Connect with us

Politics, Law & Military

ဟောင်ကောင်၏ သတ္တမအကြိမ်ဥပဒေပြုကောင်စီက ဇန်နဝါရီ ၁ ရက်တွင် လေးနှစ်တာသက်တမ်း စတင်

ဟောင်ကောင် ၊ ဇန်နဝါရီ ၂ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသ(HKSAR)၏ သတ္တမအကြိမ်ဥပဒေပြုကောင်စီသည် ဇန်နဝါရီ ၁ ရက်တွင် ၎င်း၏ လေးနှစ်တာသက်တမ်းအား စတင်ခဲ့ကြောင်း သိရသည်။ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသ အုပ်ချုပ်ရေးမှူး ကယ်ရီလမ်းက ဇန်နဝါရီ ၃ ရက်တွင် သတ္တမအကြိမ်ဥပဒေပြုကောင်စီဝင်များအတွက် ကျမ်းသစ္စာကျိန်ဆိုပွဲအား ဆောင်ရွက်ပေးသွားမည် ဖြစ်ပြီး ဇန်နဝါရီ ၁၂ ရက်တွင် ဥပဒေပြုကောင်စီအသစ်သည် ၎င်းတို့၏ ပထမဆုံးအစည်းအဝေးအား ကျင်းပရန် မျှော်မှန်းထားကြောင်း သိရသည်။
ဟောင်ကောင်၏ ရွေးကောက်ပွဲစနစ်အား တိုးတက်မြှင့်တင်ပြီးချိန်၌ ပထမဆုံးအကြိမ် ဥပဒေပြုကောင်စီ ရွေးကောက်ပွဲအား ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၁၉ ရက်တွင် အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါရွေးကောက်ပွဲတွင် ရွေးကောက်ပွဲကော်မတီရေးရာ မဲဆန္ဒနယ် (Election Committee constituency) အတွက်( ကိုယ်စားလှယ် ၄၀ ဦး) ၊ လုပ်ငန်းရေးရာ မဲဆန္ဒနယ် (Functional constituencies)အတွက် ( ကိုယ်စားလှယ် ၃၀ ဦး ) နှင့် ပထဝီမြေပြင်ရေးရာ မဲဆန္ဒနယ်(Gographical constituencies) အတွက် ( ကိုယ်စားလှယ် ၂၀ ဦး) တို့ အပါအဝင် ကိုယ်စားလှယ်နေရာ ၉၀ အတွက် စုစုပေါင်း ကိုယ်စားလှယ်လောင်း ၁၅၃ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။ (Xinhua)
…………………………………………
(English Version)
HKSAR’s seventh-term LegCo begins four-year term on Jan. 1

HONG KONG, Jan. 1 (Xinhua) — The seventh-term Legislative Council (LegCo) of China’s Hong Kong Special Administrative Region (HKSAR) began its four-year term of office on Saturday.

HKSAR Chief Executive Carrie Lam will administer the oath-taking ceremony for members of the seventh-term LegCo on Jan. 3, and on Jan. 12 the new LegCo is expected to hold its first session.

The LegCo election, the first since improvements to the HKSAR’s electoral system, was successfully held on Dec. 19, 2021.
In the election, a total of 153 candidates had contended for 90 seats, including 20 from geographical constituencies, 30 from functional constituencies, and 40 from the Election Committee constituency. Enditem

Photo – Chairman of the China’s Hong Kong Special Administrative Region (HKSAR) Electoral Affairs Commission Fung Wah (2nd R) opens a ballot box in Hong Kong, south China, Dec. 19, 2021. (Xinhua/Lui Siu Wai)