ်ခွဲနမူနာစစ်ဆေးခဲ့ပြီး အတည်ပြုလူနာအဖြစ်အဖြေထွက်ခဲ့ကြောင်းနှင့် ထပ်မံအတည်ပြုရန် ဆေးရုံသို့ ခေါ်ဆောင်သွားခဲ့ကြောင်း သိရသည်။

၎င်း၏ ခရီးသွားဖော် ၃ ဦးကို စစ်ဆေးအတည်ပြုမှု နှင့် သီးခြားခွဲထားမှုများ ပြုလုပ်ထား ကြောင်း သိရသည်။ ၎င်းတို့အားစစ်ဆေးရာ COVID-19 မရှိကြောင်းနှင့် ထိတွေ့သူများအား ဆက်လက် ခြေရာခံသွားမည်ဖြစ်ကြောင်း သိရသည်။

World Dream ဟုအမည်ပေးထားသည့် အဆိုပါသင်္ဘောသည် ၂၀၁၇ ခုနှစ် နိုဝင်ဘာတွင် ဟောင်ကောင်ရှိ Dream Cruises ဇိမ်ခံသင်္ဘောအုပ်စုနှင့် ပူးပေါင်းခဲ့သည်။၎င်းသင်္ဘောသည် လေးရက်ကြာ ခရီးစဉ်အတွက် ဇူလိုင် ၁၁ရက်တွင် စတင်ထွက်ခဲ့ခြင်းဖြစ်သည်။

ယင်းသင်္ဘောသည် စင်ကာပူနိုင်ငံသို့ ပြန်လှည့်ခဲ့ပြီး ဇူလိုင် ၁၄ ရက် ဒေသစံတော်ချိန် နံနက် ၆း၃၀ နာရီတွင် Marina Bay Cruise Centre သို့ ရောက်ရှိခဲ့ရာ သတ်မှတ်ချိန်ထက် နာရီအနည်းငယ်စော၍ ပြန်လည်ရောက်ရှိခဲ့ခြင်းဖြစ်သည်။

ယင်းခရီးသည်မှာ သင်္ဘောမထွက်ခွါမီ စည်းမျဉ်းစည်းကမ်းအတိုင်း ထွက်ခွါသည့် နေ့တွင် rapid test ဖြင့် ကိုဗစ်စစ်ဆေးမှုခံယူခဲ့ရာတွင် ရောဂါမရှိဟူ၍ အဖြေထွက်ခဲ့ကြောင်း နှင့် ၎င်းသည် COVID-19 ကာကွယ်ဆေး၂ ကြိမ် ထိုးနှံထားပြီး သူဖြစ်ကြောင်း သိရသည်။ (Xinhua)
————————————————
(English Version)

Cruise ship returns to Singapore after COVID-19 case found on board

SINGAPORE, July 14 (Xinhua) — A cruise ship returned to Singapore after a COVID-19 case was found on board, the Straits Times reported on Wednesday.

The newspaper quoted Annie Chang, Singapore Tourism Board’s director of the cruise, as saying that a 40-year-old passenger was identified as the close contact of a previously confirmed case, and was immediately isolated as part of onboard health protocols.

The passenger underwent polymerase chain reaction tests onboard and the result was positive, and has been taken to a hospital for further confirmatory testing.

Three traveling companions of the passenger were identified and isolated. They have tested negative for COVID-19 and further contact tracing is ongoing.

The ship, called World Dream, joined Genting Hong Kong’s Dream Cruises fleet in November 2017. It departed on Sunday for a four-day “cruise to nowhere.”

The ship returned to Singapore and arrived at the Marina Bay Cruise Centre at around 6:30 a.m. local time on Wednesday, a few hours ahead of schedule.

The passenger was tested negative during the mandatory pre-departure antigen rapid test on the day of departure, and was reported to have received two doses of the COVID-19 vaccine. Enditem

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.