Connect with us

Asia

သမ္မတဟောင်း မားကို့စ်၏သားနှင့် အထက်လွှတ်တော်အမတ် Lacson တို့ ဖိလစ်ပိုင် သမ္မတရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန် ကိုယ်စားလှယ်လောင်းစာရင်းသွင်း

မနီလာ၊ အောက်တိုဘာ ၆ ရက် (ဆင်ဟွာ)

ဖိလစ်ပိုင်နိုင်ငံ သမ္မတဟောင်း ဖာဒီနန် မားကို့စ်၏ တစ်ဦးတည်းသောသား ဖာဒီနန် မားကို့စ် ဂျူနီယာ (Ferdinand Marcos Jr) နှင့် အထက်လွှတ်တော်အမတ် ပန်ဖီလို လက်ဆန် (Panfilo Lacson) တို့သည် ၂၀၂၂ ခုနှစ် ရွေးကောက်ပွဲတွင် သမ္မတရွေးကောက်ပွဲအတွက် ကိုယ်စားလှယ်လောင်း အသိအမှတ်ပြုလက်မှတ်များကို အောက်တိုဘာ ၆ ရက်၌ စာရင်းသွင်းခဲ့ကြောင်း သိရသည်။

အသက် ၆၄ နှစ်အရွယ် မားကို့စ်သည် ၎င်းဥက္ကဋ္ဌအဖြစ် တာဝန်ယူထားသည့် သက်တမ်းသုံးနှစ်သာရှိသေးသော Partido Federal ng Pilipinas ပါတီ၏ ခေါင်းဆောင်ဖြစ်သည်။

ဖိလစ်ပိုင်နိုင်ငံ Pasay City ရှိ Sofitel Harbor Garden Tent တွင် ၂၀၂၂ ခုနှစ် မေလတွင် ပြုလုပ်မည့် သမ္မတရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်ရန် ကိုယ်စားလှယ်လောင်း အသိအမှတ်ပြုလက်မှတ် ဖြည့်စွက်ပြီးနောက် မီဒီယာအား စကားပြောကြားနေသည့် ဖာဒီနန် မားကို့စ်ဂျူနီယာအား အောက်တိုဘာ ၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

မားကို့စ်သည် အသက် ၂၄ နှစ်အရွယ် ၁၉၈၁ ခုနှစ်က ၎င်း၏ဖခင် သမ္မတဖြစ်နေချိန်တွင် Ilocos Norte ပြည်နယ်၏ ဒုတိယပြည်နယ်အုပ်ချုပ်ရေးမှူး အဖြစ် ရွေးချယ်ခြင်းခံခဲ့ရသည်။ ထို့နောက် ၂၀၁၀ ပြည့်နှစ်မှ ၂၀၁၆ ခုနှစ်အထိ အထက်လွှတ်တော်အမတ်အဖြစ် သက်တမ်းတစ်ကြိမ် မထမ်းဆောင်မီ Ilocos Norte ပြည်နယ် အုပ်ချုပ်ရေးမှူးနှင့် ကွန်ဂရက်လွှတ်တော်အမတ်အဖြစ် အနိုင်ရရှိခဲ့သည်။

ဖိလစ်ပိုင်နိုင်ငံ Pasay City ရှိ Sofitel Harbor Garden Tent တွင် ၂၀၂၂ ခုနှစ် မေလတွင် ပြုလုပ်မည့် သမ္မတရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်ရန် ကိုယ်စားလှယ်လောင်း အမည်စာရင်းသွင်းပြီးနောက် ၎င်း၏ကိုယ်စားလှယ်လောင်း အသိအမှတ်ပြုလက်မှတ်အားပြသနေသည့် ဖာဒီနန် မားကို့စ်ဂျူနီယာအား အောက်တိုဘာ ၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

၎င်းသည် ၂၀၁၆ ခုနှစ်က ဒုတိယသမ္မတလောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော်လည်း ရှုံးနိမ့်ခဲ့သည်။အသက် ၇၃ နှစ်အရွယ် လက်ဆန်သည် ၎င်း၏ရွေးကောက်ပွဲဝင်မိတ်ဖက် အသက် ၇၃ နှစ်ရှိသော အထက်လွှတ်တော်အမတ် Vicente Sotto lll နှင့်အတူ ၎င်း၏သမ္မတလောင်းအသိအမှတ်ပြုလက်မှတ် စာရင်းသွင်းခဲ့ခြင်း ဖြစ်သည်။

ဖိလစ်ပိုင်နိုင်ငံ Pasay City ရှိ Sofitel Harbor Garden Tent တွင် ၂၀၂၂ ခုနှစ် မေလတွင် ပြုလုပ်မည့် သမ္မတရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်ရန် ကိုယ်စားလှယ်လောင်း အမည်စာရင်းသွင်းပြီးနောက် ၎င်း၏ကိုယ်စားလှယ်လောင်း အသိအမှတ်ပြုလက်မှတ်အားပြသနေသည့် ဖာဒီနန် မားကို့စ်ဂျူနီယာအား အောက်တိုဘာ ၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

လက်ဆန်သည် ၎င်းဥက္ကဋ္ဌအဖြစ် တာဝန်ယူထားသော Partido Reporma ပါတီ၏ ခေါင်းဆောင်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။ ဟာသသရုပ်ဆောင်ဟောင်း Sotto ကမူ Nationalist People’s Coalition ပါတီ၏ ဥက္ကဋ္ဌဖြစ်သည်။

ယခုလို သမ္မတအဖြစ် ဝင်ရောက်ယှဉ်ပြိုင်မှုသည် ၂၀၀၄ ခုနှစ်က ပထမဆုံးယှဉ်ပြိုင်ပြီးနောက် ဒုတိယအကြိမ် ထပ်မံကြိုးပမ်းအားထုတ်မှုလည်း ဖြစ်သည်။

ဖိလစ်ပိုင်နိုင်ငံ Pasay City ရှိ Sofitel Harbor Garden Tent တွင် ၂၀၂၂ ခုနှစ် မေလတွင် ပြုလုပ်မည့် သမ္မတရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်ရန် ကိုယ်စားလှယ်လောင်း အမည်စာရင်းသွင်းပြီးနောက် ၎င်း၏ကိုယ်စားလှယ်လောင်း အသိအမှတ်ပြုလက်မှတ်အားပြသနေသည့် ဖာဒီနန် မားကို့စ်ဂျူနီယာအား အောက်တိုဘာ ၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဖိလစ်ပိုင်စစ်တက္ကသိုလ်မှ ဘွဲ့ရရှိထားသော လက်ဆန်သည် ၁၉၇၁ ခုနှစ်က ရဲတပ်ဖွဲ့သို့ ဝင်ရောက်ခဲ့ပြီး ဖိလစ်ပိုင် အမျိုးသားရဲတပ်ဖွဲ့ အကြီးအကဲအဖြစ် ၁၉၉၉ ခုနှစ်မှ ၂၀၀၁ ခုနှစ်အထိ တာဝန်ထမ်းဆောင်ခဲ့သည်။ ၎င်းသည် ၂၀၀၁ ခုနှစ်တွင် ဆီးနိုတ်လွှတ်တော်အမတ်အဖြစ် ရွေးချယ်ခြင်းခံခဲ့ရသည်။

ဖိလစ်ပိုင်နိုင်ငံ Pasay City ရှိ Sofitel Harbor Garden Tent တွင် ၂၀၂၂ ခုနှစ် မေလတွင် ပြုလုပ်မည့် သမ္မတရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်ရန် ကိုယ်စားလှယ်လောင်း အမည်စာရင်းသွင်းပြီးနောက် ၎င်း၏ကိုယ်စားလှယ်လောင်း အသိအမှတ်ပြုလက်မှတ်အားပြသနေသည့် ဖာဒီနန် မားကို့စ်ဂျူနီယာအား အောက်တိုဘာ ၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

၂၀၂၂ ခုနှစ် ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် နိုင်ငံရေးသမားများ၏ ကိုယ်စားလှယ်လောင်း အသိအမှတ်ပြုလက်မှတ်များအား အောက်တိုဘာ ၁ ရက်၌ စတင်လက်ခံခဲ့သည်။ ဖိလစ်ပိုင် လက်ဝှေ့အကျော်အမော်နှင့် အထက်လွှတ်တော်အမတ် မန်နီ ပက်ကွီအို၊ မနီလာမြို့ မြို့တော်ဝန် Francisco Domagoso တို့သည် သမ္မတလောင်းအသိအမှတ်ပြုလက်မှတ်များကို တင်သွင်းခဲ့ကြပြီးဖြစ်သည်။ မှတ်ပုံတင်ခြင်းကို အောက်တိုဘာ ၈ ရက်တွင် ပိတ်သိမ်းမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)

…………………………………………
(English Version)

Son of former president Marcos, Senator Lacson file candidacy for Philippine presidential election

MANILA, Oct. 6 (Xinhua) — Ferdinand Marcos Jr, the only son of former Philippine President Ferdinand Marcos, and Senator Panfilo Lacson filed on Wednesday their certificates of candidacy for president in the 2022 national elections.

Marcos, 64, is the standard-bearer of Partido Federal ng Pilipinas, a three-year-old political party that he chairs.
Marcos was first elected vice-governor of Ilocos Norte in 1981 at 24 when his father was president. He won as governor and congressman of Ilocos Norte before serving as a senator for one term from 2010 to 2016. He also ran for the vice presidency in 2016 but failed.

Lacson, 73, submitted his certificate with his running-mate Senate President Vicente Sotto lll, also 73.
Lacson will run as the standard-bearer of Partido Reporma, a political party he chairs. Sotto, a former comedian, chairs the political party Nationalist People’s Coalition.
It will be Lacson’s second attempt to run for the presidency after his first bid in 2004.

A graduate of the Philippine Military Academy, Lacson joined the police force in 1971 and served as chief of the Philippine National Police from 1999 to 2001. He was elected to the senate in 2001.
The poll body started accepting on October 1 the candidacy certificates of politicians who plan to run in the May 2022 elections. Philippine boxing icon and Senator Manny Pacquiao, Manila City Mayor Francisco Domagoso have also filed the certificates of candidacy so far. The poll body closes the registration on October 8. Enditem

Photo : 1, 2, 3 – Ferdinand Marcos Jr. speaks to the media after filing his certificate of candidacy to join the May 2022 presidential race at Sofitel Harbor Garden Tent in Pasay City, the Philippines, Oct. 6, 2021.
(Xinhua/Rouelle Umali)
4,5,6,7 – PASAY CITY, Oct. 6, 2021 (Xinhua) — Ferdinand Marcos Jr. shows his certificate of candidacy after filing his candidacy to join the May 2022 presidential race at Sofitel Harbor Garden Tent in Pasay City, the Philippines, Oct. 6, 2021.