Connect with us

Social, Education & Health

ဟောင်ကောင်တွင် ပြည်မကြီးအကူအညီဖြင့် တည်ဆောက်သော ကိုဗစ်-၁၉ ဆေးဘက်ဆိုင်ရာအဆောက်အအုံများ ပထမအဆင့် ပြီးစီး

ဟောင်ကောင်၊ မတ် ၂၅ ရက် (ဆင်ဟွာ)

ဟောင်ကောင်ရှိ Yuen Long မြို့တွင် ပြည်မကြီးမှ ပံ့ပိုးမှုဖြင့် တည်ဆောက်ထားသော ရပ်ရွာသီးသန့်အဆောက်အအုံ (CIF) အား ဟောင်ကောင် အထူးအုပ်ချုပ်ခွင့်ရဒေသ (HKSAR) အစိုးရထံ မတ် ၂၄ ရက်က လွှဲပြောင်းပေးအပ်ခဲ့ကြောင်း၊ ဟောင်ကောင်၌ ပြည်မကြီး၏ ပံ့ပိုးကူညီမှုဖြင့် တည်ဆောက်သော ဆေးဘက်ဆိုင်ရာအဆောက်အအုံများ ပထမအဆင့် အပြည့်အဝပြီးစီးခြင်းလည်း ဖြစ်သည်။Yuen Long အဆောက်အအုံတွင် အခန်းတိုင်းအား အခြေခံပရိဘောဂနှင့် အိပ်ရာ၊ လေပေးပေးစက်နှင့် မီးခိုးသတိပေးအာရုံခံစက်နှင့် အခြားအရာများ ထည့်သွင်းထားသော အခန်းငယ်များဖြင့် ဖွဲ့စည်းထားသည်။ ယင်းအဆောက်အအုံတွင် ကုတင်ပေါင်း ၉,၄၀၀ ခန့်နှင့် အခန်းပေါင်း ၂,၃၀၀ ကျော် ရှိကြောင်း သိရသည်။

တရုတ်နိုင်ငံ တောင်ပိုင်း ဟောင်ကောင်ရှိ Yuen Long ဒေသတွင် ရပ်ရွာသီးသန့်အဆောက်အအုံအား မတ် ၂၄ ရက်က ဝေဟင်မြင်ကွင်းမှတစ်ဆင့် တွေ့ရစဉ် (ဆင်ဟွာ)

HKSAR အုပ်ချုပ်ရေးမှူး ကယ်ရီလမ်း (Carrie Lam) နှင့် HKSAR ရှိ ဗဟိုပြည်သူ့အစိုးရ၊ ဆက်ဆံရေးရုံး လက်ထောက်ညွှန်ကြားရေးမှူး Tan Tieniu က အဆောက်အအုံလွှဲပြောင်းခြင်း အခမ်းအနားသို့ တက်ရောက်ခဲ့ကြသည်။

တရုတ်နိုင်ငံ တောင်ပိုင်း ဟောင်ကောင်ရှိ Yuen Long ဒေသတွင် ရပ်ရွာသီးသန့်အဆောက်အအုံ လွှဲပြောင်းပေးအပ်ခြင်းအခမ်းအနားတွင် အဖွဲ့လိုက်မှတ်တမ်းဓာတ်ပုံရိုက်နေသည်ကို မတ် ၂၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဟောင်ကောင်ရှိ ဆေးဘက်ဆိုင်ရာ အဆောက်အအုံ ၆ ခု၏ ပထမအဆင့်ကို မတ်လက အားလုံးလွှဲပြောင်းခဲ့ပြီးဖြစ်ကာ စုစုပေါင်း ကုတင် ၂၀,၀၀၀ ခန့် ပံ့ပိုးပေးနိုင်ပြီဖြစ်သည်။ Tsing Yi ဒေသရှိ အဆောက်အအုံတစ်ခုမှာ အချိန်တစ်ပတ်ခန့်အတွင်း ပြီးစီးခဲ့ပြီး မတ်၁ ရက်တွင် စတင်လည်ပတ်နေပြီဖြစ်သည်။ နောက်ပိုင်းတွင် San Tin, the Hong Kong-Zhuhai-Macao Bridge, Fanling နှင့် Hung Shui Kiu နေရာများရှိ စီမံကိန်းများမှာလည်း စတင်အသုံးပြုနေပြီဖြစ်သလို ဟောင်ကောင်၏ ကျန်းမာရေးစနစ်ဖိအားကို ကြီးမားစွာ လျှော့ချပေးနေကြောင်းနှင့် ငွေကြေးအချက်အချာဒေသအတွက် ကိုဗစ်-၁၉ ကပ်ရောဂါ တိုက်ဖျက်ရေးအပေါ် အခိုင်အမာ ပံ့ပိုးကူညီပေးလျက်ရှိကြောင်း သိရသည်။

တရုတ်နိုင်ငံ တောင်ပိုင်း ဟောင်ကောင်ရှိ Yuen Long ဒေသတွင် ရပ်ရွာသီးသန့်အဆောက်အအုံအား မတ် ၂၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ တောင်ပိုင်း ဟောင်ကောင်ရှိ Yuen Long ဒေသတွင် ရပ်ရွာသီးသန့်အဆောက်အအုံ လွှဲပြောင်းပေးအပ်ခြင်းအခမ်းအနားသို့ တက်ရောက်လာသော ဟောင်ကောင် အထူးအုပ်ချုပ်ခွင့်ရဒေသ (HKSAR) အုပ်ချုပ်ရေးမှူး ကယ်ရီလမ်းအား မတ် ၂၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

HKSAR အစိုးရအနေဖြင့် နောက်ထပ် တရုတ်တိုင်းရင်းဆေးဝါး ကျွမ်းကျင်ပညာရှင်များအဖွဲ့ကိုလည်း ဟောင်ကောင်သို့ စေလွှတ်ရန် ဗဟိုအာဏာပိုင်များကို တောင်းဆိုထားကြောင်း လမ်းက သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။

ဖေဖော်ဝါရီလလယ်ပိုင်းမှစ၍ ကျွမ်းကျင်ပညာရှင်အဖွဲ့သုံးဖွဲ့အား HKSAR ရှိ ကူးစက်ရောဂါတိုက်ဖျက်ရေး လုပ်ငန်းများကို လေ့လာစစ်ဆေးရန်နှင့် လမ်းညွှန်ရန် ဗဟိုအာဏာပိုင်များက စေလွှတ်ထားခဲ့ကြောင်း၊ ကိုဗစ်-၁၉ လူနာများအား ကုသရန် တရုတ်တိုင်းရင်းဆေးများ အသုံးပြုခဲ့သော ပြည်မကြီး၏ အတွေ့အကြုံသည် ဟောင်ကောင်နှင့် အပ်စပ်မှုရှိကြောင်းနှင့် ကျွမ်းကျင်ပညာရှင်များအနေဖြင့် ဟောင်ကောင်၏ ကူးစက်ရောဂါ တိုက်ဖျက်ရေးလုပ်ငန်းအား ကြီးမားစွာ အထောက်အကူပြုမည်ဟု ယုံကြည်ကြောင်း လမ်းက ပြောခဲ့သည်။

ဟောင်ကောင်တွင် မတ် ၂၄ ရက်၌ nucleic acid စစ်ဆေးမှုဖြင့် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားသူအသစ် ၅,၇၃၂ ဦးရှိခဲ့ပြီး မိမိကိုယ်တိုင် rapid antigen test စစ်ဆေးမှုများမှတစ်ဆင့် ရောဂါပိုးတွေ့ရှိသူ ၇,၃၄၂ ဦးရှိခဲ့ကြောင်း တရားဝင်အချက်အလက်အရ သိရသည်။ (Xinhua)

…………………………………………
1st phase of mainland-aided COVID-19 medical facilities completed in Hong Kong

HONG KONG, March 24 (Xinhua) — The community isolation facility (CIF) in Hong Kong’s Yuen Long, constructed with the support from the mainland, was handed over to the Hong Kong Special Administrative Region (HKSAR) government on Thursday, marking the full completion of the first phase of mainland-aided medical facilities in Hong Kong.
The Yuen Long facility is composed of modular cubicles, with each room equipped with basic furniture and bedding, air conditioner and smoke sensor, among others. It provides over 2,300 rooms with around 9,400 beds.
Chief Executive of the HKSAR Carrie Lam and Deputy Director of the Liaison Office of the Central People’s government in the HKSAR Tan Tieniu attended the handover ceremony.
The first phase of six medical facilities in Hong Kong were all handed over in March, providing a total of about 20,000 beds. The one in Tsing Yi was finished in about one week’s time and started operation on March 1. Later, projects in San Tin, the Hong Kong-Zhuhai-Macao Bridge, Fanling and Hung Shui Kiu were also put into use, greatly reducing the pressure of Hong Kong’s medical system and providing strong support for the financial hub to fight the COVID-19 pandemic.
Lam told a press conference on Thursday that the HKSAR government has requested the central authorities to send another team of traditional Chinese medicine experts to Hong Kong.
Since mid-February, three groups of experts have been sent by the Central authorities to inspect and guide the anti-epidemic work of the HKSAR, Lam said, adding that the mainland’s experience in using the traditional Chinese medicine to treat COVID-19 patients is applicable to Hong Kong and she believed that the experts will be of great help to Hong Kong’s anti-epidemic work.
On Thursday, Hong Kong registered 5,732 new COVID-19 cases by nucleic acid tests, and 7,342 additional positive cases through self-reported rapid antigen tests, official data showed. ■
Photo 1 : Chief Executive of the Hong Kong Special Administrative Region (HKSAR) Carrie Lam (5th L, front) attends the handover ceremony of the community isolation facility (CIF) in Yuen Long, south China’s Hong Kong, March 24, 2022. The CIF in Hong Kong’s Yuen Long, constructed with the support from the mainland, was handed over to the HKSAR government on Thursday, marking the full completion of the first phase of mainland-aided medical facilities in Hong Kong. (Xinhua/Li Gang)
Photo 2 : Aerial photo taken on March 24, 2022 shows the community isolation facility (CIF) in Yuen Long, south China’s Hong Kong. The CIF in Hong Kong’s Yuen Long, constructed with the support from the mainland, was handed over to the Hong Kong Special Administrative Region (HKSAR) government on Thursday, marking the full completion of the first phase of mainland-aided medical facilities in Hong Kong. (Xinhua/Li Gang)
Photo 3 : Staff members pose for a group photo at the handover ceremony of the community isolation facility (CIF) in Yuen Long, south China’s Hong Kong, March 24, 2022. The CIF in Hong Kong’s Yuen Long, constructed with the support from the mainland, was handed over to the Hong Kong Special Administrative Region (HKSAR) government on Thursday, marking the full completion of the first phase of mainland-aided medical facilities in Hong Kong. (Xinhua/Li Gang)
Photo 4 : Photo taken on March 24, 2022 shows the community isolation facility (CIF) in Yuen Long, south China’s Hong Kong. The CIF in Hong Kong’s Yuen Long, constructed with the support from the mainland, was handed over to the Hong Kong Special Administrative Region (HKSAR) government on Thursday, marking the full completion of the first phase of mainland-aided medical facilities in Hong Kong. (Xinhua/Li Gang)
Photo 5 : Chief Executive of the Hong Kong Special Administrative Region (HKSAR) Carrie Lam attends the handover ceremony of the community isolation facility (CIF) in Yuen Long, south China’s Hong Kong, March 24, 2022. The CIF in Hong Kong’s Yuen Long, constructed with the support from the mainland, was handed over to the HKSAR government on Thursday, marking the full completion of the first phase of mainland-aided medical facilities in Hong Kong. (Xinhua/Li Gang)
Photo 6 : Aerial photo taken on March 24, 2022 shows the community isolation facility (CIF) in Yuen Long, south China’s Hong Kong. The CIF in Hong Kong’s Yuen Long, constructed with the support from the mainland, was handed over to the Hong Kong Special Administrative Region (HKSAR) government on Thursday, marking the full completion of the first phase of mainland-aided medical facilities in Hong Kong. (Xinhua/Li Gang)