Connect with us

Africa & Middle East

ဟာ့ဂျ်ဘုရားဖူးရာသီတွင် လက်ရှိအချိန်ထိ COVID-19 ရောဂါ ကင်းစင်ကြောင်း ဆော်ဒီပြော

ဆော်ဒီအာရေဗျနိုင်ငံ မက္ကာမြို့၊ Grand ဗလီရှိ အထွဋ်အမြတ်နေရာတွင် ဘုရားဖူးများ စီတန်းလှည့်လည်နေသည်ကို ၂၀၂၀ ပြည့်နှစ် ဇူလိုင် ၂၉ ရက်က တွေ့ရစဉ် (ဓာတ်ပုံ- Xinhua/Saudi Arabia's Ministry of Media/Handout)

ရီယာ့ဒ် ၊ ဇူလိုင် ၂၀ ရက် (ဆင်ဟွာ)

ဆော်ဒီအာရေဗျနိုင်ငံက ဟာ့ဂျ်ဘုရားဖူးရာသီတွင် လက်ရှိအချိန်ထိ COVID-19 ရောဂါနှင့် အခြား ကူးစက်တတ်သောရောဂါများမှ ကင်းလွတ်သည်ဟု ကြေညာခဲ့ကြောင်း Al Ekhbariay ရုပ်မြင်သံကြားက သတင်းဖော်ပြခဲ့သည်။ဘုရားဖူးများ၏ ကျန်းမာရေးအခြေအနေသည် စိတ်ချလက်ချရှိကြရန် ပြောကြားခဲ့ပြီး ဆော်ဒီနိုင်ငံအတွင်း ဟာ့ဂျ်နှင့် ဆက်စပ်၍ COVID-19 ရောဂါ ကူးစက်မှုမရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Mohammed Al-Abdulaali က သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။

ကျန်းမာရေးကဏ္ဍများမှာ ကြိုတင်ကာကွယ်ရေးအစီအစဉ်များ ချမှတ် အကောင်အထည်ဖော်ခြင်း နှင့် လူအုပ်စု ထူထပ်မှုမဖြစ်အောင် စီမံခန့်ခွဲခြင်းတို့ ဆောင်ရွက်ထားကြောင်း ၎င်းက ဖြည့်စွက်ပြောခဲ့သည်။

ထို့ပြင် ပြည်ထဲရေးဝန်ကြီးဌာန၊ လုံခြုံရေးဆိုင်ရာ ပြောရေးဆိုခွင့်ရှိသူ Talal Al-Shalhoub က လုံခြုံရေးတပ်ဖွဲ့များကလည်း ဘုရားဖူးလာသူများအကြား နေရာအားလုံး၌ လူချင်းခပ်ခွာခွာ နေထိုင်မှုကို လိုက်နာခြင်းရှိမရှိ ကြပ်မတ်ဆောင်ရွက်ပေးလျက်ရှိကြောင်း ဆိုသည်။

ရဲတပ်ဖွဲ့အနေဖြင့် ဘာသာရေးထုံးတမ်းနေရာများသို့ မှတ်ပုံမတင်ထားသူများ ဝင်ရောက်လာခြင်းမှ ကာကွယ်ရန် စောင့်ကြည့်လျက်ရှိကြောင်း Al-Shalhoub ဖြည့်စွက်ပြောခဲ့သည်။

Hajj and Umrah ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Hisham Saeed မီနာ က အာရာဖတ်ဧရိယာသို့ ဘုရားဖူးများ ပို့ဆောင်ရေးမှာ အောင်မြင်မှုရှိကြောင်း သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။

COVID-19 ကပ်ရောဂါကြောင့် ယခုနှစ် ဟာ့ဂျ်ရာသီတွင် ပြည်တွင်းဘုရားဖူး အရေအတွက် ၆၀,၀၀၀ အထိသာဝင်ခွင့်ပြုရန် ကန့်သတ်ထားကြောင်း သိရသည်။ (Xinhua)

——————————————–
(English Version)

Saudi says Hajj season free from COVID-19 so far

RIYADH, July 19 (Xinhua) — Saudi Arabia announced on Monday that the Hajj season is so far free from COVID-19 and other contagious diseases, Al Ekhbariay TV reported.

The Health Ministry Spokesman Mohammed Al-Abdulaali told a press conference that the health condition of pilgrims is reassuring and there is no Hajj-related COVID-19 case in the kingdom.

Health sectors are standing by to implement the precautionary plans and manage the crowds, he added.

Meanwhile, Security Spokesman of the Interior Ministry Talal Al-Shalhoub said security forces work to ensure pilgrims follow social distancing at all sites.

The police are also guarding the ritual sites to prevent the entry of unregistered individuals, Al-Shalhoub added.

Spokesman of the Hajj and Umrah Ministry Hisham Saeed told the press conference about the success of transporting pilgrims from Mina to Arafat areas.

Given the COVID-19 pandemic, the number of domestic pilgrims during this year’s Hajj season is limited to 60,000. Enditem

Pilgrims circumambulate the sacred site Kaaba in the Grand Mosque in Mecca, Saudi Arabia on July 29, 2020. (Xinhua/Saudi Arabia’s Ministry of Media/Handout)