Connect with us

Asia

သီရိလင်္ကာနိုင်ငံက Sinopharm ကာကွယ်ဆေးများ ထပ်မံ ရရှိ

သီရိလင်္ကာနိုင်ငံ ကိုလံဘိုမြို့၌ ဇူလိုင် ၁၁ ရက်က တရုတ်နိုင်ငံထုတ် Sinopharm ကာကွယ်ဆေးများအား အလုပ်သမားများက သယ်ယူနေစဉ်(ဆင်ဟွာ)

ကိုလံဘို ၊ ဇူလိုင် ၁၂ ရက်(ဆင်ဟွာ)

သီရိလင်္ကာနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနက ဇူလိုင် ၁၁ ရက်တွင် တရုတ်နိုင်ငံမှ Sinopharm ကာကွယ်ဆေး နောက်ထပ်တစ်သုတ် ထပ်မံ လက်ခံရရှိခဲ့ကြောင်း သိရသည်။အဆိုပါ ကာကွယ်ဆေးများသည် ဇူလိုင် ၁၁ ရက်အစောပိုင်းတွင် Bandaranaike အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ သီရိလင်္ကာလေကြောင်းလိုင်း နှစ်ခုဖြင့် ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။

သီရိလင်္ကာနိုင်ငံ ကိုလံဘိုမြို့၌ ဇူလိုင် ၁၁ ရက်က တရုတ်နိုင်ငံထုတ် Sinopharm ကာကွယ်ဆေးများအား အလုပ်သမားများက သယ်ယူနေစဉ်(ဆင်ဟွာ)

ကျန်းမာရေးဝန်ကြီးဌာနမှ တရားဝင်စာရင်းဇယားများအရ သီရိလင်္ကာနိုင်ငံ၌ ယနေ့အထိ လူ ၃ သန်းနီးပါး Sinopharm ကာကွယ်ဆေး ထိုးနှံမှု ခံယူထားကြောင်း ၊ ယင်းကာကွယ်ဆေးသည် ပြည်သူများအကြား ထိုးနှံရန် ဦးဆောင်ကာကွယ်ဆေး ဖြစ်ခဲ့ကြောင်း သိရသည်။

ဆေးထိုးနှံထားသည့် လူ ၃ သန်းနီးပါး အနက် ၁ သန်းကျော်သည် ဒုတိယအကြိမ် ကာကွယ်ဆေး ထိုးနှံထားပြီး ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန စာရင်းဇယားများတွင် ဖော်ပြထားသည်။
ကြည်းတပ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး Shavendra Silva က လာမည့်ရက်သတ္တပတ်များအတွင်း ကာကွယ်ဆေးများ ထပ်မံရရှိနိုင်မည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

သီရိလင်္ကာနိုင်ငံ သမ္မတ Gotabaya Rajapaksa က စက်တင်ဘာလမတိုင်မီ COVID-19 ရောဂါတိုက်ဖျက်ရေး နိုင်ငံလူဦးရေ အများစုအား ကာကွယ်ဆေးထိုးနှံရန် ကျယ်ပြန့်သောလုပ်ငန်းစဉ်ကို ပြီးခဲ့သောအပတ်တွင် တင်ပြခဲ့ကြောင်း သိရသည်။

သီရိလင်္ကာနိုင်ငံသည် လက်ရှိတွင် COVID-19 ရောဂါတတိယလှိုင်းဖြင့် ရင်ဆိုင်ကြုံတွေ့နေရပြီး တာဝန်ရှိသူများက Delta မျိုးဗီဇကွဲ ပြန့်နှံ့မှုကို သတိပေးထားကြောင်း သိရသည်။

သီရိလင်္ကာနိုင်ငံသည် ၂၀၂၀ ပြည့်နှစ် မတ်လတွင် ပထမဆုံး COVID-19 ပြည်တွင်းလူနာ တွေ့ရှိချိန်မှ စ၍ လူနာပေါင်း ၂၇၃,၀၃၁ ဦး ရှိလာခဲ့ပြီး သေဆုံးသူ ၃,၄၆၇ ဦး ရှိကြောင်း သိရသည်။ (Xinhua)

———————————————
(English Version)
Sri Lanka receives more Sinopharm vaccines

COLOMBO, July 12 (Xinhua) — Sri Lanka’s Health Ministry on Sunday received another batch of Sinopharm vaccines from China.

The vaccines arrived onboard two Sri Lankan Airlines flights which arrived at the Bandaranaike International Airport early Sunday morning.

According to official statistics from the Health Ministry, nearly 3 million people have received the Sinopharm vaccines in Sri Lanka to date, making it the leading vaccine to be administered among the general public.

Out of the nearly 3 million people jabbed, over 1 million have received their second injections as well, Health Ministry statistics showed.

Army Commander General Shavendra Silva said that more doses were expected in the coming weeks.

Sri Lankan President Gotabaya Rajapaksa last week put forward a comprehensive mechanism to vaccinate a majority of the Sri Lankan population against the COVID-19 virus before September.
Sri Lanka is presently facing a third wave of the COVID-19 virus with authorities warning of a spread of the Delta variant.

The country has to date recorded 273,031 COVID-19 patients since the first local patient was detected in March last year, while 3,467 deaths have been reported.■

Photo 1.Staff members unload China’s Sinopharm vaccines in Colombo, Sri Lanka, July 11, 2021. (Photo by Ajith Perera/Xinhua)

Photo 2.Staff members unload China’s vaccines at the Bandaranaike International Airport in Colombo, Sri Lanka, July 11, 2021. (Bandaranaike International Airport/Handout via Xinhua)