Connect with us

International Organizations

ဟေတီနိုင်ငံ၌ လောင်စာဆီတင်ယာဉ်ပေါက်ကွဲမှုဖြစ်ပွားရာ အနည်းဆုံး လူ ၆၀ ခန့် သေဆုံး

မက္ကဆီကိုစီးတီး ၊ ဒီဇင်ဘာ ၁၅ ရက်(ဆင်ဟွာ)

ဟေတီနိုင်ငံ မြောက်ပိုင်း၌ လောင်စာဆီတင်ယာဉ်တစ်စီး ပေါက်ကွဲမှုဖြစ်ပွားရာ အနည်းဆုံးလူပေါင်း ၆၀ ခန့် သေဆုံးပြီး အခြား ဒါဇင်ပေါင်းများစွာ ထိခိုက်ဒဏ်ရာရခဲ့ကြောင်း မီဒီယာ နှင့် တာဝန်ရှိသူများက ဒီဇင်ဘာ ၁၄ ရက်တွင် ပြောကြားခဲ့သည်။ယင်းပေါက်ကွဲမှုသည် ဟေတီနိုင်ငံ မြောက်ပိုင်း ကပ်-ဟေတီယန် (Cap-Haitien) ဆိပ်ကမ်းမြို့ ၌ ဖြစ်ပွားခဲ့ကြောင်း ဟေတီဝန်ကြီးချုပ် Ariel Henry က တွစ်တာလူမှုကွန်ရက်တွင်ရေးသားဖော်ပြခဲ့ပြီး ဟေတီအစိုးရ နှင့် ဟေတီပြည်သူများကိုယ်စား အသက်သေဆုံးခဲ့ရသူများအတွက် ဝမ်းနည်းကြေကွဲ စာနာထောက်ထားရပါကြောင်း ထည့်သွင်း ဖော်ပြထားသည်။

ဟေတီနိုင်ငံ၌ လောင်စာဆီတင်ယာဉ်ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် အပျက်အစီးများအားတွေ့ရစဉ်(ဓာတ်ပုံ-အင်တာနက်)

အခင်းဖြစ်နေရာတွင် ထိခိုက်ဒဏ်ရာရသူများအား ဆေးဝါးကုသမှုပေးနိုင်ရန်အတွက် ရွေ့လျားဆေးရုံများကို စေလွှတ်သွားမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့ပြီး တစ်ချိန်တည်းမှာပင် အသက်သေဆုံးသွားခဲ့ရသူများအတွက် အောက်မေ့တမ်းတ သတိရခြင်းပြုလုပ်နိုင်ရန် သုံးရက်တာ နိုင်ငံတော်ဝမ်းနည်းပူဆွေးမှုနေ့အဖြစ် သတ်မှတ်ကြောင်း ဝန်ကြီးချုပ်က ထုတ်ပြန်ကြေညာခဲ့သည်။

ဟေတီနိုင်ငံ၌ လောင်စာဆီတင်ယာဉ်ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် အပျက်အစီးများအားတွေ့ရစဉ်(ဓာတ်ပုံ-အင်တာနက်)

အဆိုပါ လောင်စာဆီတင်ယာဉ်သည် လမ်းတွင်မောင်းနှင်လာသော မော်တော်ဆိုင်ကယ်တစ်စီးအား ရှောင်တိမ်းစဉ် အရှိန်မထိန်းနိုင်ဘဲ တစ်ပတ်လည်တိမ်းမှောက်သွားခဲ့ကြောင်း ၊ ကားမှောက်ပြီးနောက် ဆီတိုင်ကီမှ ယိုစိမ့်ထွက်လာသော လောင်စာဆီများကို ဒေသခံများက အလုအယက် ခတ်ယူခဲ့ကြကြောင်း Cap-Haitienမြို့- ဒုတိယမြို့တော်ဝန် Patrick Almonor ၏ ပြောကြားချက်ကို ကိုးကား၍ သတင်းများတွင် ဖော်ပြထားသည်။

ပေါက်ကွဲမှုကြောင်း အနီးအနားရှိ လူနေအိမ် အလုံး ၂၀ ထိခိုက်ပျက်စီးသွားကြောင်း ဒုတိယမြို့တော်ဝန်က ဆက်လက်ပြောကြားခဲ့ပြီး ၊ သေဆုံးသူအရေအတွက်သည် ဆက်လက်မြင့်တက်လာနိုင်ကြောင်း ၊ အဘယ်ကြောင့်ဆိုသော် နေအိမ်များအတွင်း သေဆုံးသွားသူများကို ထည့်သွင်းရေးတွက်နိုင်ခြင်းမရှိသေး၍ ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

ဟေတီနိုင်ငံဝန်ကြီးချုပ် (ဟောင်း) Claude Joseph က ယင်းပေါက်ကွဲမှုသတင်းကြောင့် ၎င်းအနေဖြင့် “ အလွန်တရာ စိတ်ထိခိုက်ကြေကွဲခံစားရပါတယ်” ဟု တွစ်တာလူမှုကွန်ရက်၌ ဒီဇင်ဘာ ၁၄ ရက်တွင် ရေးသားဖော်ပြခဲ့ပြီး “ ပြည်သူအားလုံးအတွက် နာကျင်ခံစားရပါတယ်” ဟူ၍လည်း ၎င်းက မျှဝေခံစားပေးခဲ့သည်။

ဆီတင်ယာဉ်ပေါက်ကွဲမှုဖြစ်ပွားသည့် ကာရေဘီယံဒေသရှိ ဟေတီနိုင်ငံသည် လတ်တလောတွင် လောင်စာဆီပြတ်လပ်မှုပြဿနာဖြင့် ရင်ဆိုင်ကြုံတွေ့နေရသည့် နိုင်ငံတစ်နိုင်ငံဖြစ်သည်။
ယခုနှစ်အစောပိုင်းတွင် Port-au-Prince မြို့ နှင့် အခြားမြို့များရှိ ဆေးရုံများတွင် မီးစက်များဖြင့် လျှပ်စစ်မီးပေးရန် လောင်စာဆီ မလုံလောက်မှုပြဿနာဖြင့် ဆိုးဆိုးရွားရွားကြုံတွေ့ခဲ့ရကြောင်း သိရသည်။(Xinhua)

—————————————————
(English Version)

60 killed in Haiti fuel tanker blast

MEXICO CITY, Dec. 14 (Xinhua) — At least 60 people have died and dozens were injured after a fuel truck exploded in northern Haiti, media and officials said on Tuesday.

The blast occurred in Haiti’s northern port city of Cap-Haitien, Prime Minister Ariel Henry tweeted, extending his condolences on behalf of the government and the Haitian people.

He said field hospitals will be deployed to the area to help those affected, while announcing a three-day national mourning to commemorate the victims.

The fuel truck overturned after trying to avoid a motorcycle, and local residents rushed to collect the tanker’s gas, Patrick Almonor, deputy mayor of Cap-Haitien, was quoted by reports as saying.

The explosion also burned about 20 homes nearby, said the deputy mayor, adding that he expects the death toll to keep rising because people who died in their homes have not yet been counted.

Haiti’s former prime minister Claude Joseph tweeted on Tuesday that he was “shattered” by the news, saying that he shares the “pain and sorrow of all the people.”The explosion occurred as the Caribbean nation faces fuel shortages.
Early this year, hospitals in Port-au-Prince and other cities reported extremely low fuel reserves needed to power generators that keep services going. Enditem