Connect with us

North America

သတင်းအချက်အလက်ပွင့်လင်းမြင်သာမှု အားနည်းသဖြင့် ဖော့ဒရစ်ကိစ္စရပ်များအပေါ် စိုးရိမ်ပူပန်

အမေရိကန်နိုင်ငံစစ်တပ်၏ ဖော့ဒရစ်(Fort Detrick) ဓာတ်ခွဲခန်းတည်ရှိရာ အဝင် ဆိုင်းဘုတ်အားတွေ့ရစဉ်(ဆင်ဟွာ)

နယူးယောက် ၊ မတ် ၉ ရက်(ဆင်ဟွာ)

ဖော့ဒရစ် (Fort Detrick)ရှိ ထိန်းချုပ်ဓာတ်ခွဲခန်းနှင့်ပတ်သက်၍ အမေရိကန်နိုင်ငံ အခြေစိုက်စခန်းမှ ထုတ်ပြန်ပေးသော သတင်းအချက်အလက်၏ ပွင့်လင်းမြင်သာမှုအပေါ် တုန့်ပြန်မှုပေးရေးဆိုင်ရာ တာဝန်ခံကော်မတီက စိုးရိမ်ပူပန်ကြောင်း အမေရိကန်စစ်တပ်၏ သီးခြားလွတ်လပ်သည့်သတင်းစာတစ်စောင်ဖြစ်သော Stars and Stripes သတင်းစာက ရေးသားဖော်ပြခဲ့သည်။ထိန်းချုပ်ဓာတ်ခွဲခန်းအသိုက်အဝန်းအကြံပေးကော်မတီ(CLCAC)က ကြီးမားသော မတော်တဆမှု နှစ်ခုနှင့်ပတ်သက်၍“ ပွင့်လင်းမြင်သာမှု အနည်းငယ်သာ” တွေ့မြင်ရကြောင်း ၂၀၂၃ ခုနှစ် စက်တင်ဘာ ၂၃ ရက်တွင် ထုတ်ပြန်သော အစီရင်ခံစာတွင် ဖော်ပြထားသည်။

ယင်းဖြစ်စဉ်နှစ်ခုအနက် တစ်ခုမှာ ဖော့ဒရစ်က ငြင်းဆိုမှု ပြုလုပ်ထားသည့် ၂၀၁၈ ခုနှစ် မေလတွင်ဖြစ်ပွားခဲ့သော ရေကြီးရေလျှံမတော်တဆမှုတစ်ခုအတွင်း အမေရိကန်စစ်တပ် ဆေးဘက်ဆိုင်ရာသုတေသနအဖွဲ့၏ ကူးစက်ရောဂါများဆိုင်ရာသုတေသန အဆောက်အဦမှ စွန့်ပစ်ရေဆိုးများ Carroll မြောင်းငယ်ထဲသို့ စီးဝင်သွားခဲ့သည့် ကိစ္စရပ်ဖြစ်သည်။

အခြားဖြစ်စဉ်တစ်ခုမှာ ၂၀၂၁ ခုနှစ် ဧပြီလတွင် Frederick ၌ သေနတ်ပစ်ခတ်မှုတစ်ခုဖြစ်ပွားပြီးနောက် အခြေစိုက်စခန်း၌ သေနတ်သမားတစ်ဦး သေဆုံးခဲ့ရသည့် အဖြစ်အပျက်ကြောင့် ထိုစဉ်က အခြေစိုက်စခန်း၏ လုံခြုံရေးအပေါ် စိုးရိမ်ပူပန်မှု မြင့်တက်ခဲ့ရသည်။

မေးခွန်းများအား အဖြေရှာရန် ကြိုးပမ်းအားထုတ်မှုများသည် ညှိနှိုင်းဆွေးနွေးမှုကို ပြုလုပ်လိုခြင်းမရှိသော အခြေစိုက်စခန်းကွပ်ကဲမှုက သွားလိုသောလမ်းကြောင်းတစ်ခု၏ အစိတ်အပိုင်းတစ်ခုအဖြစ် သက်သေပြခဲ့ပြီးဖြစ်ကြောင်း ထိန်းချုပ်ဓာတ်ခွဲခန်းအသိုက်အဝန်းအကြံပေးကော်မတီ(CLCAC) ဥက္ကဌ Matthew Sharkey ၏ ပြောကြားချက်ကို ကိုးကား၍ အစီရင်ခံစာတွင်ဖော်ပြထားသည်။(Xinhua)

——————————

Lack of information transparency at Fort Detrick causes concern

NEW YORK, March 8 (Xinhua) — A committee responsible for providing feedback on containment labs at Fort Detrick worried about the transparency of information provided by the army base, U.S. military’s independent newspaper Stars and Stripes has reported.
The Containment Laboratory Community Advisory Committee (CLCAC) saw “little transparency” on two major incidents, according to the report on Sept. 23, 2021.

One was that waste water from a facility of U.S. Army Medical Research Institute of Infectious Diseases went into Carroll Creek in a flooding incident in May 2018, which was denied by Fort Detrick.
The other was that a gunman was killed at the base after a shooting incident in Frederick in April 2021, raising concern over the security of the base.
The report quoted CLCAC Chairman Matthew Sharkey as saying that efforts to find answers to the questions have proven to be part of a pattern of the base’s command not wanting to engage in discussion.