Connect with us

Asia

သဘာဝနေရာ ၄ ခုနှင့် ယဉ်ကျေးမှုနေရာ ၃ ခုအား ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းတွင် ယူနက်စကို ထည့်သွင်း

ပဲရစ်၊ ဇူလိုင် ၂၇ ရက် (ဆင်ဟွာ)

သဘာဝနေရာ ၄ ခုနှင့် ယဉ်ကျေးမှုနေရာ ၃ ခုအား ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့ (UNESCO) ၏ ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ်စာရင်းတွင် ဇူလိုင် ၂၆ ရက်က ထည့်သွင်းလိုက်ကြောင်း သိရသည်။ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ်စာရင်းတွင် ထည့်သွင်းထားသော သဘာဝနေရာများမှာ ဂျပန်နိုင်ငံရှိ သက်ရှိမျိုးကွဲများ ကြွယ်ဝသော ကျွန်း ၄ ကျွန်း၊ တောင်ကိုရီးယားနိုင်ငံရှိ ဘူမိမျိုးကွဲနှင့် သက်ရှိမျိုးကွဲ ကမ်းရိုးတန်းဧရိယာ၊ ထိုင်းနိုင်ငံရှိ မလေးပင်နီဆူလာတစ်လျှောက်ရှိ တောင်တန်းတစ်စိတ်တစ်ပိုင်းနှင့် ဂျော်ဂျီယာနိုင်ငံရှိ ပင်လယ်နက်၏ အရှေ့ဘက်ကမ်းရိုးတန်းတစ်လျှောက် စင်္ကြံတစ်ခု တို့ ဖြစ်သည်။

ထို့ပြင် ယဉ်ကျေးမှုနေရာ ၃ ခုမှာမူ နယ်သာလန် ရေပြင်ကာကွယ်ရေးလိုင်းများ၊ တူရကီနိုင်ငံရှိ Arslantepe Mound ရှေးဟောင်းသုတေသနနေရာနှင့် ဘယ်လ်ဂျီယံနိုင်ငံနှင့် နယ်သာလန်နိုင်ငံရှိ Colonies of Benevolence တို့ဖြစ်ကြောင်း သိရသည်။

ပဲရစ်အခြေစိုက် ယူနက်စကို ကမ္ဘာ့အမွေအနှစ်ကော်မတီက တရုတ်နိုင်ငံ ဖူကျိုးမြို့တွင် အွန်လိုင်းမှ ဦးစီးကျင်းပသော ၄၄ ကြိမ်မြောက် အစည်းအဝေး၌ ကြေညာခဲ့ခြင်းဖြစ်သည်။အဆိုပါ စာရင်းတွင် ပါဝင်သော ဟက်တာ ၄၂,၆၉၈ ရှိသော အပူပိုင်း မိုးသစ်တောများကို စုပေါင်းထားသည့် ဂျပန်နိုင်ငံ အနောက်တောင်ဘက်ရှိ ကျွန်း၄ ကျွန်း လူသားများ လုံးဝအခြေချနေထိုင်ခြင်းမရှိကြောင်းနှင့် မြင်တွေ့ရလေ့ရှိသော မျိုးစိတ်မြောက်များစွာရှိပြီး သက်ရှိမျိုးကွဲတန်ဖိုး ကြွယ်ဝစွာ ရှိကြောင်း၊ ယင်းအနက် အများစုမှာ ကမ္ဘာ့ခြိမ်းခြောက်မှုနှင့် ရင်ဆိုင်နေရကြောင်းနှင့် အချို့မှာမူ ကမ္ဘာပေါ်ရှိ မည်သည့်နေရာတွင်မှ တွေ့ရခြင်းမရှိသေးကြောင်း ကော်မတီက ဆိုသည်။

တောင်ကိုရီးယားနိုင်ငံရှိ စာရင်းဝင်နေရာတွင် ပန်းနှင့် တိရစ္ဆာန်မျိုးစိတ် ၂,၁၅၀ ခု အပါအဝင် သက်ရှိမျိုးကွဲ ကြွယ်ဝစွာ တည်ရှိကြောင်း သိရသည်။

ဘယ်လ်ဂျီယံ-နယ်သာလန် နိုင်ငံများရှိ အဆောက်အဦများ စုပေါင်းထားခြင်းဖြစ်ပြီး ဘယ်လ်ဂျီယံနိုင်ငံရှိ ကိုလိုနီနေရာတစ်ခုနှင့် နယ်သာလန်နိုင်ငံရှိ နေရာ ၃ ခု တို့ဖြစ်သည်။ “၁၉ ရာစုက လူမှုဆိုင်ရာ ပြုပြင်ပြောင်းလဲမှု၊ ဝေးလံခေါင်ဖျားသော ဒေသများ၌ လယ်ယာစိုက်ပျိုးရေး ကိုလိုနီ တည်ထောင်ခြင်းဖြင့် မြို့ပြဆင်းရဲနွမ်းပါးမှု လျော့ပါးစေရန် ကြိုးပမ်းအားထုတ်မှုကို အတူတကွ ထုတ်ဖော်ပြသထားပါတယ်” ဟု ကော်မတီက ဆိုသည်။

ယူနက်စကို၏ ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ် စာရင်းရှိ နေရာများ ဖော်ပြခြင်းသည် ဇူလိုင် ၂၈ ရက်အထိ ဆက်လက်ဖော်ပြသွားရန် စီစဉ်ထားကြောင်း သိရသည်။ (Xinhua)

#UNESCO, #WorldHeritageList, #Xinhua, #Myanmar, #XinhuaMyanmar, #ယူနက်စကို, #ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်စာရင်း, #ဆင်ဟွာ

———————————————-
(English Version)

UNESCO adds four natural, three cultural sites to World Heritage List

PARIS, July 26 (Xinhua) — Four natural sites and three cultural sites were added to the United Nations Educational, Scientific and Cultural Organization’s (UNESCO) World Heritage List on Monday.
The natural sites are four islands with rich biodiversity in Japan; a coastal area of geodiversity and biodiversity in the Republic of Korea; part of the mountain ridge running down the Malay Peninsula in Thailand; and a corridor along the eastern coast of the Black Sea in Georgia.

The three cultural sites are the Dutch Water Defence Lines; the Arslantepe Mound archaeological tell in Turkey; and the Colonies of Benevolence in Belgium and the Netherlands.
The World Heritage Committee of the Paris-based UNESCO made the announcement during its 44th session held online and chaired from Fuzhou, China.

The four islands on a chain in the southwest of Japan, encompassing 42,698 hectares of subtropical rainforests, are entirely uninhabited by humans and have high biodiversity value with a very high percentage of endemic species, many of them globally threatened and some having no living relatives anywhere in the world, the committee said.

The South Korean site, situated in the eastern Yellow Sea, hosts a rich biodiversity, with reports of 2,150 species of flora and fauna, including 22 globally threatened or near-threatened species.
The Kaeng Krachan Forest Complex in Thailand and the Colchic Rainforests and Wetlands in Georgia are also home to rich biodiversity, where a number of endemic and globally endangered species have been reported.

In the cultural sites category, the Arslantepe Mound in Turkey is a 30-metre-tall archaeological tell that testifies to its occupation from at least the 6th millennium B.C. up until the late Roman period.

For the Dutch Water Defence Lines, a new waterline has been added to the famous flood defence systems in the Netherlands, already inscribed in the list in 1996.
The Belgian-Dutch transnational serial property encompasses four cultural landscapes with one colony in Belgium and three in the Netherlands. “Together they bear witness to a 19th century experiment in social reform, an effort to alleviate urban poverty by establishing agricultural colonies in remote locations,” the committee said.

The inscription of sites on UNESCO’s World Heritage List is scheduled to continue through July 28. ■
Aerial photo taken on July 16, 2021 shows the Fuzhou Strait International Conference & Exhibition Center, the main venue for the 44th session of the World Heritage Committee of UNESCO, in Fuzhou, capital of southeast China’s Fujian Province. (Xinhua/Song Weiwei)