Connect with us

ASEAN

အင်ဒိုနီးရှားနိုင်ငံတွင် COVID-19 ကာလအတွင်း ခရစ္စမတ်အားလပ်ရက်အား လျှော့ချသတ်မှတ်

အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့၊ Pasar Induk Kramat Jati ဈေး၌ ၂၀၂၁ ခုနှစ် မတ် ၁၀ ရက်၌ ကုန်သည်များအား ကာကွယ်ဆေးထိုးနှံပေးသည့်အစီအစဉ်တွင် အမျိုးသမီးတစ်ဦး COVID-19 ကာကွယ်ဆေးထိုးနှံမှုခံယူနေစဉ် (ဆင်ဟွာ)

ဂျကာတာ၊ ဇွန် ၁၉ ရက် (ဆင်ဟွာ)

အင်ဒိုနီးရှားနိုင်ငံ အစိုးရသည် COVID-19 ဖြစ်ပွားမှု မြင့်တက်နေစဥ်အတွင်း ယခုနှစ်ကုန်ပိုင်းတွင် ကျရောက်မည့် ခရစ္စမတ်အားလပ်ရက်ကို လျှော့ချသတ်မှတ်ခဲ့ပြီးနှင့် အခြားအားလပ်ရက် ၂ ရက်အား ရွှေ့ပြောင်းသတ်မှတ်ခဲ့ကြောင်း အဆင့်မြင့်ဝန်ကြီးတစ်ဦးက ဇွန် ၁၈ ရက်တွင်ပြောကြားခဲ့သည်။

လူသားဖွံ့ဖြိုးတိုးတက်မှုနှင့် ယဉ်ကျေးမှုဆိုင်ရာ ညှိနှိုင်းရေးဝန်ကြီး Muhadjir Effendy က ယခင်နှစ်များတွင် နှစ်ရက်ရှိခဲ့သော ခရစ္စမတ်အားလပ်ရက်အား ဒီဇင်ဘာ ၂၅ ရက် တစ်ရက်တည်းအဖြစ်သို့ လျှော့ချသတ်မှတ်ခဲ့ကြောင်း ပြောကြားခဲ့သည်။

တစ်ချိန်တည်းတွင် အင်ဒိုနီးရှားအစိုးရသည် နိုင်ငံအတွင်း အစ္စလာမ်နှစ်သစ်ကူးပိတ်ရက်အား သြဂုတ် ၁၀ ရက်မှ ၁၁ ရက်သို့လည်းကောင်း၊ တမန်တော်မိုဟာမက်မွေးနေ့ အထိမ်းအမှတ် အားလပ်ရက်အား အောက်တိုဘာ ၁၉ ရက်မှ ၂၀ ရက်သို့ ပြောင်းရွှေ့ခဲ့ကြောင်းသိရသည်။

အင်ဒိုနီးရှားနိုင်ငံ၌ ဇွန် ၁၈ ရက်တွင် ပြီးခဲ့သည့် ၂၄ နာရီအတွင်း COVID-19 အတည်ပြုလူနာသစ် ၁၂,၉၉၀ ဦးရှိပြီး ဇန်နဝါရီလနှောင်းပိုင်းမှစ၍ နေ့စဉ်ပိုးတွေ့ရှိမှု အမြင့်ဆုံးအဖြစ်မှတ်တမ်းဝင်ခဲ့ကာ အတည်ပြုလူနာစုစုပေါင်း ၁,၉၆၃,၂၆၆ ဦးရှိလာခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

တစ်ချိန်တည်းတွင် COVID-19 ရောဂါဖြင့် ထပ်မံသေဆုံးသူ ၂၉၀ ဦးရှိရာ သေဆုံးသူစုစုပေါင်း ၅၄,၀၄၃ ဦးရှိလာကြောင်းသိရသည်။ (Xinhua)

———————————–
(English Version)
Indonesia shortens Christmas holiday amid COVID-19
JAKARTA, June 18 (Xinhua) — The Indonesian government has shortened the Christmas holiday to come at the end of this year and shifted dates of two other holidays this year amid a surge in COVID-19 cases, a senior minister said Friday.
Coordinating Minister for Human Development and Cultural Affairs Muhadjir Effendy said the Christmas holiday which lasted two days in previous years was cut to just one day, namely only Dec. 25.
Meanwhile, the Indonesian government has moved the holiday of Islamic New Year from Aug. 10 to 11, and that of the Prophet Muhammad’s Birthday from Oct. 19 to 20, for the Southeast Asian country.
Indonesia on Friday recorded 12,990 new confirmed cases of COVID-19 in the past 24 hours, marking the highest daily spike since late January and bringing the total tally to 1,963,266, the Health Ministry said.
Meanwhile, the COVID-19 related death toll added by 290 to 54,043. Enditem
Photo-A woman receives a dose of COVID-19 vaccine during a mass vaccination for traders at the Pasar Induk Kramat Jati market in Jakarta, Indonesia, March 10, 2021. (Photo by Zulkarnain/Xinhua)