Connect with us

Politics, Law & Military

ဟောင်ကောင်၏ သတ္တမအကြိမ် ဥပဒေပြုကောင်စီရွေးကောက်ပွဲတွင် တက်ကြွစွာမဲပေးကြရန် ကယ်ရီလမ်းတိုက်တွန်း

ဟောင်ကောင် ၊ ဒီဇင်ဘာ ၁၉ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသ အုပ်ချုပ်ရေးမှူး ကယ်ရီလမ်းက မဲဆန္ဒရှင်ပြည်သူများအနေဖြင့် မိမိတို့၏ ပြည်သူ့တာဝန်ဝတ္တရားများကို အပြည့်အဝကျေပွန်စေရန် နှင့် ကျင်းပဆဲ သတ္တမသက်တမ်း ဟောင်ကောင်ဥပဒေပြုကောင်စီရွေးကောက်ပွဲ(LegCo) ၌ တက်ကြွစွာမဲပေးကြရန် ယနေ့ ဒီဇင်ဘာ ၁၉ ရက်တွင် တိုက်တွန်းပြောကြားလိုက်သည်။မဲပေးခြင်းသည် ဟောင်ကောင်၏ အနာဂတ် နှင့်တိုးတက်လာသော ရွေးကောက်ပွဲစနစ်အတွက် ယုံကြည်မှုတစ်ခုဖြစ်ကြောင်း နှင့် ဟောင်ကောင်ဒေသ၏ ရေရှည်ငြိမ်းချမ်းရေး နှင့် တည်ငြိမ်ရေးအတွက် လမ်းခင်းပေးလိမ့်မည်ဖြစ်ကြောင်း Raimondi ကောလိပ်မဲရုံ၌ ယနေ့ နံနက် ၉ နာရီတွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲ၌ လမ်းက ပြောကြားခဲ့သည်။

ယနေ့တနင်္ဂနွေနေ့တွင် ပြုလုပ်သည့် ရွေးကောက်ပွဲနှင့်ပတ်သက်၍ မည်သို့ခံစားရသည်ကို ဆင်ဟွာသတင်းဌာန၏ မေးမြန်းချက်အား ပြန်လည်ဖြေကြားရာတွင် ကယ်ရီလမ်းက လွန်ခဲ့သော နှစ်နှစ်က ကျင်းပခဲ့သည့် ခရိုင်ကောင်စီရွေးကောက်ပွဲတွင် သူ(မ) နှင့် ခင်ပွန်းဖြစ်သူတို့သည် မဲရုံတစ်ခုတည်း၌ အတူတကွသွားရောက်မဲပေးခဲ့ကြပုံကို ပြန်ပြောင်းပြောကြားခဲ့ပြီး ၊ ထိုစဉ်က ဟောင်ကောင်သည် အကြမ်းဖက်မှုဖြင့် သောကပွေခဲ့ရကြောင်း ၊ ကိုယ်စားလှယ်လောင်းရုံးများမှာလည်း ဖျက်ဆီးခံခဲ့ရကြောင်း နှင့် မဲဆန္ဒရှင်ပြည်သူများအနေဖြင့် ၎င်းတို့လုံခြုံရေးအတွက် စိုးရိမ်ပူပန်ခဲ့ရကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

ယခုအနေအထားဖြင့်နှိုင်းယှဉ်ကြည့်ပါက ဟောင်ကောင်ရှိ မဲရုံများအားလုံး နှင့် အများပြည်သူပို့ဆောင်ရေး စနစ်များသည် ငြိမ်းငြိမ်းချမ်းချမ်းဖြင့် အဆင်ပြေချောမွေ့စွာ လည်ပတ်လျက်ရှိကြောင်း ၊ ပို၍ယုံကြည်မျှော်လင့်မှုရှိသော အခြေအနေတစ်ရပ်ဖြစ်ကြောင်း ၎င်းကဆိုသည်။

အုပ်ချုပ်ရေးမှူးတစ်ဦးအနေဖြင့် လမ်းက သူ(မ) နှင့်လုပ်ဖော်ကိုင်ဖက်များသည် အသစ်ရွေးချယ်တင်မြှောက်ခံရမည့် ဟောင်ကောင်ဥပဒေပြုအမတ်များနှင့်အတူ ပူးပေါင်းဆောင်ရွက်မှုကို အပြည့်အဝလုပ်ဆောင်သွားမည်ဖြစ်ပြီး ၎င်းတို့၏ သဘောထားအမြင်များကိုနားထောင်သွားမည်ဖြစ်ကြောင်း ၊ စီမံအုပ်ချုပ်ရေးတွင် ပြည်သူများ၏ အတွေးအမြင်ကို ပိုမိုထင်ဟပ်စေရန် လုပ်ဆောင်သွားမည်ဖြစ်ပြီး ဟောင်ကောင်အတွက် ပိုမိုကောင်းမွန်သောအနာဂတ်ကို တည်ဆောက်သွားမည်ဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

“ ဒီရွေးကောက်ပွဲဟာ တရားမျှတမှု ၊ ပွင့်လင်းမှု ၊ သန့်ရှင်းမှု နဲ့ ထိရောက်မှုရှိမယ်လို့ ကျွန်မမျှော်လင့်ပါတယ်” ဟု ၎င်းကဆိုသည်။
ရွေးကောက်ပွဲတွင် အီလက်ထရောနစ်မဲစာရင်းမှတ်ပုံတင်စနစ် နှင့် သက်ကြီးရွယ်အိုများ ၊ ကိုယ်ဝန်ဆောင်များ နှင့် အခြားသော မဲပေးသူအုပ်စုများအတွက် အဆင်ပြေလွယ်ကူစေမည့် မဲပေးအစီအစဉ်များ အပါအဝင် နည်းပညာသစ်များကို အသုံးပြုထားကြောင်း လမ်းက ဆိုသည်။

တရုတ်နိုင်ငံ Mass Transit Railway Corporation Limited လုပ်ငန်းစု ၊ ဘတ်စ်ကားပို့ဆောင်ရေးလုပ်ငန်းစု နှင့် ဟောင်ကောင် Tramways ပို့ဆောင်ရေးလုပ်ငန်းစုများ အပါအဝင် အမျိုးမျိုးသော အများပြည်သူပို့ဆောင်ရေးစနစ်များက ရွေးကောက်ပွဲနေ့တွင် ပြည်သူများ လွယ်ကူစွာသွားရောက် မဲပေးနိုင်ရန်အတွက် အခမဲ့ယာဉ်စီးနင်းခွင့်ကို စီမံဆောင်ရွက်ပေးထားသည်။

ဟောင်ကောင် ဥပဒေပြုကောင်စီ(LegCo) ၏ သတ္တမ သက်တမ်းအတွက် ပြုလုပ်သော ရွေးကောက်ပွဲသည် ယနေ့ တနင်္ဂနွေနေ့ နံနက်ပိုင်းတွင် စတင်ကျင်းပခဲ့ပြီး ဟောင်ကောင်ရွေးကောက်ပွဲစနစ်အား တိုးတက်မြှင့်တင်မှု ပြုလုပ်ခဲ့ပြီးချိန်မှစ၍ ပထမဆုံးအကြိမ်ပြုလုပ်သော ရွေးကောက်ပွဲဖြစ်သည်။
ဟောင်ကောင်ဒေသတစ်ဝှမ်းရှိ မဲရုံပေါင်း ၆၀၀ ကျော်ကို ယနေ့ဒေသစံတော်ချိန် နံနက် ၈ နာရီ ၃၀ မိနစ်တွင်စတင်ဖွင့်လှစ်ခဲ့ပြီး မဲပေးခွင့်ရှိ ၄.၅ သန်းခန့်က ၎င်းတို့၏ ဆန္ဒမဲများကို အသီးသီးပေးအပ်ကြမည်ဖြစ်သည်။

ဟောင်ကောင်ဥပဒေပြုကောင်စီ ( HKSAR LegCo) သတ္တမသက်တမ်း၏ အဖွဲ့ဝင်အရေအတွက်ကိုလည်း ၇၀ ဦး မှ ၉၀ ဦးအထိ တိုးမြှင့်ထားပြီး ယင်းကိုယ်စားလှယ်လောင်းများသည် ရွေးကောက်ပွဲကော်မတီရေးရာ မဲဆန္ဒနယ် (Election Committee constituency) အတွက်( ကိုယ်စားလှယ် ၄၀ ဦး) ၊ လုပ်ငန်းရေးရာ မဲဆန္ဒနယ် (Functional constituencies)အတွက် ( ကိုယ်စားလှယ် ၃၀ ဦး ) နှင့် ပထဝီမြေပြင်ရေးရာ မဲဆန္ဒနယ်(Gographical constituencies) အတွက် ( ကိုယ်စားလှယ် ၂၀ ဦး) ကို အသီးသီးရွေးချယ် တင်မြှောက်သွားကြမည်ဖြစ်သည်။

LegCo သည် ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသ၏ ဥပဒေပြုကောင်စီဖြစ်သည်။ဥပဒေပြုကောင်စီအမိန့်အရ ကောင်စီအမှုဆောင်အရာရှိချုပ်သည် ဟောင်ကောင်၏ သတ္တမသက်တမ်း ဥပဒေပြုကောင်စီကို ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၁ ရက်တွင် စတင်တာဝန်ယူသွားရမည်ဖြစ်သည်။(Xinhua)

———————————
(English Version)

Carrie Lam urges active voting in HKSAR’s 7th-term LegCo election

HONG KONG, Dec. 19 (Xinhua) — Chief Executive of the Hong Kong
Special Administrative Region (HKSAR) Carrie Lam on Sunday called on voters to fulfill their civic responsibilities and vote actively in the ongoing seventh-term Legislative Council (LegCo) election.

It is a vote of confidence for the improved electoral system and the future of the HKSAR, and will pave the way for Hong Kong’s long-term peace and stability, Lam said when meeting the press after casting her ballot at 9:00 a.m. at the Raimondi College polling station.

When answering a question from Xinhua regarding her feelings about the Sunday election, Lam first recalled the District Council election two years ago when she and her husband went to vote at the same polling station, a time when Hong Kong was rattled by violence, candidates’ offices were sabotaged, and voters feared for their personal safety.
In comparison, all polling stations and public transport in Hong Kong are peaceful and running smoothly on Sunday, a situation that is more than encouraging, she said.
As the chief executive, Lam said she and her colleagues will cooperate fully with the newly-elected LegCo members and listen to their views, so as to better reflect public opinions in administration and create a better future for Hong Kong.

“I hope this election will be fair, just, open, clean and efficient,” she said.
The election adopted new technologies including an electronic poll register system and tailored voting arrangements for the elderly, the pregnant and other voter groups, Lam said.
Various public transport operators including the Mass Transit Railway Corporation Limited, franchised bus operators, and Hong Kong Tramways provide free rides for the public on the polling day.

The election for the seventh-term LegCo of the HKSAR kicked off Sunday morning, the first since the improvement to the HKSAR electoral system.
More than 600 polling stations opened at 8:30 a.m. local time across Hong Kong for about 4.5 million registered electors to cast their votes.

The membership of the seventh-term of the HKSAR LegCo will increase from 70 to 90, and the members are to be elected by the Election Committee constituency (40 seats), functional constituencies (30 seats), and geographical constituencies (20 seats), respectively.
The LegCo is the legislature of the HKSAR. The Chief Executive in Council, in accordance with the Legislative Council Ordinance, has specified Jan. 1, 2022 as the commencement date of the seventh-term LegCo of the HKSAR. Enditem

Staff members work at a counting station in Hong Kong, south China, Sept. 19, 2021