Connect with us

Asia

အင်ဒိုနီးရှားနိုင်ငံက တရုတ်နိုင်ငံထုတ် Zifivax COVID-19 ကာကွယ်ဆေးကို အရေးပေါ်အသုံးပြုရန်ခွင့်ပြု

ဂျကာတာ၊ အောက်တိုဘာ ၈ ရက် (ဆင်ဟွာ)

အင်ဒိုနီးရှားနိုင်ငံ ဆေးဝါးနှင့် အစားအသောက်အာဏာပိုင် BPOM က တရုတ်နိုင်ငံ Anhui Zhifei Longcom ဇီဝဆေးဝါးကုမ္ပဏီမှ ထုတ်လုပ်သော Zifivax COVID-19 ကာကွယ်ဆေးအား အရေးပေါ်အသုံးပြုခွင့် ထုတ်ပေးခဲ့ကြောင်း အောက်တိုဘာ ၇ ရက်တွင် ပြောကြားခဲ့သည်။

“ဒီကနေ့ BPOM အနေနဲ့ Zifivax ကုန်သွယ်ရေးအမည်အောက်က COVID-19 ကာကွယ်ဆေးထုတ်ကုန်တစ်ခုကို ခွင့်ပြုခဲ့ပါတယ်။ အဲဒီကာကွယ်ဆေးက ပရိုတိန်းတွေပြန်လည်ပေါင်းစပ်ထားတဲ့ ယူနစ်ခွဲပလက်ဖောင်နဲ့ ဖော်ထုတ်ထားတာဖြစ်ပါတယ်” ဟု BPOM ၏ အကြီးအကဲ Penny Lukito က အွန်လိုင်းသတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။

Zifivax ကာကွယ်ဆေးသည် အင်ဒိုနီးရှား၊ ဥဇဘက်ကစ္စတန်၊ ပါကစ္စတန်၊ အီကွေဒေါနှင့် တရုတ် နိုင်ငံများတွင် လူပေါင်း ၂၈,၅၀၀ ဦးဖြင့် လက်တွေ့စမ်းသပ်မှုအဆင့် ၃ ကို ကျော်ဖြတ်ပြီးဖြစ်ကြောင်း Lukito က ရှင်းပြခဲ့သည်။

အင်ဒိုနီးရှားနိုင်ငံတွင် ပြုလုပ်ခဲ့သည့် လက်တွေ့စမ်းသပ်မှု အဆင့် ၃ တွင် အသက် ၁၈ နှစ်မှ ၅၉ နှစ်ကြား လူ ၄,၀၀၀ ခန့် ပါဝင်ကြောင်း သိရသည်။

လက်တွေ့စမ်းသပ်မှုတွင် ကာကွယ်ဆေးထိုးနှံပြီး ၇ ရက်ကြာပြီးနောက် Zifivax ကာကွယ်ဆေး အစွမ်းထက်မှုမှာ ၈၁.၇၁ ရာခိုင်နှုန်းနှင့် ၁၄ ရက်ကြာပြီးနောက် ၈၁.၄ ရာခိုင်နှုန်းရှိကြောင်း သိရသည်။

Zifivax ကာကွယ်ဆေးသည် SARS CoV-2 ဗိုင်းရပ်စ်၏ မျိုးဗီဇကွဲအသစ်များဖြစ်သော Alfa အတွက် (92.93 ရာခိုင်နှုန်း) ၊ Gamma အတွက် (100 ရာခိုင်နှုန်း) ၊ Delta အတွက် (77.47 ရာခိုင်နှုန်း) နှင့် Kappa အတွက် (90.0 ရာခိုင်နှုန်း) အသီးသီးဖြင့် ထိရောက်စွာကာကွယ်ပေးနိုင်ကြောင်း သိရသည်။

အဆိုပါ ကာကွယ်ဆေးသည် အင်ဒိုနီးရှား အစိုးရက အရေးပေါ်အသုံးပြုရန် ခွင့်ပြုပေးခဲ့သည့် ၁၀ ခုမြောက်ကာကွယ်ဆေးလည်း ဖြစ်သည်။ (Xinhua)

————————————————-
(English Version)

Indonesia approves emergency use of China’s Zifivax COVID-19 vaccine

JAKARTA, Oct. 7 (Xinhua) — Indonesia’s drug and food authority BPOM said Thursday it has issued an emergency use authorization (EUA) for the Zifivax COVID-19 vaccine produced by Chinese biopharmaceutical company Anhui Zhifei Longcom.

“Today, BPOM again announces that we have approved a COVID-19 vaccine product under the trade name Zifivax which was developed with a recombinant protein sub-unit platform,” BPOM’s head Penny Lukito told a virtual press conference.

Lukito explained that the Zifivax vaccine has passed the third phase of clinical trials with 28,500 subjects in Indonesia, Uzbekistan, Pakistan, Ecuador, and China.
In Indonesia, the third phase of the clinical trial involved around 4,000 people aged between 18 and 59 years old.

The clinical trial concluded that the efficacy of the Zifivax vaccine reached 81.71 percent after seven days of injections and 81.4 percent after 14 days.
Zifivax is also effective against the new variants of the SARS CoV-2 virus, namely Alfa (92.93 percent), Gamma (100 percent), Delta (77.47 percent), and Kappa (90.0 percent).
This is the tenth vaccine that has received an emergency use permit from the Indonesian government. Enditem

Photo : A woman receives a dose of COVID-19 vaccine during a mass vaccination in Jakarta, Indonesia, May 10, 2021. (Xinhua/Zulkarnain)