Connect with us

Science & Technology

ဟွာလုံဝမ်းအဏုမြူဓာတ်ပေါင်းဖိုဖြင့် တရုတ်နိုင်ငံ၏ ဒုတိယနျူကလီးယားယူနစ်က ဓာတ်အားထုတ်လုပ်မှု စတင်

ဖူကျိူး ၊ ဇန်နဝါရီ ၃ ရက်(ဆင်ဟွာ)
တရုတ်နိုင်ငံက ထုတ်လုပ်ထားသော တတိယမျိုးဆက် အဏုမြူဓာတ်ပေါင်းဖို ဟွာလုံဝမ်း (Hualong One)အား အသုံးပြု၍ နိုင်ငံ၏ ဒုတိယနျူကလီးယားစွမ်းအင်ယူနစ်သည် လျှပ်စစ်ဓာတ်အား စတင်ထုတ်လုပ်နေပြီ ဖြစ်ကာ စီးပွားဖြစ်လည်ပတ်မှုအတွက် လမ်းဖွင့်ပေးနေကြောင်း သိရသည်။

တရုတ်နိုင်ငံ အရှေ့ပိုင်း ဖူကျန့်ပြည်နယ် ဖူချင်းမြို့ရှိ အမှတ် ၆ ယူနစ်သည် ဇန်နဝါရီ ၁ ရက် ည ၁၀ နာရီ ၃၅ မိနစ်တွင် ဓာတ်အားလိုင်းနှင့် ချိတ်ဆက်ခဲ့ပြီး ဓာတ်အားထုတ်လုပ်မှုအား စတင်ခဲ့ကြောင်း တရုတ် အမျိုးသား နျူကလီးယားကော်ပိုရေးရှင်း (CNNC)ထံမှ သိရသည်။
 
ယင်းနေရာတွင် ရှိသော ဝန်ထမ်းများက အမှတ် ၆ ယူနစ်သည် ကောင်းမွန်သည့်အခြေအနေတွင် ရှိကြောင်း အတည်ပြုပြောကြားခဲ့ပြီး နည်းပညာဆိုင်ရာအညွှန်းများအားလုံးသည် ဒီဇိုင်းလိုအပ်ချက်များနှင့် ကိုက်ညီသည်ဟု ဆိုသည်။
 
တရုတ် အမျိုးသား နျူကလီးယားကော်ပိုရေးရှင်း (CNNC)၏ ပြောကြားချက်အရ ဟွာလုံဝမ်းအဏုမြူဓာတ်ပေါင်းဖိုအား အသုံးပြုသည့် နျူကလီးယားစွမ်းအင်ယူနစ်တိုင်းသည် တပ်ဆင်အား ကီလိုဝပ် ၁ ဒသမ ၁၆ သန်း ရှိသည်။ နှစ်စဉ် လျှပ်စစ်ဓာတ်အား ကီလိုဝပ်နာရီ ၁၀ ဘီလီယံနီးပါး ထုတ်လုပ်ရန် မျှော်မှန်းထားပြီး ကျောက်မီးသွေးသုံးစွဲမှုစံနှုန်း တန်ချိန် ၃ ဒသမ ၁၂ သန်း နှင့် ကာဗွန်ဒိုင်အောက်ဆိုဒ် ထုတ်လွှတ်မှု တန်ချိန် ၈ ဒသမ ၁၆ သန်း လျှော့ချခြင်းနှင့် ညီမျှကြောင်း သိရသည်။
 
ပထမဆုံး ဟွာလုံဝမ်း ကမ္ဘာလုံးဆိုင်ရာ ယူနစ် နှင့် ပထမဆုံး ပြည်ပယူနစ်အား ဖူချင်းမြို့နှင့် ပါကစ္စတန်နိုင်ငံတို့၌ ၂၀၂၁ ခုနှစ်တွင် စီးပွားဖြစ် အသုံးပြုခဲ့ကြောင်း သိရသည်။ (Xinhua)
…………………………………………
(English Version)
China’s second nuclear unit with Hualong One reactor starts power generation
 
FUZHOU, Jan. 2 (Xinhua) — China’s second nuclear power unit using Hualong One, a domestically designed third-generation nuclear reactor, has begun generating electricity, paving the way for commercial operation.
 
The No. 6 unit in the city of Fuqing, east China’s Fujian Province, was connected to the power grid at 10:35 p.m. on Saturday and started power generation, according to the China National Nuclear Corporation (CNNC).
 
On-site staff confirmed that the unit was in good condition, and all the technical indicators met the design requirements.
According to CNNC, every nuclear power unit using Hualong One has an installed capacity of 1.16 million kilowatts. It is expected to generate nearly 10 billion kilowatt-hours of electricity annually, equivalent to reduction of 3.12 million tonnes of standard coal consumption and 8.16 million tonnes of carbon dioxide emissions.
 
The first Hualong One unit globally and the first unit overseas were put into commercial use in 2021 in Fuqing and Pakistan, respectively. ■
Photo – Photo taken on Nov. 6, 2021 shows a view of the No. 6 nuclear power unit in the city of Fuqing, east China’s Fujian Province. (Xinhua)