Connect with us

Asia

အင်ဒိုနီးရှားနိုင်ငံသို့ ဝင်ရောက်မည့် နိုင်ငံခြားသားများ ကာကွယ်ဆေးထိုးနှံပြီးကြောင်း သက်သေခံလက်မှတ်များ ပြသရန် လိုအပ်

အင်ဒိုနီးရှားနိုင်ငံ၌ ဇူလိုင် ၃ ရက်က နှာခေါင်းစည်း တပ်ဆင်ထားခြင်း မရှိဘဲ ကားမောင်းနှင်နေသူအမျိုးသမီးတစ်ဦး အား ရဲတပ်ဖွဲ့ဝင်များက ရပ်တန့်စစ်ဆေးနေစဉ်(ဆင်ဟွာ)

ဂျကာတာ ၊ ဇူလိုင် ၅ ရက်(ဆင်ဟွာ)

အင်ဒိုနီးရှားနိုင်ငံသို့ ဝင်ရောက်ရာတွင် နိုင်ငံခြားသံတမန်များ နှင့် ဝန်ကြီးအဆင့် တာဝန်ရှိသူများမှလွဲ၍ နိုင်ငံခြားသားများ အားလုံးသည် polymerase chain reaction (PCR) စစ်ဆေးမှုဖြင့် ရောဂါပိုး ကင်းစင်ကြောင်း နှင့် COVID-19 ကာကွယ်ဆေးထိုးနှံပြီးကြောင်း သက်သေခံလက်မှတ်များကို ပြသရန် လိုအပ်ကြောင်း တာဝန်ရှိသူတစ်ဦးက ဇူလိုင် ၄ ရက်တွင် ပြောကြားခဲ့သည်။အင်ဒိုနီးရှားနိုင်ငံသို့ ဝင်ရောက်မည့် ကာကွယ်ဆေးမထိုးနှံရသေးသော အင်ဒိုနီးရှား နိုင်ငံသားများအနေဖြင့် နိုင်ငံတွင်းသို့ မဝင်ရောက်မီ ရောဂါပိုး ကင်းစင်ကြောင်း PCR စစ်ဆေးထားမှုတစ်ခုသာ ပြသရန် လိုအပ်ကြောင်း ပင်လယ်ရေကြောင်း နှင့် ရင်းနှီးမြှုပ်နှံမှု ဝန်ကြီးဌာန ညှိနှိုင်းရေးမှူး ပြောခွင့်ရပုဂ္ဂိုလ် Jodi Mahardi က ပြောကြားခဲ့သည်။

အင်ဒိုနီးရှားနိုင်ငံသားများအနေဖြင့် နိုင်ငံအတွင်း ရောက်ရှိပြီးနောက် ပထမရက် နှင့် သတ္တမမြောက်ရက်တို့တွင် PCR စစ်ဆေးမှုများနှင့်အတူ ၈ ရက်ကြာ quarantine ပြုလုပ်ရမည်ဖြစ်ပြီး ယင်းနောက်တွင် COVID-19 ကာကွယ်ဆေးများ ထိုးနှံမှု ခံယူရမည် ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

အင်ဒိုနီးရှားနိုင်ငံသည် မေလက ရှည်လျားသည့် Eid al-Fitr အားလပ်ရက်ပြီးနောက် COVID-19 ရောဂါဖြစ်ပွားမှု တစ်ရှိန်ထိုး မြှင့်တက်လာခဲ့ပြီး မျိုးဗီဇပြောင်း Delta ဗိုင်းရပ်စ်ပိုး ကူးစက်ခံရမှု ပိုမိုများပြားလာကြောင်း သိရသည်။

အင်ဒိုနီးရှားနိုင်ငံသည် ဇူလိုင် ၃ ရက်မှ ၂၀ ရက်အထိ အရေးပေါ်ကန့်သတ်ချက်များပြုလုပ်၍ COVID-19 ရောဂါဖြစ်ပွားမှုများ မြင့်တက်ခြင်းထိန်းချုပ်ရန် လတ်တလောကြိုးပမ်း နေကြောင်း သိရသည်။ (Xinhua)
—————————–i———————-
( English Version)

Foreigners entering Indonesia required to show vaccination cards

JAKARTA, July 4 (Xinhua) — Foreigners entering Indonesia are required to show COVID-19 vaccination cards and negative results of polymerase chain reaction (PCR) tests from July 6, except for foreign diplomats and ministerial-level officials, an official said on Sunday.

Meanwhile, Indonesians who plan to enter the country but have not received any shots of COVID-19 vaccines are only required to show negative PCR test results before their arrivals, said the spokesman of the Coordinating Ministry for Maritime and Investment Affairs Jodi Mahardi.

Mahardi said that after their arrival, the Indonesians will receive shots of COVID-19 vaccines after they finish an eight-day quarantine with PCR tests on the first and seventh days.
Indonesia is facing a sharp spike in COVID-19 cases after a long Eid al-Fitr holiday in May and the entry of the more contagious Delta variant.

The country is currently curbing the surge in the COVID-19 cases by imposing emergency restrictions from July 3 to July 20. Enditem
Photo – Police officers stop a woman without a face mask on her car in Jakarta, Indonesia, July 3, 2021. The Indonesian government has decided to deploy 53,000 personnel for emergency community activity restrictions (locally known as PPKM) to be imposed in Java and Bali from July 3 to 20, a senior police officer said on Friday. (Xinhua/Agung Kuncahya B.)