Connect with us

Politics, Law & Military

ဟောင်ကောင်၏ သတ္တမအကြိမ်မြောက် ဥပဒေပြုကောင်စီ (LegCo) ရွေးကောက်ပွဲစတင်

ဟောင်ကောင် ၊ ဒီဇင်ဘာ ၁၉ ရက်(ဆင်ဟွာ)

ဟောင်ကောင်ရွေးကောက်ပွဲစနစ်အား တိုးတက်မြှင့်တင်မှု ပြုလုပ်ခဲ့ပြီးချိန်မှစ၍ ပထမဆုံးအနေအဖြစ် ပြုလုပ်သော တရုတ်နိုင်ငံ ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသ(HKSAR) ၏ သတ္တမအကြိမ်မြောက် ဥပဒေပြုကောင်စီ(LegCo) ရွေးကောက်ပွဲကို ယနေ့ တနင်္ဂနွေနေ့ နံနက်ပိုင်းတွင် စတင်ကျင်းပခဲ့ကြောင်း သိရသည်။ဟောင်ကောင်ဒေသတစ်ဝှမ်းရှိ မဲရုံပေါင်း ၆၀၀ ကျော်ကို ယနေ့ဒေသစံတော်ချိန် နံနက် ၈ နာရီ ၃၀ မိနစ်တွင်စတင်ဖွင့်လှစ်ခဲ့ပြီး မဲပေးခွင့်ရှိ ၄.၅ သန်းခန့်က ၎င်းတို့၏ ဆန္ဒမဲများကို အသီးသီးပေးအပ်ကြမည်ဖြစ်သည်။သတ္တမအကြိမ်မြောက် ဟောင်ကောင်ဥပဒေပြုကောင်စီ ( HKSAR LegCo) ၏ အဖွဲ့ဝင်အရေအတွက်ကိုလည်း ၇၀ ဦး မှ ၉၀ ဦးအထိ တိုးမြှင့်ထားပြီး ယင်းကိုယ်စားလှယ်လောင်းများသည် ရွေးကောက်ပွဲကော်မတီရေးရာ မဲဆန္ဒနယ် (Election Committee constituency) အတွက်( ကိုယ်စားလှယ် ၄၀ ဦး) ၊ လုပ်ငန်းရေးရာ မဲဆန္ဒနယ် (Functional constituencies)အတွက် ( ကိုယ်စားလှယ် ၃၀ ဦး ) နှင့် ပထဝီမြေပြင်ရေးရာ မဲဆန္ဒနယ်(Gographical constituencies) အတွက် ( ကိုယ်စားလှယ် ၂၀ ဦး) ကို အသီးသီးရွေးချယ် တင်မြှောက်သွားကြမည်ဖြစ်သည်။

ရွေးကောက်ပွဲကော်မတီမဲဆန္ဒနယ်တွင် အမတ်နေရာ ၄၀ အတွက် ကိုယ်စားလှယ်လောင်း ၅၁ ဦး ၊ လုပ်ငန်းရေးရာ မဲဆန္ဒနယ်တွင် အမတ်နေရာ ၃၀ ဦးအတွက် ကိုယ်စားလှယ်လောင်း ၇၆ ဦး နှင့် ပထဝီမြေပြင်ရေးရာ မဲဆန္ဒနယ် တွင် အမတ်နေရာ ၂၀ ဦးအတွက် ကိုယ်စားလှယ်လောင်း ၃၅ ဦး အသီးသီး ဝင်ရောက်ယှဉ်ပြိုင်နေကြောင်း သိရသည်။

COVID-19 ကပ်ရောဂါထိန်းချုပ်ရေးလုပ်ငန်းများကို ကျယ်ကျယ်ပြန့်ပြန့်လုပ်ဆောင်နေရခြင်းကြောင့် မဲရုံများတွင် Heung Yuen Wai ၊ Lo Wu နှင့် Lok Ma Chau Spur Line များ၌ ကိုဗစ်ရောဂါ စစ်ဆင်းရေးနေရာများ အသီးသီးထည့်သွင်းထားကြောင်း သိရသည်။

တရုတ်နိုင်ငံပြည်မကြီးသို့ရောက်ရှိနေသော ဟောင်ကောင်မဲဆန္ဒရှင်များအနေဖြင့် ၎င်းတို့၏ ဆန္ဒမဲများကို ပေးနိုင်ရန်အတွက် ဟောင်ကောင်သို့ အချိန်တိုအတွင်း ပြန်သွားနိုင်အောင် စီစဉ်ပေးထားကြောင်းလည်း သိရသည်။

တရုတ်နိုင်ငံ Mass Transit Railway Corporation Limited လုပ်ငန်းစု ၊ ဘတ်စ်ကားပို့ဆောင်ရေးလုပ်ငန်းစု နှင့် ဟောင်ကောင် Tramways ပို့ဆောင်ရေးလုပ်ငန်းစုများ အပါအဝင် အမျိုးမျိုးသော အများပြည်သူပို့ဆောင်ရေးစနစ်များက ရွေးကောက်ပွဲနေ့တွင် ပြည်သူများ လွယ်ကူစွာသွားရောက် မဲပေးနိုင်ရန်အတွက် အခမဲ့ယာဉ်စီးနင်းခွင့်ကို စီမံဆောင်ရွက်ပေးထားသည်။

ယနေ့တနင်္ဂနွေနေ့ ဒေသစံတော်ချိန် ည ၁၀ နာရီ ၃၀ မိနစ်တွင် မဲရုံများပိတ်သိမ်းမည်ဖြစ်သည်။LegCo သည် ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသ၏ ဥပဒေပြုကောင်စီဖြစ်သည်။ဥပဒေပြုကောင်စီအမိန့်အရ ကောင်စီအမှုဆောင်အရာရှိချုပ်သည် ဟောင်ကောင်၏ သတ္တမအကြိမ်မြောက် ဥပဒေပြုကောင်စီကို ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၁ ရက်တွင် စတင်တာဝန်ယူသွားရမည်ဖြစ်သည်။ LegCo ဥပဒေပြုကောင်စီ၏ ရာထူးသက်တမ်းမှာ ၄ နှစ် ဖြစ်ကြောင်း သိရသည်။(Xinhua)

———————————
(English Version)

HKSAR’s 7th-term LegCo election kicks off

HONG KONG, Dec. 19 (Xinhua) — The election for the seventh-term Legislative Council (LegCo) of the Hong Kong Special Administrative Region (HKSAR) kicked off Sunday morning, the first since the improvement to the HKSAR electoral system.

More than 600 polling stations opened at 8:30 a.m. local time across Hong Kong for about 4.5 million registered electors to cast their votes.
The membership of the seventh term of the HKSAR LegCo will increase from 70 to 90, and the members are to be elected by the Election Committee constituency (40 seats), functional constituencies (30 seats), and geographical constituencies (20 seats), respectively.

In the Election Committee constituency, 51 candidates are competing for 40 seats; in the functional constituencies, 67 candidates are competing for 30 seats; in the geographical constituencies, 35 candidates are competing for 20 seats.

Due to border control measures over COVID-19, polling stations were also set up at checkpoints at Heung Yuen Wai, Lo Wu, and Lok Ma Chau Spur Line. Hong Kong voters in the Chinese mainland can briefly cross into Hong Kong to cast their ballots.

Various public transport operators including the Mass Transit Railway Corporation Limited, franchised bus operators, and Hong Kong Tramways provide free rides for the public on the polling day.

Voting will end at 10:30 p.m. local time Sunday. The LegCo is the legislature of the HKSAR. The Chief Executive in Council, in accordance with the Legislative Council Ordinance, has specified Jan. 1, 2022 as the commencement date of the seventh-term LegCo of the HKSAR.
The term of office of the LegCo is four years. Enditem

Staff members work at a counting station in Hong Kong, south China, Sept. 19, 2021.