Connect with us

Politics, Law & Military

သမ္မတရှီကျင့်ဖိန်က တရုတ်နိုင်ငံက အာရှ-ပစိဖိတ်ဒေသအတွက် ကြီးမားသောအခွင့်အလမ်းများ ဖန်တီးပေးသွားမည်ဟု ပြောကြား

ပေကျင်း ၊ နိုဝင်ဘာ ၁၁ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က တရုတ်နိုင်ငံသည် ခေတ်မီဆိုရှယ်လစ်နိုင်ငံတစ်နိုင်ငံအဖြစ် ကိုယ်တိုင် အပြည့်အဝတည်ဆောက်နိုင်ရေး ခရီးသစ်တစ်ခုအား စတင်ခဲ့ပြီ ဖြစ်ကြောင်း နှင့် ယင်းမှာ အာရှ-ပစိဖိတ်ဒေသအတွက် ကြီးမားသောအခွင့်အလမ်းများ ဖန်တီးပေးသွားမည်ကြောင်း ယနေ့ နိုဝင်ဘာ ၁၁ ရက်တွင် ပြောကြားခဲ့သည်။ရှီက ယင်းမှတ်ချက်အား အာရှ-ပစိဖိတ် စီးပွါးရေး ပူးပေါင်းဆောင်ရွက်မှု ခေါင်းဆောင်များ ထိပ်သီးအစည်းအဝေးသို့ ရုပ်သံမှတစ်ဆင့် တက်ရောက်မိန့်ခွန်းပြောကြားစဉ် ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

တရုတ်နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုသည် ပြီးခဲ့သည့်နှစ်များအတွင်း အာရှ-ပစိဖိတ် ပူးပေါင်းဆောင်ရွက်မှုလုပ်ငန်းစဉ်၏ အရေးပါသောအစိတ်အပိုင်းတစ်ခု ဖြစ်ကြောင်း ၊ တရုတ်နိုင်ငံသည် သတ်မှတ်ထားသည့် အချိန်ဘောင်အတွင်း အသင့်အတင့် ကြွယ်ဝချမ်းသာသော လူ့အဖွဲ့အစည်းတစ်ခုအား အပြည့်အဝတည်ဆောက်ရေးပန်းတိုင်ကို ရရှိခဲ့ကြောင်း ၊ အလုံးစုံဆင်းရဲနွမ်းပါးမှု ပပျောက်ရေးတွင် သမိုင်းဝင်အောင်မြင်မှုတစ်ခု ရယူနိုင်ခဲ့ကြောင်း နှင့် ခေတ်မီဆိုရှယ်လစ်နိုင်ငံတစ်နိုင်ငံအဖြစ် အပြည့်အဝတည်ဆောက်နိုင်ရေး ခရီးသစ်တစ်ခုအား စတင်ခဲ့ပြီ ဖြစ်ကြောင်း သမ္မတရှီက မှတ်ချက်ပြုခဲ့သည်။“ဒါက ကျွန်တော်တို့ ဒေသအတွက် ကြီးမားတဲ့အခွင့်အလမ်းတွေကို ဖန်တီးပေးသွားပါမယ်”ဟု ရှီက ပြောကြားခဲ့သည်။

တရုတ်နိုင်ငံသည် ဒေသတွင်း စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် တွန်းအားထည့်သည်နှင့်အမျှ ပြုပြင်ပြောင်းလဲရေး နှင့် ပွင့်လင်းမြင်သာမှုတို့အား မြှင့်တင်ခြင်း ၊ မျက်နှာစာအားလုံးတွင် အစိမ်းရောင်အသွင်ကူးပြောင်းရေးကို ရှေ့ရှုရေး ၊ အာရှ-ပစိဖိတ် နှင့် အခြားတစ်ဘက်တွင် ဂေဟစနစ်ထိန်းသိမ်းမှုကို မြှင့်တင်ရန် ထောက်ပံ့မှုပေးအပ်ခြင်းများ ပြုလုပ်ရေးတို့တွင် ခိုင်မာစွာ ဆက်လက်ရှိနေမည် ဖြစ်ကြောင်း ရှီက ပြောကြားခဲ့သည်။

တရုတ်နိုင်ငံအနေဖြင့် win-win ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်သွားရေး နှင့် ဒေသစီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူပြုရေးတို့ကို ကတိပြုထားကြောင်းလည်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။ (Xinhua)

#China #XiJinping #APEC #speech #တရုတ်နိုင်ငံ #ရှီကျင့်ဖိန် #မိန့်ခွန်း #ဆင်ဟွာ #xinhua #myanmar #xinhuamyanmar

——————————————-
(English Version)

China will create greater opportunities for Asia-Pacific region: Xi

BEIJING, Nov. 11 (Xinhua) — Chinese President Xi Jinping said on Thursday that China has embarked on a new journey toward fully building itself into a modern socialist country, and this will create greater opportunities for the Asia-Pacific region.

Xi made the remarks while delivering a keynote speech at the Asia-Pacific Economic Cooperation CEO Summit via video.
Xi noted that China’s economic development has been an integral part of the Asia-Pacific cooperation process over the years. China has attained the goal of fully building a moderately prosperous society within the set time frame, secured a historic success in eradicating absolute poverty, and embarked on a new journey toward fully building itself into a modern socialist country.

“This will create greater opportunities for our region,” Xi said.
China will remain firm in advancing reform and opening-up so as to add impetus to economic development in the region, and advance green transition on all fronts and make its due contribution to boosting ecological conservation in the Asia-Pacific and beyond, Xi said.

The country will also stay committed to promoting win-win cooperation and contribute to the economic development of the region, he added. ■
Photo – Chinese President Xi Jinping delivers a keynote speech at the Asia-Pacific Economic Cooperation (APEC) CEO Summit via video, in Beijing, capital of China, Nov. 11, 2021. (Xinhua/Li Xueren)