Connect with us

Asia

သီရိလင်္ကာနိုင်ငံ၌ သွေးလွန်တုပ်ကွေးဗိုင်းရပ်စ်ကူးစက်ခံရသူ ၁၇,၀၀၀ ကျော်ရှိပြီး ၇ဦးသေဆုံး

ကိုလံဘို၊ သြဂုတ် ၁၃ ရက် (ဆင်ဟွာ)

ယခုနှစ်တွင် သီရိလင်္ကာနိုင်ငံ၌ သွေးလွန်တုပ်ကွေးရောဂါကူးစက်ခံရသူ ၁၇,၀၀၀ ကျော်အထိ မြင့်တက်ခဲ့ပြီး လက်ရှိအချိန်ထိ သေဆုံးသူ ၇ ဦးရှိကြောင်း ကျန်းမာရေးအရာရှိများက သြဂုတ် ၁၂ ရက်တွင် ပြောကြားခဲ့သည်။မကြာသေးမီက အတည်ပြုထားသော သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူ ၃၀၀ကျော်ရှိပြီး ၉၀ ကျော်မှာ ကိုလံဘိုမြို့မှ ဖြစ်ကြောင်း ၎င်းတို့ကဆိုသည်။
ခြင်အရေအတွက်တိုးပွားလာခဲ့ကြောင်းနှင့်လာမည့်ရက်များအတွင်းအထူးသဖြင့်မြို့ပြဒေသ နှင့် မြို့ပြတစ်ပိုင်းဒေသများတွင် သွေးလွန်တုပ်ကွေးပြန့်ပွားလာနိုင်ကြောင်း ကျန်းမာရေးအရာရှိများက သတိပေးထားသည်။

တရားဝင် အချက်အလက်များအရ ဧပြီလတွင် ၁,၈၆၀ ဦးကူးစက်ခံခဲ့ရပြီး ကူးစက်မှုအမြင့်ဆုံးဖြစ်ကြောင်း သိရသည်။
သွေးလွန်တုပ်ကွေး၏လက္ခဏာများ ဖြစ်သောအဖျားကြီးခြင်း၊ ထိန်းမနိုင်သိမ်းမရအော့အန်ခြင်း၊ ဝမ်းဗိုက်နာခြင်းသို့မဟုတ်မူးဝေခြင်းများဖြစ်လျှင်ချက်ချင်းဆေးကုသမှုခံယူရန်ဆေးပညာရှင်များက ပြည်သူလူထုအားတိုက်တွန်းထားကြောင်း သိရသည်။ (Xinhua)
—————————————————
(English Version)
7 dead, over 17,000 infected with dengue virus in Sri Lanka

COLOMBO, Aug. 12 (Xinhua) — The number of people infected with dengue fever has risen to over 17,000 in Sri Lanka so far this year and the virus has caused seven deaths, health officials here said Thursday.

Most recently, over 300 confirmed dengue cases were reported and over 90 of them were in Colombo, they said.
Health officials also said there was an increase in the mosquito population and warned of the risk of of dengue spreading further in the coming days, especially in urban and semi-urban areas.

According to official data, April saw the highest number of dengue cases with 1,860 infections.
Medical experts have urged the public to seek immediate medical service if they suffer high fever, uncontrolled vomiting, abdominal pain, or dizziness among other symptoms of the dengue fever. Enditem

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.