Connect with us

Asia

သီရိလင်္ကာနိုင်ငံ သမ္မတက ၇၄ နှစ်မြောက် လွတ်လပ်ရေးနေ့တွင် အကျဉ်းသား ၁၉၇ ဦးအား လွတ်ငြိမ်းချမ်းသာခွင့်ပြု

သီရိလင်္ကာနိုင်ငံ၊ ကိုလံဘိုမြို့ ၌ သီရိလင်္ကာသမ္မတ Gotabaya Rajapaksa က သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုပြီးနောက် ၎င်း၏ပထမဆုံးနှစ်ပတ်လည် အထိမ်းအမှတ်မိန့်ခွန်းကို ၂၀၂၀ပြည့်နှစ်၊ နိုဝင်ဘာ ၁၈ ရက်တွင်ပြောကြားခဲ့စဉ် (ဓာတ်ပုံ-- Sri Lankan President's Media Division/Handout via Xinhua)

ကိုလံဘို၊ ဖေဖော်ဝါရီ ၄ ရက် (ဆင်ဟွာ)

သီရိလင်္ကာနိုင်ငံ သမ္မတ Gotabaya Rajapaksa သည် သီရိလင်္ကာနိုင်ငံ၏ ၇၄ နှစ်မြောက် လွတ်လပ်ရေးနေ့တွင် အကျဉ်းသား ၁၉၇ ဦးအား ဖေဖော်ဝါရီ ၄ ရက်တွင် လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့ကြောင်း အစိုးရ ပြန်ကြားရေးဌာနက ပြောကြားခဲ့သည်။

ကိုလံဘိုမြို့ရှိ Welikada အကျဉ်းထောင်တွင် ကျင်းပသည့် အခမ်းအနားတစ်ခုတွင် အဆိုပါ အကျဉ်းသားများကို လွှတ်ပေးခဲ့ကြောင်း သိရသည်။

လွတ်မြောက်လာသူများသည် သာမည ပြစ်ဒဏ်များ ကျခံနေရသူများဖြစ်ပြီး ၎င်းတို့အနက် အချို့မှာ ၎င်းတို့၏ ဒဏ်ငွေများကို ပေးဆောင်နိုင်ခြင်း မရှိကြကြောင်း အကျဉ်းထောင်၏ ပြောရေးဆိုခွင့်ရှိသူ Chandana Ekanayake က ပြောခဲ့သည်။ သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွတ်မြောက်လာသူများတွင် အသက် ၆၅ နှစ်အထက် အကျဉ်းသားများနှင့် ထောင်ဒဏ်၏ ၅၀ ရာခိုင်နှုန်း ကျခံပြီးသူများ ဖြစ်ကြောင်းသိရသည်။

လူသတ်မှု၊ မူးယစ်ဆေးဝါးမှု၊ မုဒိမ်းမှုနဲ့ လက်နက်ကိုင် ဓားပြတိုက်မှုများ အတွက် ပြစ်ဒဏ်ကျခံနေသူများအား လွတ်ငြိမ်းချမ်းသာခွင့်မပြုခဲ့ကြောင်း Ekanayake က ဆိုသည်။

သီရိလင်္ကာနိုင်ငံသည် ၁၉၄၈ ခုနှစ် ဖေဖော်ဝါရီ ၄ ရက်တွင် ဗြိတိသျှလက်အောက်မှ လွတ်လပ်ရေးရခဲ့ပြီး နိုင်ငံ၏ ၇၄ နှစ်မြောက် လွတ်လပ်ရေးနေ့အား ဂုဏ်ပြုသည့်အနေအဖြင့် စစ်ရေးပြ အခမ်းအနားတစ်ခုကို ကျင်းပခဲ့ကြောင်း သိရသည်။ (Xinhua)

…………………………………….
(English Version)
Sri Lankan president grants amnesty to 197 prisoners on 74th Independence Day
COLOMBO, Feb. 4 (Xinhua) — Sri Lankan President Gotabaya Rajapaksa on Friday granted amnesty to 197 prisoners on the country’s 74th Independence Day, the government information department said.
The prisoners were released at a ceremony held in Colombo’s Welikada prison.
The prison’s spokesperson Chandana Ekanayake said those released were serving minor sentences and some of them had not been able to pay their fines. Prisoners over the age of 65 and those who had completed 50 percent of the jail term were also among those who were released under the presidential pardon.
The amnesty did not apply to those convicted for murder, drug offences, rape and armed robbery, Ekanayake said.
Sri Lanka got its independence from British rule on Feb. 4 of 1948, and a grand military parade was held to celebrate its 74th Independence Day. Enditem
Photo-Sri Lankan President Gotabaya Rajapaksa delivers a speech on his first anniversary since being sworn in as president in Colombo, Sri Lanka, on Nov. 18, 2020. (Sri Lankan President’s Media Division/Handout via Xinhua)