Connect with us

Media

သီရိလင်္ကာနိုင်ငံသို့တင်ပို့မည့် ဥမင်တူးစက်ကြီးထုတ်လုပ်ပြီးစီးပြီဖြစ်

ချန်းရှ၊ ဇန်နဝါရီ ၁၀ ရက် (ဆင်ဟွာ)
သီရိလင်္ကာနိုင်ငံသို့တင်ပို့မည့် တရုတ်နိုင်ငံ ကုမ္ပဏီတစ်ခုမှထုတ်လုပ်သည့် ဥမင်တူးစက်ကြီးတစ်ခုကို ဇန်နဝါရီ၆ရက်က ထုတ်လုပ်ပြီးစီးခဲ့ကြောင်းသိရသည်။
ထိုစက်ကြီးအား ချန်းရှရှိ China Railway Construction Heavy Industry Corporation ဌာနခွဲတစ်ခုမှထုတ်လုပ်ခဲ့သည်။
စက်ကြီးမှာအချင်း ၇.၆ မီတာရှိပြီး ၎င်းအား သီရိလင်္ကာနိုင်ငံတွင်ရေလွှဲစီမံကိန်းတစ်ခု၌အသုံးပြုသွားရန်ဖြစ်ကြောင်းသိရသည်။
သီရိလင်္ကာနိုင်ငံရှိ အရှည် ၂၇ ကီလိုမီတာရှိစီမံကိန်းကြီးသည် နိုင်ငံအတွင်းအရှည်ဆုံးနဲ့ အမာကျောဆုံးကျောက်သားများအားထွင်းထုဖောက်လုပ်ရသည့်ဥမင်တူးဖော်ရေးစီမံကိန်းကြီးတစ်ခုဖြစ်ကြောင်းသတင်းများကဖော်ပြကြသည်။ သီရိလင်္ကာနိုင်ငံ၌ ဆည်မြောင်းကဏ္ဍနှင့် မိုးခေါင်ရေရှားမှုအား တားဆီးရာတွင်ထိုစီမံကိန်းကအထောက်အပံ့ဖြစ်စေရန်ရည်ရွယ်ကြောင်းသိရသည်။   (Xinhua)
…………………………..
(English Version)
GLOBALink | Tunnel boring machine for export to Sri Lanka rolls off production line in China
CHANGSHA, Jan. 7 (Xinhua) — A giant tunnel-boring machine (TBM) made by a Chinese company for export to Sri Lanka rolled off the assembly line on Thursday.
The machine was developed by a branch of the China Railway Construction Heavy Industry Corporation in Changsha.
The TBM with a diameter of 7.6 meters is about to be used in a water diversion project in Sri Lanka.
Reports say the 27-km project in Sri Lanka will be the longest hard rock tunneling project in the country.
It’s expected to help with irrigation and alleviate droughts and floods in Sri Lanka.

Produced by Xinhua Global Service