Connect with us

CHINA

ဟောင်ကောင်တွင် ပြည်မကြီးမှ ပံ့ပိုးမှုဖြင့် ကိုဗစ်-၁၉ ကုသရေးရွေ့လျားဆေးရုံများ တည်ဆောက်နေ

တရုတ်နိုင်ငံ တောင်ပိုင်း ဟောင်ကောင်တွင် ရွေ့လျားဆေးခန်းများ တည်ဆောက်ရေး၌ လာရောက်ကူညီနေသော ဆောက်လုပ်ရေးအဖွဲ့ အဖွဲ့ဝင် Xie Hui အား တွေ့ဆုံမေးမြန်းနေစဉ် (ဆင်ဟွာ)

ဟောင်ကောင်၊ ဖေဖော်ဝါရီ ၂၃ ရက် (ဆင်ဟွာ)

ဟောင်ကောင်တွင် ကိုဗစ်-၁၉ (COVID-19) အတွက် သီးသန့်ခွဲခြားမှုနှင့် ကုသရေးအဆောက်အအုံများ ပါဝင်သော ယာယီနေရာလေးခု သို့မဟုတ် ရွေ့လျားဆေးရုံများကို ဗဟိုအစိုးရ၏ ပံ့ပိုးကူညီမှုဖြင့် ဖေဖော်ဝါရီ ၂၂ ရက်၌ စတင်ဆောက်လုပ်နေပြီဖြစ်ကြောင်း သိရသည်။Tsing Yi, San Tin, Yuen Long နှင့် Hung Shui Kiu ဒေသများရှိ အဆောက်အအုံများမှာ အပြည့်အဝအသုံးပြုနေပြီ ဖြစ်သလို သီးသန့်ဆောင်ယူနစ် ၁၄,၀၀၀ မှ ၁၇,၀၀၀ ခန့် အသုံးပြုနိုင်တော့မည်ဖြစ်ကြောင်း၊ Tsing Yi ရှိ အဆောက်အအုံမှာမူ ရက်သတ္တပတ်တစ်ပတ်ခန့်အတွင်း အဆင့်သင့်ဖြစ်တော့မည် ဖြစ်ကြောင်း သိရသည်။

တရုတ်နိုင်ငံ တောင်ပိုင်း ဟောင်ကောင်၊ San Tin ဒေသရှိ ကိုဗစ်-၁၉ လူနာများအတွက် ယာယီသီးသန့်ဆောင်များနှင့် ကုသရေးအဆောက်အအုံများ ဆောက်လုပ်ရေးလုပ်ငန်းခွင်အား ဖေဖော်ဝါရီ ၂၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပြည်မကြီးမှ ဆောက်လုပ်ရေးအဖွဲ့ အဖွဲ့ဝင်တစ်ဦးဖြစ်သူ Xie Hui က ၎င်းတို့အနေဖြင့် နိုင်ငံတစ်ဝန်းရှိ ဒေသများအားလုံးမှ ပစ္စည်းကိရိယားများ စုဆောင်းလျက်ရှိကြောင်းနှင့် စီမံကိန်းအား ပံ့ပိုးရန်နှင့် အာမခံချက်ပေးနိုင်ရန် အမျိုးမျိုးသော အရင်းအမြစ်များအား စုစည်းလျက်ရှိကြောင်း ပြောကြားခဲ့သည်။ “ကျွန်တော်တို့အနေနဲ့ အချိန်နဲ့တစ်ပြေးညီ လုပ်ကိုင်နေကြပြီး လူ့အသက်တွေနဲ့ ဟောင်ကောင်ဒေသခံများရဲ့ ကျန်းမာရေးကို ကာကွယ်ဖို့ ကြိုးပမ်းအားထုတ်မှုမျိုးကိုမဆို ချန်ရစ်ထားမှာမဟုတ်ပါဘူး”

တရုတ်နိုင်ငံ တောင်ပိုင်း ဟောင်ကောင်၊ Tsing Yi ဒေသရှိ ကိုဗစ်-၁၉ လူနာများအတွက် ယာယီသီးသန့်ဆောင်များနှင့် ကုသရေးအဆောက်အအုံများ ဆောက်လုပ်ရေးလုပ်ငန်းခွင်အား ဖေဖော်ဝါရီ ၂၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ အလယ်ပိုင်း ဟဲပေပြည်နယ် မြို့တော် ဝူဟန့်တွင် ဟောဆန်ဆန်း (Fire God Mountain) ဆေးရုံနှင့် လေးဆန်ဆန်း (Thunder God Mountain) ဆေးရုံတည်ဆောက်သည့် အတွေ့အကြုံများဖြင့် ယာယီအဆောက်အအုံလေးခု တည်ဆောက်ရေး၏ ဆောက်လုပ်ရေးကန်ထရိုက်တာဖြစ်သော China State Construction International Holdings လီမိတက်၏ ဥက္ကဋ္ဌ Yan Jianguo က ၎င်းတို့အနေဖြင့် ဟောင်ကောင်၏ အမှန်တကယ်လိုအပ်ချက်များကို အပြည့်အဝထည့်သွင်းစဉ်းစားသွားမည်ဖြစ်ကြောင်းနှင့် ဆောက်လုပ်ရေးတာဝန်အား ပြီးပြည့်စုံရန် အင်အားများနှင့် အရင်းအမြစ်များအားလုံး စုစည်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

တရုတ်နိုင်ငံ တောင်ပိုင်း ဟောင်ကောင်၊ Hung Shui Kiu ဒေသရှိ ကိုဗစ်-၁၉ လူနာများအတွက် ယာယီသီးသန့်ဆောင်များနှင့် ကုသရေးအဆောက်အအုံများ ဆောက်လုပ်ရေးလုပ်ငန်းခွင်အား ဖေဖော်ဝါရီ ၂၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ တောင်ပိုင်း ဟောင်ကောင်၊ Yuen Long ဒေသရှိ ကိုဗစ်-၁၉ လူနာများအတွက် ယာယီသီးသန့်ဆောင်များနှင့် ကုသရေးအဆောက်အအုံများ ဆောက်လုပ်ရေးလုပ်ငန်းခွင်အား ဖေဖော်ဝါရီ ၂၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ တောင်ပိုင်း ဟောင်ကောင်ရှိ ကာကွယ်ဆေးထိုးနေရာ၌ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးရန် တန်းစီစောင့်ဆိုင်းနေသော နှာခေါင်းစည်းတပ်ဆင်ထားသော ဒေသခံများအား ဖေဖော်ဝါရီ ၂၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ တောင်ပိုင်း ဟောင်ကောင်ရှိ ကာကွယ်ဆေးထိုးနေရာ၌ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးရန် တန်းစီစောင့်ဆိုင်းနေသော ဒေသခံများအား ဖေဖော်ဝါရီ ၂၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ တောင်ပိုင်း ဟောင်ကောင်ရှိ ကာကွယ်ဆေးထိုးနေရာ၌ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးမည့်သူများအား အချက်အလက်မှတ်တမ်းယူနေသော ဝန်ထမ်းတစ်ဦးအား ဖေဖော်ဝါရီ ၂၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဖေဖော်ဝါရီ ၂၀ ရက်က ဟောင်ကောင်ရှိ Penny’s Bay နှင့် Kai Tak Pier နေရာများတွင် သီးသန့်အဆောက်အအုံနှင့် ကုသရေးအဆောက်အအုံ နှစ်ခုတည်ဆောက်ရေးအား ပြည်မကြီးမှ အကူအညီဖြင့် စတင်တည်ဆောက်ခဲ့ခြင်းဖြစ်သည်။ အဆိုပါ အဆောက်အအုံနှစ်ခု အပြည့်အဝလည်ပတ်ချိန်တွင် ကွာရန်တင်း (quarantine) ယူနစ် ၉,၅၀၀ ခန့် ပံ့ပိုးပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ပြည်မကြီးမှ ဆေးဘက်ဆိုင်ရာအဖွဲ့ အဖွဲ့ဝင်များကလည်း ဖေဖော်ဝါရီ ၂၂ ရက်က North Lantau Hospital ဟောင်ကောင် ရောဂါကူးစက်မှုထိန်းချုပ်ရေးစင်တာသို့ သွားရောက်လေ့လာခဲ့ပြီး ဟောင်ကောင်မှ တာဝန်ရှိသူများနှင့် ကိုဗစ်-၁၉ ရောဂါ စစ်ရေးရေးနှင့် ထိန်းချုပ်ရေးဆိုင်ရာ အမြင်ချင်းဖလှယ်ခဲ့ကြကြောင်း သိရသည်။

ပြည်မကြီးမှ ကျွမ်းကျင်းသူများသည် ရောဂါလက္ခဏာ အနည်းငယ်နှင့် အသင့်အတင့်ရှိသော ကိုဗစ်-၁၉ လူနာများအား ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းနှင့် လူနာဆောင်များ လည်ပတ်ခြင်းပတ်သက်၍ စင်တာနှင့် အကျဉ်းချုပ်ဆေးနွေးခဲ့ကြသည်။ ထို့ပြင် ၎င်းတို့သည် စင်တာ၏ လက်တွေ့ကုသမှုဆိုင်ရာ ရောဂါဗေဒဓာတ်ခွဲခန်းသို့လည်း သွားရောက်လည်ပတ်ခဲ့သည်။

ပြည်မကြီးမှ ရောဂါရှာဖွေရေးပညာရှင်များ၏ အကြံပြုချက်များက စင်တာ၏ ဆေးဘက်ဆိုင်ရာ စီမံခန့်ခွဲမှုများအား အထောက်အကူပြုမည်ဖြစ်ကြောင်း စင်တာ တာဝန်ရှိသူက ဆိုသည်။

ဟောင်ကောင်တွင် ဖေဖော်ဝါရီ ၂၂ ရက်က ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုအသစ် ၆,၂၁၁ ဦးနှင့် သေဆုံးသူ ၃၂ ဦးရှိပြီ ဖြစ်ကြောင်း တရားဝင်အချက်အလက်များအရ သိရသည်။ (Xinhua)

#China, #HongKong, #COVID_19, #Hospitals, #Xinhua, #Myanmar, #XinhuaMyanmar, #တရုတ်, #ဟောင်ကောင်, #ကိုဗစ်_၁၉ရောဂါ, #ဆေးရုံများ, #ဆင်ဟွာ, #မြန်မာ #ဆင်ဟွာမြန်မာ
………………………………..
(English Version)

Mobile cabin COVID-19 hospitals supported by mainland being constructed in Hong Kong

HONG KONG, Feb. 22 (Xinhua) — The construction of four temporary community isolation and treatment facilities, or mobile cabin hospitals, for COVID-19 patients, began on Tuesday in Hong Kong with the support of the central government.

Around 14,000 to 17,000 isolation units will be available when these facilities at Tsing Yi, San Tin, Yuen Long and Hung Shui Kiu are fully put into operation. The facility in Tsing Yi will be ready for use in about a week.

Xie Hui, a member of the construction team from the mainland, said they are collecting materials from all parts of the country and mobilizing various resources to provide support and guarantee for the project. “We will be racing against time and sparing no effort to protect the lives and health of Hong Kong residents.”

Yan Jianguo, chairman of China State Construction International Holdings Ltd., the construction contractor that is building the four temporary facilities, said with the experience of building Huoshenshan (Fire God Mountain) Hospital and Leishenshan (Thunder God Mountain) Hospital in Wuhan, capital of central China’s Hubei Province, they will fully consider the actual needs of Hong Kong and mobilize all forces and resources to complete the construction task.

Last Saturday, the construction of two community isolation and treatment facilities built with assistance from the mainland began at Penny’s Bay and Kai Tak Pier in Hong Kong. These two permanent facilities will provide about 9,500 quarantine units when fully operational.

Also on Tuesday, members of a medical team from the mainland visited the North Lantau Hospital Hong Kong Infection Control Center and exchanged views on COVID-19 testing and control with their Hong Kong peers.

The mainland experts were briefed by the center about the diagnosis and treatment of COVID-19 patients with mild and moderate symptoms, and the operation of the inpatient wards. They also visited the center’s clinical pathology lab.
A responsible officer of the center said the advice given by mainland epidemiologists will help the center improve its medical arrangements.

Hong Kong reported 6,211 new COVID-19 cases and 32 deaths on Tuesday, official data showed. ■
Photo 1 : Xie Hui, a member of the construction team from the mainland which helps build mobile cabin hospitals, speaks in an interview with media in Hong Kong, south China, Feb. 22, 2022. The construction of four temporary community isolation and treatment facilities, or mobile cabin hospitals, for COVID-19 patients, began on Tuesday in Hong Kong with the support of the central government. (Xinhua)
Photo 2: Photo taken on Feb. 22, 2022 shows the construction site of temporary community isolation and treatment facilities for COVID-19 patients at San Tin in Hong Kong, south China. The construction of four temporary community isolation and treatment facilities, or mobile cabin hospitals, for COVID-19 patients, began on Tuesday in Hong Kong with the support of the central government. (Xinhua)
Photo 3: Photo taken on Feb. 22, 2022 shows the construction site of temporary community isolation and treatment facilities for COVID-19 patients at Tsing Yi in Hong Kong, south China. The construction of four temporary community isolation and treatment facilities, or mobile cabin hospitals, for COVID-19 patients, began on Tuesday in Hong Kong with the support of the central government. (Xinhua)
Photo 4 : Aerial photo taken on Feb. 22, 2022 shows the construction site of temporary community isolation and treatment facilities for COVID-19 patients at Hung Shui Kiu in Hong Kong, south China. The construction of four temporary community isolation and treatment facilities, or mobile cabin hospitals, for COVID-19 patients, began on Tuesday in Hong Kong with the support of the central government. (Xinhua)

Photo 5 : Aerial photo taken on Feb. 22, 2022 shows the construction site of temporary community isolation and treatment facilities for COVID-19 patients at Yuen Long in Hong Kong, south China. The construction of four temporary community isolation and treatment facilities, or mobile cabin hospitals, for COVID-19 patients, began on Tuesday in Hong Kong with the support of the central government. (Xinhua)
Photo 6 : Citizens wearing face masks queue up to take COVID-19 vaccines at a vaccination site in Hong Kong, south China, Feb. 22, 2022. Hong Kong reported 6,211 new COVID-19 cases on Tuesday, official data showed. (Xinhua/Lo Ping Fai)
Photo 7 : Citizens queue up to take COVID-19 vaccines at a vaccination site in Hong Kong, south China, Feb. 22, 2022. Hong Kong reported 6,211 new COVID-19 cases on Tuesday, official data showed. (Xinhua/Lo Ping Fai)
Photo 8 : A staff member registers information for citizens who are going to take COVID-19 vaccines at a vaccination center in Hong Kong, south China, Feb. 22, 2022. Hong Kong reported 6,211 new COVID-19 cases on Tuesday, official data showed. (Xinhua/Lo Ping Fai)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.