Connect with us

Asia

အင်ဒိုနီးရှားနိုင်ငံက ဇီဝလောင်စာအသုံးပြု၍ လေယာဉ်စမ်းသပ်ပျံသန်းမှု ပြုလုပ်

ဂျကာတာ ၊ အောက်တိုဘာ ၇ ရက်(ဆင်ဟွာ)

အင်ဒိုနီးရှားနိုင်ငံသည် bioavtur J2.4 ဇီဝလေကြောင်းပျံသန်းမှု တာဘိုင်လောင်စာကို အသုံးပြုပြီး တာလတ်သုံး အင်ဂျင်နှစ်လုံးပါသည့် သယ်ယူပို့ဆောင်ရေးလေယာဉ်တစ်စင်းဖြင့် စမ်းသပ်ပျံသန်းမှုတစ်ခုကို အောင်မြင်စွာပြုလုပ်ခဲ့ကြောင်း သိရသည်။bioavtur J2.4 သည် ရောစပ်ထားသည့် bioavtur လောင်စာတစ်မျိုး ဖြစ်ပြီး ယင်းတို့ထဲမှ ၂ ဒသမ ၄ ရာခိုင်နှုန်းသည် သန့်စင်ထားသည့်စားအုန်းဆီမှ ပြုလုပ်ထားသော ဇီဝလောင်စာ ဖြစ်ကြောင်း သိရသည်။
စွမ်းအင် နှင့် သတ္တုသံယံဇာတဝန်ကြီး Arifin Tasrif က “အခု ကျွန်တော်တို့ သမိုင်းသစ်တစ်ခုကို တွေ့နေရပါတယ်။ ဒီအချိန်တွေအားလုံးအတွက် ကျွန်တော်တို့ စောင့်နေခဲ့ပြီးတော့ မြို့တော်ဂျာကာတာနဲ့ဘန်ဒေါင်းအကြား လမ်းကြောင်းကို စမ်းသပ်ခဲ့ပြီးပါပြီ။”ဟု အောက်တိုဘာ ၆ ရက်တွင် ပြုလုပ်သည့် စမ်းသပ်ပျံသန်းမှုဆိုင်ရာ အခမ်းအနားတစ်ခု၌ ပြောကြားခဲ့သည်။
စားအုန်းဆီအခြေခံသည့် ဇီဝဒီဇယ်ရောစပ်မှုအား ကုန်းလမ်းသယ်ယူပို့ဆောင်ရေးတွင် အသုံးပြုခဲ့သလို ယခုအခါ လေကြောင်းသယ်ယူပို့ဆောင်ရေးတွင်လည်း ဇီဝလောင်စာဆီကို လက်ခံနိုင်သည်ကိုတွေ့ရကြောင်း ၎င်းက ပြောကြားခဲ့သည်။

အဆိုပါ စမ်းသပ်ပျံသန်းမှုသည် အမြင့်ပေ ၁၀,၀၀၀ နှင့် ၁၆,၀၀၀ ၌ လေယာဉ်ပျံသန်းမှုနှင့်အတူ လုပ်ဆောင်ခဲ့သည်။ Jet A1 လောင်စာ နှင့် J2.4 လောင်စာအသုံးပြုခြင်းတို့တွင် အင်ဂျင်စွမ်းဆောင်ရည် နှင့် လေယာဉ်မှူးအခန်းရှိ ဒိုင်ခွက်များတွင် တူညီသော ရလဒ်များကို ပြသခဲ့ကြောင်း သိရသည်။

သယ်ယူပို့ဆောင်ရေးဝန်ကြီး Budi Karya Sumadi က bioavtur ဖွံ့ဖြိုးရေးသည် ပြည်တွင်း၌သာမက နိုင်ငံတကာတွင်လည်း မဟာဗျူဟာဖြစ်ကြောင်း အောက်တိုဘာ ၆ ရက်တွင် ပြောကြားခဲ့သည်။ (Xinhua)
————————————————-
(English Version)

Indonesia conducts flight test using biofuel

JAKARTA, Oct. 7 (Xinhua) — Indonesia has successfully conducted a flight test with a medium-range twin-engined transport aircraft using bio-aviation turbine fuel, bioavtur J2.4.
Bioavtur J2.4 is a mixed bioavtur fuel, of which 2.4 percent is biofuel made from refined palm oil.

“Now we see a new history … We have been waiting for all this time and we have tried the route between capital Jakarta and Bandung,” Minister of Energy and Mineral Resources Arifin Tasrif said Wednesday at a ceremony on the flight test.

He said that a palm oil-based biodiesel blend has been used in land transportation, and now the air transportation can also embrace biofuel.
The flight test was carried out with the aircraft performing flight at the altitude of 10,000 and 16,000 feet. The result indicates that the use of Jet A1 fuel and J2.4 showed similarities in the engine performance and indicators in the cockpit.
Transportation Minister Budi Karya Sumadi noted on Wednesday that bioavtur development is strategic not only domestically but also internationally. Enditem

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.