Connect with us

Media

ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသ၏ ဥပဒေပြုကောင်စီရွေးကောက်ပွဲသည် တစ်နိုင်ငံ စနစ်နှစ်မျိုး မူဝါဒ၏ သမိုင်းမှတ်တိုင်သစ်တစ်ခုဖြစ်ကြောင်းကျွမ်းကျင်သူပြော

ဟောင်ကောင်၊ဒီဇင်ဘာ ၂၁ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသ၏ သတ္တမအကြိမ်ဥပဒေပြုကောင်စီရွေးကောက်ပွဲ ၌ ဥပဒေပြုကောင်စီအဖွဲ့ဝင် ၉၀ ဦးစလုံး ကို  ဒီဇင်ဘာ ၂၀ ရက် နံနက်ပိုင်းတွင် ရွေးကောက်တင်မြှောက်ခဲ့ကြောင်း သိရသည်။

ဒီဇင်ဘာ ၁၉ ရက်တွင် လူပေါင်း ၁ ဒသမ ၃ သန်းကျော် ဆန္ဒမဲပေးခဲ့ပြီးနောက် ရွေးကောက်ပွဲကော်မတီရေးရာ မဲဆန္ဒနယ် (Election Committee constituency) အတွက်( ကိုယ်စားလှယ် ၄၀ ဦး) ၊ လုပ်ငန်းရေးရာ မဲဆန္ဒနယ် (Functional constituencies)အတွက် ( ကိုယ်စားလှယ် ၃၀ ဦး ) နှင့် ပထဝီမြေပြင်ရေးရာ မဲဆန္ဒနယ်(Gographical constituencies) အတွက် ( ကိုယ်စားလှယ် ၂၀ ဦး) တို့အတွက် အဖွဲ့ဝင်များအား မဲပေးရွေးချယ်ခဲ့ကြသည်။

ဥပဒေပြုကောင်စီအမိန့်အရ ကောင်စီအမှုဆောင်အရာရှိချုပ်သည် ဟောင်ကောင်၏ သတ္တမသက်တမ်း ဥပဒေပြုကောင်စီကို ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၁ ရက်တွင် စတင်တာဝန်ယူသွားရမည်ဖြစ်ကြောင်း သိရသည်။

LegCo ဥပဒေပြုကောင်စီ၏ ရာထူးသက်တမ်းမှာ ၄ နှစ် ဖြစ် သည်။

ယခုရွေးကောက်ပွဲ အောင်မြင်စွာပြီးမြောက်ခြင်း ဟာ တစ်နိုင်ငံ စနစ်နှစ်မျိုး မူဝါဒ အကောင်အထည်ဖော်ဆောင်ခြင်း ၌ မှတ်တိုင်သစ်တစ်ခု ဖြစ်ကြောင်း Wisdom Hong Kong ပညာရှင်အဖွဲ့ ဥက္ကဌဖြစ်သူ ချောင်ပတ်ချင်က ဆိုသည်။ (Xinhua)

………………………..

(English Version)

GLOBALink | HKSAR’s LegCo election milestone of “one country, two systems”: expertHONG KONG, Dec. 20 (Xinhua) — All the 90 members of the seventh-term Legislative Council (LegCo) of China’s Hong Kong Special Administrative Region (HKSAR) have been elected by Monday morning.

The members were elected by the Election Committee constituency (40 seats), functional constituencies (30 seats), and geographical constituencies (20 seats) after over 1.3 million people voted on Sunday.

The Chief Executive in Council, in accordance with the Legislative Council Ordinance, has specified Jan. 1, 2022, as the commencement date of the seventh-term LegCo of the HKSAR.

“The success of this election is a milestone in the implementation of the ‘one country, two systems,'” says Chow Pak-chin, president of think tank Wisdom Hong Kong.

The term of office of the LegCo is four years.

Produced by Xinhua Global Service