Connect with us

ASEAN

သီရိလင်္ကာနိုင်ငံ၌ COVID-19 ကာကွယ်ဆေး ထိုးနှံထားသူ ၁၀ သန်းကျော်ရှိ

သီရိလင်္ကာနိုင်ငံ ကိုလံဘိုမြို့၌ ဩဂုတ် ၁ ရက်တွင် COVID-19 ကာကွယ်ဆေး ထိုးနှံရန် တန်းစီနေသူများအား တွေ့ရစဉ်(ဆင်ဟွာ)

ကိုလံဘို ၊ ဩဂုတ် ၄ ရက်(ဆင်ဟွာ)

သီရိလင်္ကာနိုင်ငံ၌ ဇန်နဝါရီလနှောင်းပိုင်းတွင် ကာကွယ်ဆေး ထိုးနှံရေး အစီအစဉ် စတင်ချိန်မှစ၍ COVID-19 ကာကွယ်ဆေး ပထမအကြိမ် ထိုးနှံပြီးသူ အရေအတွက် မှာ ၁၀ သန်းကျော် ရှိခဲ့ကြောင်း ဆေးဝါးများ ထုတ်လုပ်ရေး ၊ ထောက်ပံ့မှု နှင့် စည်းမျဉ်းဆိုင်ရာ ပြည်နယ်ဝန်ကြီး Channa Jayasumana က ဩဂုတ် ၃ ရက်တွင် ပြောကြားခဲ့သည်။

သီရိလင်္ကာနိုင်ငံ၌ အသက် ၃၀ နှစ်နှင့်အထက် စုစုပေါင်း လူဦးရေ ၁၁ ဒသမ ၅ သန်း ရှိကြောင်း ၊ ကျန်ရှိသည့် လူဦးရေ ၁ ဒသမ ၅ သန်းအား မကြာမီ ကာကွယ်ဆေး ထိုးနှံပေးသွားမည် ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

“သမ္မတက သတ်မှတ်ရည်ရွယ်ထားတာက ဩဂုတ်လကုန်မတိုင်မီ အသက် ၃၀ နှစ်အထက်ရှိသူအားလုံးကို ကာကွယ်ဆေး ထိုးနှံပေးဖို့ ဖြစ်ပါတယ်။ဒါပေမယ့် ပေးထားတဲ့အချိန်မတိုင်မီ ဒီအလုပ်ကို အောင်မြင်နိုင်မယ့် အလားအလာတွေ ရှိနေတာကို အခု ကျွန်တော်တို့ ယုံကြည်ပါတယ်။”ဟု Jayasumana က ပြောကြားခဲ့သည်။

“ကျွန်တော်တို့က နိုင်ငံတွင်းမှာ ကာကွယ်ဆေးထိုးနှံရေး လှုပ်ရှားမှုကို အရှိန်မြင့်လိုက်တာနဲ့အမျှ သမ္မတက သတ်မှတ်ထားတဲ့ လုပ်ငန်းစဉ်အတိုင်း အသက် ၁၈ နှစ်နှင့် ၃၀ နှစ် အရွယ်ရှိသူအကြား ကာကွယ်ဆေး တစ်ကြိမ်ထိုးနှံနိုင်မယ်လို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်။”ဟု ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။

ကျန်းမာရေးဝန်ကြီးဌာန၏ တရားဝင်ကိန်းဂဏန်းများအရ Sinopharm သည် နိုင်ငံအနှံ့ ကာကွယ်ဆေး ထိုးနှံမှုတွင် ဦးဆောင်ထားပြီး ပထမအကြိမ် အဖြစ် ကာကွယ်ဆေး အကြိမ်ရေ ၈,၂၈၄,၄၆၃ စာ ထိုးနှံထားကြောင်း သိရသည်။ (Xinhua)
——————————————————–
(English Version)

Over 10 million people in Sri Lanka receive COVID-19 vaccines

COLOMBO, Aug. 3 (Xinhua) — Sri Lanka has crossed the 10-million mark in administering the first doses of the COVID-19 vaccines since the vaccination program rolled out in late January, State Minister of Production, Supply and Regulation of Pharmaceuticals Channa Jayasumana said here Tuesday.

Jayasumana said the total population above 30 years of age in Sri Lanka was 11.5 million, adding the remaining 1.5 million would be administered the vaccines soon.
“The target set by the President is to vaccinate all those who are above 30 years of age before the end of August. However, we are now confident that we have the potential to achieve this task even before the given time,” Jayasumana told reporters.

“As we have accelerated the vaccination drive in the country, we are hopeful that the individuals between 18 and 30 years old would also be vaccinated once the task set by the President is over,” the official added.

According to official figures from the Health Ministry, Sinopharm is the leading vaccine being administered across the country with 8,284,463 doses being administered as the first doses. Enditem

Photo – People queue up to receive COVID-19 vaccine in Colombo, Sri Lanka, Aug. 1, 2021. Sri Lankan authorities on Sunday set up several vaccination centers across the Western Province which includes capital Colombo to administer the second doses of the AstraZeneca vaccines after over 700,000 doses arrived in the country on Saturday. (Photo by Ajith Perera/Xinhua)