Connect with us

ASEAN

အင်ဒိုနီးရှားနိုင်ငံက COVID-19 ဒုတိယလှိုင်း ရင်ဆိုင်ရန် ပြည်ပမှ အောက်ဆီဂျင်ဗူးများ တင်သွင်းတော့မည်

ဂျကာတာ ၊ ဇူလိုင် ၆ ရက်(ဆင်ဟွာ)

အင်ဒိုနီးရှားနိုင်ငံအစိုးရသည် နိုင်ငံတွင် COVID-19 ရောဂါ ဒုတိယလှိုင်းအား ရင်ဆိုင်တိုက်ဖျက်ရန်အတွက် ပြည်ပမှ ဆေးဘက်ဆိုင်ရာအောက်ဆီဂျင်ဗူးများ တင်သွင်းနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။အင်ဒိုနီးရှားနိုင်ငံ လွှတ်တော်၌ ဇူလိုင် ၅ ရက်က လွှတ်တော်အမတ်များနှင့်အတူ ပြုလုပ်သည့် ကြားနားပွဲအပြီးတွင် ယင်းအစီအစဉ်ကို အင်ဒိုနီးရှားနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနဝန်ကြီး Budi Gunadi Sadikin က ထုတ်ဖော်ကြေညာခဲ့ခြင်းဖြစ်သည်။

အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့တွင် ဇူလိုင် ၅ ရက်က အောက်ဆီဂျင်ဖြည့်ပေးသော နေရာတစ်ခု၌ တန်းစီစောင့်ဆိုင်းနေကြသူများအားတွေ့ရစဉ်(ဆင်ဟွာ)

ဆေးရုံများရှိ အရေးပေါ်အခန်းများတွင် လိုအပ်လျက်ရှိသော အောက်ဆီဂျင်များကို အပြည့်အဝဖြည့်ဆည်းပေးနိုင်ရန်အတွက် ဝန်ကြီးဌာနအနေဖြင့် ၆ ကုဗမီတာ နှင့် ၁ ကုဗမီတာ အရွယ်အစားရှိသည့် အောက်ဆီဂျင်ဗူးများကို ပြည်ပမှ တင်သွင်းနိုင်ရန် စီစဉ်နေကြောင်း ဝန်ကြီးကဆိုသည်။

အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့တွင် ဇူလိုင် ၅ ရက်က အောက်ဆီဂျင်ဖြည့်ပေးသော နေရာတစ်ခု၌ တန်းစီစောင့်ဆိုင်းနေကြသူများအားတွေ့ရစဉ်(ဆင်ဟွာ)

အောက်ဆီဂျင်လိုအပ်ချက်နှင့်ပတ်သက်၍ ဝန်ကြီးက လူဦးရေအထူထပ်ဆုံးဒေသများဖြစ်သည့် ဂျာဗားကျွန်း အထူးသဖြင့် အနောက်ဂျာဗား ၊ အလယ်ဂျာဗား နှင့် အရှေ့ဂျာဗား ဒေသများရှိ ဆေးရုံများသို့ ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း ဝန်ကြီးက ဆက်လက်ပြောကြားခဲ့သည်။

ယင်းကျွန်းပေါ်ရှိ ဆေးရုံများသည် အောက်ဆီဂျင်မလုံလောက်မှု ပြဿနာဖြင့် ရင်ဆိုင်ကြုံတွေ့နေရကြောင်းလည်း၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။
Yogyakarta ပြည်နယ်တွင် ကိုရိုနာဗိုင်းရပ်စ် ရောဂါကူးစက်ခံရသော လူနာ ၆၃ ဦးကို DR Sardjito အထွေထွေဆေးရုံကြီး၌ ကုသပေးနေစဉ် ဆေးရုံ၌ အောက်ဆီဂျင်မလုံလောက်မှုပြဿနာကြောင့် ပြီးခဲ့သော ရက်သတ္တပတ်ကုန် စနေနေ့ နှင့်တနင်္ဂနွေနေ့များတွင် အသီးသီး သေဆုံးသွားခဲ့ရကြောင်း ဒေသဆိုင်ရာ COVID-19 လုပ်ငန်းအဖွဲ့က မကြာမီက ထုတ်ဖော်ပြောကြားခဲ့သည်။

အင်ဒိုနီးရှားနိုင်ငံ၌ ဇူလိုင် ၅ ရက်တွင် လွန်ခဲ့သော ၂၄ နာရီအတွင်း COVID-19 ရောဂါထပ်မံ ကူးစက်ခံရသူ ၂၉,၇၄၅ ဦးနှင့်အတူ ထပ်မံသေဆုံးသူ ၅၅၈ ဦး အသီးသီး ရှိကြောင်း သိရသည်။(Xinhua)

—————————–i———————-
( English Version)
Indonesia to import oxygen tanks to fight 2nd COVID-19 wave

JAKARTA, July 5 (Xinhua) — The Indonesian government is planning to import medical oxygen tanks as the country is fighting the second wave of COVID-19 cases.

The plan was announced by the country’s Health Minister Budi Gunadi Sadikin in a hearing on Monday with lawmakers of the House of Representatives.

Sadikin said the ministry is planning to import oxygen cylinders measuring six cubic meters and one cubic meter to meet the need of additional emergency rooms in hospitals.

The needed oxygen, the minister said, will be supplied to a number of hospitals in regions on the country’s most populated island of Java, particularly West Java, Central Java and East Java.
Hospitals on the island are reportedly facing shortages of oxygen.
In Yogyakarta province, the regional COVID-19 Task Force recently confirmed that 63 patients with coronavirus infections treated in DR Sardjito General Hospital have died on Saturday and Sunday last week after the hospital ran out of medical oxygen supplies.

Indonesia reported another deadliest day on Monday as the number of deaths from COVID-19 hit 558 in the past 24 hours with 29,745 tested positive for the disease. Enditem

People wait to refill their oxygen tubes in Manggarai of Jakarta, Indonesia, on July 5, 2021. The COVID-19 cases in Indonesia rose by 27,233 within one day to 2,284,084 overall, with the death toll adding by 555 to 60,582, the Health Ministry said on Sunday. (Xinhua/Veri Sanovri)