Connect with us

Africa & Middle East

ဟားမက်စ်စစ်သွေးကြွအကြီးအကဲကို လုပ်ကြံသတ်ဖြတ်ရန် အစ္စရေး၏ ကြိုးပမ်းမှု မအောင်မြင်ကြောင်း ဂါဇာသတင်းအရင်းအမြစ်ပြော

ဂါဇာကမ်းမြောင်တောင်ပိုင်း Rafah မြို့အား အစ္စရေးက လေကြောင်းတိုက်ခိုက်မှုပြုလုပ်ပြီးနောက် မီးခိုးလုံးကြီးများထွက်ပေါ်နေသည်ကို မေ ၁၉ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ဂါဇာ ၊ မေ ၂၀ ရက်(ဆင်ဟွာ)

ဂါဇာကမ်းမြောင်၌ ပြီးခဲ့သော ၁၀ ရက်တာကာလအတွင်း ပြုလုပ်ခဲ့သော စစ်ဆင်ရေးတွင် ဟားမက်စ်လက်နက်ကိုင်တပ်ဖွဲ့ al-Qassam Brigades အဖွဲ့တပ်မှူးအား လုပ်ကြံသတ်ဖြတ်ရန် အစ္စရေး၏ ကြိုးပမ်းမှုမှာ မအောင်မြင်ကြောင်း ဂါဇာလုံခြုံရေးတပ်ဖွဲ့သတင်းအရင်းအမြစ်တစ်ဦးက မေ ၁၉ ရက်တွင် ပြောကြားခဲ့သည်။

အမည်မဖော်လိုသောသတင်းအရင်းအမြစ်တစ်ဦးက ဆင်ဟွာသတင်းဌာနသို့ပြောကြားရာတွင် အစ္စရေးစစ်တပ်သည် ဟားမက်စ်လက်နက်ကိုင်တပ်ဖွဲ့အကြီးအကဲ Mohammed Deif အား နေရာနှစ်ခုခွဲ၍ စီးနင်း ရှာဖွေမှုများ ပြုလုပ်ခဲ့သော်လည်း ၎င်းအား လုပ်ကြံသတ်ဖြတ်နိုင်ခဲ့ခြင်းမရှိကြောင်း နှင့် အစ္စရေး၏ စီးနင်းရှာဖွေမှုစစ်ဆင်ရေးများ မစတင်မီ မိနစ်အနည်းငယ်အတွင်းမှာပင် Deif သည် နှစ်ကြိမ်စလုံး ထွက်ပြေးလွတ်မြောက်ခဲ့ကြောင်း ပြောကြားခဲသည်။

ဟားမက်စ်လက်နက်ကိုင်တပ်ဖွဲ့အကြီးအကဲ Deif သည် အစ္စရေးအရပ်သားများအပေါ် အကြမ်းဖက်တိုက်ခိုက်ရန် စီစဉ်မှုဖြင့် လွန်ခဲ့သော ၂၅ နှစ်ကျော်ကတည်းက အစ္စရေးဘက်မှ အလိုရှိနေသူတစ်ဦးဖြစ်သည်။

မေ ၁၀ ရက်မှ စတင်ကာ အစ္စရေး- ပါလက်စတိုင်း နှစ်ဖက်စစ်ရေးထိပ်တိုက်တွေ့ဆုံမှုများကြောင့် ကလေးငယ် ၆၃ ဦးအပါအဝင် ပါလက်စတိုင်း ၂၁၈ ဦး သေဆုံးခဲ့ရပြီး အခြား ၁,၅၁၀ ဦး ဒဏ်ရာရခဲ့ကြောင်း ဂါဇာရှိ ကျန်းမာရေးအာဏာပိုင်များက ဆိုသည်။

တစ်ချိန်တည်းမှာပင် ဂါဇာရှိ စစ်သွေးကြွများက အစ္စရေးနိုင်ငံထဲသို့ ဒုံးကျည် အလုံးပေါင်း ၃,၅၀၀ ကျော် ပစ်လွှတ်ခဲ့ရာ အစ္စရေး ၁၀ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

ယခုစစ်ပွဲသည် ၂၀၁၄ ခုနှစ်နောက်ပိုင်း အစ္စရေး နှင့် ပါလက်စတိုင်းအကြား အပြင်းထန်ဆုံး တိုက်ခိုက်မှုဖြစ်ပြီး ထိန်းမနိုင်သိမ်းမရ အခြေအနေသို့ ရောက်ရှိသွားမည်ကို နိုင်ငံတကာအသိုင်းအဝိုင်းက စိုးရိမ်ပူပန်မှု မြင့်တက်လျက်ရှိကြောင်း သိရသည်။(Xinhua)

————————————
(English Version)
Israel tries in vain to assassinate Hamas military chief: Gaza source

GAZA, May 19 (Xinhua) — Israel tired in vain to assassinate the commander of Hamas’ armed wing al-Qassam Brigades during the past 10 days of military operation in the Gaza Strip, a Gaza security source said Wednesday.
The source, who asked not to be named, told Xinhua that the Israeli army had found Mohammed Deif on two separate occasions but failed to kill him, noting he managed to escape just minutes before each Israeli operation began.
As Hamas military chief, Deif has been wanted by Israel for more than 25 years for planning terrorist attacks against Israeli citizens.
The health authorities in Gaza said 218 Palestinians have been killed, including 63 children and 36 women, and 1,510 others injured since the start of Israeli-Palestinian military confrontation on May 10.
Meanwhile, the Gaza militants have fired more than 3,500 rockets into Israel, claiming the lives of 10 Israelis.
This is the most intensive fighting between Israel and Hamas since 2014, prompting international concern that the situation could spiral out of control. ■
Photo taken on May 19, 2021 shows explosions following an Israeli airstrike in the southern Gaza Strip city of Rafah. (Photo by Khaled Omar/Xinhua)