Connect with us

Environment, Disasters & Accidents

ဟူပေ၌ မိုးသက်လေပြင်းကြောင့် အရေးပေါ်ကယ်ဆယ်ရေးအဆင့် တိုးမြှင့်ထား ၊ ဟဲနန်အတွက် လှူဒါန်းငွေ ယွမ် သန်း ၄၀၀ ရရှိထားဟု CRCF ပြော

တရုတ်နိုင်ငံ ဟူပေပြည်နယ်တွင် မိုးသက်လေးပြင် ကျရောက်ပြီးနောက် အပျက်အစီးများကို ကူညီဖယ်ရှားပေးနေသော ကယ်ဆယ်ရေးအဖွဲ့အား ဩဂုတ် ၁၂ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ဝူဟန့် ၊ ဩဂုတ် ၁၃ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံအလယ်ပိုင်း ဟူပေပြည်နယ်တွင် ဩဂုတ် ၈ ရက်ကတည်းက မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံမှုများဖြစ်ပွားခဲ့ရာ ဒေသခံ တစ်သိန်းကျော် အပေါ် သက်ရောက်မှုရှိခဲ့ကြောင်း နှင့် ပြည်နယ်အစိုးရအနေဖြင့် ၎င်း၏ မိုးသက်လေပြင်း အရေးပေါ်ကယ်ဆယ်ရေးတုံ့ပြန်မှုအဆင့်ကို ဩဂုတ် ၁၂ ရက်က အဆင့် ၃ အထိ တိုးမြှင့်သတ်မှတ်လိုက်ကြောင်း သိရသည်။နောက်ဆုံး မိုးသည်းထန်စွာရွာသွန်းမှုဖြစ်ပွားခဲ့သည့် ဩဂုတ် ၁၂ ရက် နံနက် ၁၀ နာရီက ပြည်နယ်အတွင်း ရေကြီးရေလျှံခြင်း နှင့် မိုးသီးများကြွေကျခြင်းကဲ့သို့သော သဘာဝဘေးအန္တရာယ်အမျိုးမျိုးကို ကြုံတွေ့ခဲ့ရ‌သည်။

တရုတ်နိုင်ငံ ဟူပေပြည်နယ်တွင် မိုးသက်လေးပြင် ကျရောက်ပြီးနောက် အပျက်အစီးများကို ကူညီဖယ်ရှားပေးနေသော ကယ်ဆယ်ရေးအဖွဲ့အား ဩဂုတ် ၁၂ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

တရုတ်နိုင်ငံ ဟူပေပြည်နယ်ရှိ မြို့နယ်တစ်ခုတွင် ဗုဒ္ဓဟူးနေ့မှ ကြာသပတေးနေ့အထိ မိုးသည်းထန်စွာ ရွာသွန်းခဲ့ခြင်းကြောင့် လူ ၂၁ ဦးသေဆုံးပြီးအခြား ၄ ဦးပျောက်ဆုံးလျက်ရှိကြောင်းလည်း သိရသည်။

တရုတ်နိုင်ငံ ဟူပေပြည်နယ်တွင် မိုးသက်လေးပြင် ကျရောက်ပြီးနောက် အပျက်အစီးများကို ကူညီဖယ်ရှားပေးနေသော ကယ်ဆယ်ရေးအဖွဲ့အား ဩဂုတ် ၁၂ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

Suixian ကောင်တီရှိ Liulin မြို့ငယ်လေးတွင် ဗုဒ္ဓဟူးနေ့ည ၉ နာရီ မှ ကြာသပတေးနေ့နံနက် ၉ နာရီ အထိ မိုးအဆက်မပြတ်ရွာသွန်းခဲ့စဉ်အတွင်း မိုးရေချိန် ၅၀၃ မီလီမီတာအထိ ရောက်ရှိခဲ့ကြောင်း နှင့် ယင်းမြို့နယ်အတွင်းရှိ လူပေါင်း ၈၀၀၀ ကျော်အား သက်ရောက်မှုရှိခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အလွန်ပြင်းထန်ဆိုးရွားသော ရာသီဥတုဒဏ်ကို ယင်းပြည်နယ်အတွင်း ကောင်တီ ၁၃ ခုတွင်နေထိုင်ကြသည့် ဒေသခံ ၁၀၈,၇၀၀ ဦးအပေါ် သက်ရောက်မှုရှိခဲ့ပြီး စိုက်ပျိုးမြေ ၈,၁၁၀ ဟက်တာ နှင့် လူနေအိမ် ၃,၆၀၀ ခန့် ထိခိုက်ပျက်စီးခြင်း သို့မဟုတ် သက်ရောက်မှုအဆင့်ရှိခြင်း တို့ဖြစ်ပေါ်ခဲ့ကြောင်း နှင့် ပျက်စီးဆုံးရှုံးမှုတန်ဖိုး တရုတ်ယွမ် ၁၀၈ သန်း (အမေရိကန်ဒေါ်လာ ၁၆.၇ သန်းခန့်) ရှိကြောင်း ပြည်နယ်အရေးပေါ်တုံ့ပြန်မှု စီမံခန့်ခွဲရေးဌာန ၏ ပြောကြားချက်အရ သိရသည်

တရုတ်နိုင်ငံအလယ်ပိုင် ဟဲနန်ပြည်နယ်တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှု နှင့် အပျက်အစီးပုံများအားတွေ့ရစဉ်(ဆင်ဟွာ)

ဗုဒ္ဓဟူးနေ့ည ၈ နာရီမှ ကြာသပတေးနေ့ နံနက် ၆ နာရီအထိ Banqiaodian မြို့နယ်တွင် စံချိန်တင်ပမာဏ မိုးရေချိန် ၄၀၀ မီလီမီတာ ရွာသွန်းခဲ့ခြင်းနှင့်အတူ Xiangyang မြို့၏ စီရင်ပိုင်ခွင့်နယ်နိမိတ်အတွင်းတည်ရှိသည့် Yicheng ကောင်တီတွင် မိုးရွာသွန်းမှုအများဆုံး ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။ ကြာသပတေးနေ့ နံနက် ၄ နာရီတွင် ရေကြီးရေလျှံမှုကိုထိန်းချုပ်ရန်အတွက် Yicheng ကောင်တီတွင် အရေးပေါ်တုံ့ပြန်မှု အမြင့်ဆုံးအဆင့်ဖြင့် သတ်မှတ်ဆောင်ရွက်ခဲ့သည်။

တရုတ်နိုင်ငံအလယ်ပိုင် ဟဲနန်ပြည်နယ်တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှု နှင့် အပျက်အစီးပုံများအားတွေ့ရစဉ်(ဆင်ဟွာ)

အဆိုပါ မိုးသည်းထန်စွာရွာသွန်းမှုသည် သောကြာနေ့အထိ ဆက်လက်ဖြစ်ပွားနိုင်ပြီး ရေကြီးရေလျှံမှု နှင့် အခြားသော ပထဝီမြေပြင်ဆိုင်ရာသဘာဝဘေးအန္တရာယ်များလည်း ဖြစ်ပေါ်နိုင်ကြောင်း ဟူပေပြည်နယ်မိုးဇလဌာန၏ ခန့်မှန်းချက် အရသိရသည်။

ထို့ကြောင့် မိုးသက်လေပြင်း အရေးပေါ်တုံ့ပြန်မှုကို အဆင့် အဆင့် ၄ မှ အဆင့် ၃ အထိ မြှင့်တင်ရန် ဆုံးဖြတ်ထားသည်။ တရုတ်နိုင်ငံတွင် အရေးပေါ်ကယ်ဆယ်တုံ့ပြန်ရေးစနစ်ကို အဆင့် လေးခုခွဲခြားသတ်မှတ်ထားကာ အဆင့် ၁ သည် အမြင့်ဆုံးဖြစ်ကြောင်း သိရသည်။

တစ်ဆက်တည်းမှာပင် ပြီးခဲ့သောလမှစတင်ကာ မိုးသည်းထန်စွာရွာသွန်းမှုနှင့် ရေကြီးမှုဒဏ်ခံစားနေရသည့် တရုတ်နိုင်ငံ အလယ်ပိုင်း ဟဲနန်ပြည်နယ်အတွက် ထောက်ပံ့မှုပြုလုပ်ရန် ငွေသားတရုတ်ယွမ် သန်း ၄၀၀ (အမေရိကန်ဒေါ်လာ ၆၁.၈ သန်း ) နှင့် အသုံးအဆောင်ပစ္စည်းများ လက်ခံရရှိထားကြောင်း တရုတ် ကြက်ခြေနီဖောင်ဒေးရှင်း(CRCF) ကဆိုသည်။

အဆိုပါထောက်ပံ့ငွေထဲမှ တရုတ်ယွမ် ၃၆၅ သန်းကို သဘာဝဘေးအန္တရာယ် ကယ်ဆယ်ရေးထောက်ပံ့မှုများ ၊ ကယ်ဆယ်ရေးလုပ်ငန်းများ ၊ ဆေးဘက်ဆိုင်ရာအသုံးအဆောင်များ နှင့် ဝန်ဆောင်မှုများ ၊ ကပ်ရောဂါထိန်းချုပ်ရေးပစ္စည်းကိရိယာများ နှင့် စာသင်ကျောင်းပြန်လည်ပြင်ဆင်မွမ်းမံခြင်း နှင့်အခြားသော လိုအပ်သည့်နေရာများတွင် အသုံးပြုသွားမည်ဖြစ်ကြောင်း CRCF ၏ ပြောကြားချက်အရ သိရသည်။

လက်ခံရရှိထားသော အလှူငွေ ယွမ် ၆၇.၃ သန်းကျော်သည် အွန်လိုင်းလှူဒါန်းမှုပေါင်း ၁.၈၄ သန်းမှ ရရှိခဲ့ခြင်းဖြစ်ပြီး ၎င်းတို့ဖောင်ဒေးရှင်းအတွက် ယင်းကဲ့သို့သောလှူဒါန်းမှုတွင် ပမာဏအများဆုံးဖြစ်ကြောင်း သိရသည်။(Xinhua)

—————————————————
(English Version)

China’s Hubei ups emergency response level for rainstorm

WUHAN, Aug. 12 (Xinhua) — Central China’s Hubei Province raised its emergency response level for rainstorms to level III on Thursday as heavy downpours have affected more than 100,000 residents since Aug. 8.
As of 10 a.m. Thursday, the latest spell of torrential rains had triggered multiple natural disasters such as flooding and hailstorm in the province.

Twenty-one people were killed and four others missing as heavy rain lashed a township in central China’s Hubei Province from Wednesday to Thursday, local authorities said Friday.

The Liulin Township in Suixian County saw total precipitation reaching 503 mm from 9 p.m. Wednesday to 9 a.m. Over 8,000 people have been affected in the township, according to the announcement.

Extreme weather conditions have affected 108,700 people in 13 county-level regions, damaged 8,110 hectares of crops and damaged or leveled over 3,600 houses, causing direct economic losses of 108 million yuan (about 16.7 million U.S. dollars), according to the provincial emergency management department.

Yicheng, a county-level city under the administration of Xiangyang City, saw maximum rainfall, with precipitation exceeding 400 mm in Banqiaodian Township between 8 p.m. Wednesday and 6 a.m. Thursday, the highest on record. Yicheng activated the highest-level emergency response for flood-control at 4 a.m. Thursday.

Torrential rains are expected to persist until Friday and may cause flooding and other geological disasters, according to forecasts by the Hubei Meteorological Service. It, therefore, decided to raise its response level for the rainstorm from level IV to level III.

China has a four-tier disaster relief emergency response system, with Level I being the most severe.
The Chinese Red Cross Foundation (CRCF) said it received over 400 million yuan (about 61.8 million U.S. dollars) in money and materials as aid for central China’s Henan Province, which was hit by severe rainfall and floods last month.

Over 365 million yuan was spent on disaster relief supplies, rescue operations, medical equipment and services, epidemic prevention materials, and reconstruction of schools, among others, according to the CRCF.
The CRCF said it received over 67.3 million yuan through 1.84 million donations via online charity platforms’ crowd funding projects, a record-high amount of its kind for the foundation. Endite