Connect with us

ASEAN

အင်ဒိုနီးရှားနိုင်ငံက နိုင်ငံတကာခရီးသွားများအတွက် ဘာလီကျွန်းအား အောက်တိုဘာ ၁၄ ရက်တွင် ပြန်လည်ဖွင့်လှစ်မည်

အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းရှိ Sanur ကမ်းခြေသို့ လာရောက်လည်ပတ်သူများအား အောက်တိုဘာ ၃ ရက်တွင် တွေ့ရစဉ်(ဆင်ဟွာ)

ဂျကာတာ ၊ အောက်တိုဘာ ၅ ရက်(ဆင်ဟွာ)

အင်ဒိုနီးရှားနိုင်ငံသည် COVID-19 ရောဂါ ကူးစက်ပြန့်ပွားမှုများ လျော့ကျလာသောကြောင့် အောက်တိုဘာ ၁၄ ရက်မှစတင်ကာ နိုင်ငံတစ်ချို့မှ နိုင်ငံခြားသားခရီးသွားများအတွက် ဘာလီကျွန်းသို့ နိုင်ငံတကာလေကြောင်းခရီးစဉ်များဖြင့် ဝင်ရောက်ခွင့်ကို ပြန်လည်ဖွင့်လှစ်ပေးသွားမည် ဖြစ်ကြောင်း အစိုးရတာဝန်ရှိသူတစ်ဦးက အောက်တိုဘာ ၄ ရက်တွင် ပြောကြားခဲ့သည်။

တောင်ကိုရီးယား ၊ တရုတ် ၊ ဂျပန် ၊ နယူးဇီလန်နိုင်ငံတို့အပြင် အာရပ်စော်ဘွားများပြည်ထောင်စု (UAE) ၏ အဘူဒါဘီ နှင့် ဒူဘိုင်းမြို့တို့မှ နိုင်ငံတကာခရီးသွားများအား လက်ခံသွားမည် ဖြစ်ကြောင်း အင်ဒိုနီးရှား ရေကြောင်း နှင့် ရင်းနှီးမြှုပ်နှံမှုရေးရာ ညှိနှိုင်းရေးဝန်ကြီး Luhut Binsar Pandjaitan က virtual သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

နိုင်ငံတကာခရီးသွားများအတွက် quarantine အနည်းဆုံး ၈ ရက် နှင့် ကျန်းမာရေးစစ်ဆေးမှုများအတွက် ဟိုတယ်ကြိုတင်စာရင်းပေးထားသည့် အထောက်အထား ပြသခြင်းဖြင့် အင်ဒိုနီးရှားနိုင်ငံသို့ ဝင်ရောက်ရန် ခွင့်ပြုသွားမည် ဖြစ်ကြောင်း သိရသည်။

အင်ဒိုနီးရှားနိုင်ငံ အစိုးရသည် ဈေးဝယ်စင်တာများ ၊ ဖျော်ဖြေရေးနေရာများ နှင့် အားကစားကွင်းများ အပါအဝင် အများပြည်သူနေရာများတွင် ကန့်သတ်ချက်များအား ဖြေလျှော့ပေးခြင်းနှင့်အတူ အောက်တိုဘာ ၄ ရက်တွင် သက်တမ်းကုန်ဆုံးမည့် PPKM ဟု လူသိများသော အများပြည်သူသွားလာနိုင်သောကန့်သတ်ချက်များအား အောက်တိုဘာလ ၁၈ ရက်အထိ ထပ်မံသက်တမ်းတိုးခဲ့ကြောင်း သိရသည်။ (Xinhua)

————————————
(English Version)
Indonesia to reopen Bali for international visitors from Oct. 14
JAKARTA, Oct. 4 (Xinhua) — Indonesia will reopen international flights to Bali for foreign visitors from certain countries starting from Oct. 14 as the COVID-19 transmission has eased in the country, a government official said Monday.
Indonesia will receive international visitors from South Korea, China, Japan, New Zealand, as well as from Abu Dhabi and Dubai of the United Arab Emirates, Coordinating Minister for Maritime and Investment Affairs Luhut Binsar Pandjaitan told a virtual press conference.
International visitors are allowed to enter the archipelago country by having a proof of hotel booking for a minimum of eight days of quarantine and health tests.
The Indonesian government on Monday extended its public mobility restrictions, locally known as PPKM, which expired Monday, until Oct. 18, with loosened restrictions in public places including shopping centers, entertainment spots, and sports venues. Enditem
Photo 1 – People visit Sanur beach in Bali, Indonesia, Oct. 3, 2021. The Indonesian government on Monday extended its public mobility restrictions, locally known as PPKM, which expired Monday, until Oct. 18, with loosened restrictions in public places including shopping centers, entertainment spots, and sports venues. (Photo by Byma/Xinhua)
Photo 2 – Photo taken on Oct. 3, 2021 shows a view of sunset at Sanur beach in Bali, Indonesia. The Indonesian government on Monday extended its public mobility restrictions, locally known as PPKM, which expired Monday, until Oct. 18, with loosened restrictions in public places including shopping centers, entertainment spots, and sports venues. (Photo by Byma/Xinhua)