Connect with us

North America

အကယ်၍ ကျန်းမာရေးကောင်းနေလျှင် ၂၀၂၄ သမ္မတ ရွေးကောက်ပွဲ ဝင်ပြိုင်မည်ဟု ဘိုင်ဒန် ပြောကြား

၂၀၁၉ ခုနှစ် မေ ၁၈ ရက်တွင် အမေရိကန်နိုင်ငံ ဗီလ်ဒဲလ်ပီးယား၌ ရွေးကောက်ပွဲ မဲဆွဲစည်းရုံးရေးဟောပြောနေသော သမ္မတလောင်း ဂျိုးဘိုင်ဒန်အား တွေ့ရစဉ်(ဆင်ဟွာ)

ဝါရှင်တန် ၊ ဒီဇင်ဘာ ၂၃ ရက်(ဆင်ဟွာ)

အမေရိကန်နိုင်ငံသမ္မတဂျိုးဘိုင်ဒန်က ၎င်းအနေဖြင့် ကျန်းမာရေးကောင်းမွန်နေအုံးမည်ဆိုပါက လာမည့် ၂၀၂၄ ခုနှစ် အမေရိကန်သမ္မတရွေးကောက်ပွဲတွင် ထပ်မံဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း ဒီဇင်ဘာ ၂၂ ရက်တွင် ပြုလုပ်သည့် တွေ့ဆုံမေးမြန်းခန်းတစ်ခု၌ ထည့်သွင်းဖြေကြားခဲ့သည်။

ဒီဇင်ဘာ ၂၂ ရက် ညပိုင်းက ABC ရုပ်သံသတင်းဌာနနှင့်ပြုလုပ်သည့် အင်တာဗျူးတစ်ခုတွင် အစီအစဉ်တင်ဆက်သူ David Muir က လာမည့်ရွေးကောက်ပွဲအတွက် ဘိုင်ဒန်အနေဖြင့် ဝင်ရောက်ယှဉ်ပြိုင်သွားရန် အစီအစဉ်ရှိ/ မရှိ မေးမြန်းခဲ့ရာ ဘိုင်ဒန်က “ Yes ” ပြိုင်မှာပေါ့ ဟု ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။

“ ဒါပေမယ့် ကြည့်ရမှာပေါ့ဗျာ ။ ကျွန်တော်ကတော့ ကံတရားကို ယုံကြည်လေးစားလွန်းသူတစ်ဦးပါ။ ကံတရားဟာ ကျွန်တော့်ဘဝထဲမှာ အကြိမ်ပေါင်းများစွာ ဝင်ရောက်စီမံပေးခဲ့ဖူးပါတယ် ၊ အခုလိုမျိုးကျွန်တော်ကျန်းမာရေးကောင်းနေမယ် ၊ အဲဒီအချိန်မှာလည်း ကျွန်တော့် ကျန်းမာရေးဟာ ကောင်းနေအုံးမယ်ဆိုရင်တော့ နောက်ထပ် တစ်ကြိမ် ဝင်ပြိုင်ဖြစ်မှာပေါ့” ဟု သမ္မတဘိုင်ဒန်က ဆိုသည်။
ပြိုင်ဖက်အနေဖြင့် ယခင်သမ္မတဟောင်း ဒေါ်နယ်ထရမ့်က ထပ်မံ ဝင်ရောက် ယှဉ်ပြိုင်လာမည်ဆိုပါက ဘိုင်ဒန်အနေဖြင့် ဆက်လက်ယှဉ်ပြိုင်သွားရန် ဆန္ဒရှိ/မရှိအပေါ် တွေ့ဆုံမေးမြန်းသူ Muir က မေးခွန်းထုတ်ခဲ့ရာတွင် “ အခု ခင်ဗျားက ကျွန်တော့်ကို ပွဲဆူအောင် သွေးဆောင်နေတာပဲ ” ဟု ဘိုင်ဒန်က ရယ်မောလျက် ပြန်လည်ဖြေကြားခဲ့သည်။ “ သေချာတာပေါ့ ၊ သမ္မတလောင်းအဖြစ် ကျုပ်က ထရမ့်နဲ့ ဘာကြောင့် မပြိုင်နိုင်ရမှာလဲ ၊ ဒါမှ ပြိုင်ပွဲက ပိုပြီး မြိုင်မြိုင်ဆိုင်ဆိုင်ဖြစ်မှာပေါ့” ဟု ၎င်းက ဆက်လက် ဖြေကြားခဲ့သည်။(Xinhua)

——————————
(English Version)
Biden says to run for president in 2024 if in good health
WASHINGTON, Dec. 22 (Xinhua) — U.S. President Joe Biden said Wednesday that he will run for reelection in 2024 if he is in good health at the time.
“Yes,” he said when asked by host David Muir if he plans to run for reelection, in an interview aired Wednesday on ABC’s World News Tonight.
“But look, I’m a great respecter of fate. Fate has intervened in my life many, many times. If I’m in the health I’m in now, if I’m in good health, then in fact, I would run again,” he said.
Muir asked Biden whether he still wants to run if his opponent turns out to be former President Donald Trump again.
“You’re trying to tempt me now,” Biden answered with a laughter. “Sure. Why would I not run against Donald Trump for the nominee? That’ll increase the prospect of running.”

Former U.S. Vice President Joe Biden speaks during a rally in Philadelphia May 18, 2019. (Xinhua/Liu Jie)