Connect with us

ASEAN

အင်ဒိုနီးရှားနိုင်ငံ၌ နောက်ထပ် Sinovac COVID-19 ကာကွယ်ဆေး အသစ်တစ်သုတ်ထပ်မံရောက်ရှိ

အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့ရှိ လူနေရပ်ကွက်တစ်ခုတွင် အကာအကွယ်ဝတ်စုံဖြင့် ပိုးသတ်ဆေးဖျန်းနေသူတစ်ဦးအား ၂၀၂၁ ခုနှစ် ဇွန် ၁၉ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ဂျကာတာ၊ ဇွန် ၂၁ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ ဆေးဝါးကုမ္ပဏီ မှထုတ်လုပ်သော Sinovac ကိုဗစ်ကာကွယ်ဆေး နောက်ထပ် အသစ်တစ်သုတ်သည် အင်ဒိုနီးရှားနိုင်ငံ Soekarno Hatta လေဆိပ်သို့ ဇွန် ၂၀ ရက်တွင် ဆိုက်ရောက်လာခဲ့ကြောင်း အင်ဒိုနီးရှားကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက် အရ သိရသည်။

အင်ဒိုနီးရှားနိုင်ငံ ယိုးဂျာကာတာ (Yogyakarta) ရှိ COVID-19 ကာကွယ်ဆေး အစုပြုံလိုက်ထိုးနှံပေးသော စင်တာတစ်ခုတွင် ကာကွယ်ဆေးအတွက် စာရင်းပေးသွင်းရန် တန်းစီစောင့်ဆိုင်းနေသူများအား ၂၀၂၁ ခုနှစ် ဇွန် ၁၄ ရက်ကတွေ့ရစဉ်(ဆင်ဟွာ)

၂၀၂၁ ခုနှစ် ဇန်နဝါရီတွင် အင်ဒိုနီးရှားနိုင်ငံ အစားအစာ နှင့်ဆေးဝါးအာဏာပိုင်အဖွဲ့က ကပ်ရောဂါတိုက်ဖျက်ရေး ကြိုးပမ်းအားထုတ်မှုရည်မှန်းအဖြစ် တရုတ်နိုင်ငံထုတ် Sinovac ကာကွယ်ဆေးကို နိုင်ငံအတွင်း အရေးပေါ်အသုံးပြုရန် ခွင့်ပြုချက်ပေးခဲ့သည်။
အင်ဒိုနီးရှားနိုင်ငံသည် ပြည်တွင်း၌ သုတေသနပြု လေ့လာမှုများအပြင် နှစ်နိုင်ငံချင်း နှင့် နိုင်ငံများစွာ ပူးပေါင်းဆောင်ရွက်မှုဖြင့် COVID-19 ကာကွယ်ဆေး ကုန်ကြမ်းများရရှိရေး အတွက် သဘောတူလက်မှတ်ရေးထိုးထားကြောင်း သိရသည်။

အင်ဒိုနီးရှားနိုင်ငံသည် နိုင်ငံအတွင်းရှိ ပြည်သူများအကြား ကိုယ်ခံအားစနစ်ရရှိစေရန်အတွက် COVID-19 ကာကွယ်ဆေး အကြိမ်ရေပေါင်း ၁၈၁.၅ သန်း ထိုးနှံပေးသွားရန် ရည်မှန်းထားသည်။ အာဏာပိုင်များအနေဖြင့် လက်ရှိအချိန်ထိ ဒုတိယအကြိမ်ဆေးထိုးနှံပြီးစီးမှု ၁၂.၂၁ သန်းအပါအဝင် အင်ဒိုနီးရှားနိုင်ငံ၌ ကာကွယ်ဆေး အကြိမ်ရေပေါင်း ၄၀.၃၄ သန်းထိုးနှံပြီးထားကြောင်း သိရသည်။(Xinhua)
————————————
(English Version)
Another batch of Sinovac COVID-19 vaccines arrive in Indonesia

JAKARTA, June 21 (Xinhua) — Another batch of COVID-19 vaccines produced by the Chinese pharmaceutical company Sinovac arrived at the Soekarno Hatta Airport in Indonesia on Sunday, according to the health ministry.
In January 2021, Indonesia’s Food and Drug Authority issued an emergency use authorization for the Sinovac vaccines amid efforts to fight the pandemic.
Indonesia has signed agreements on the procurement of COVID-19 vaccines through bilateral and multilateral cooperations as well as domestic research explorations.
The country has set up a target of inoculating 181.5 million doses of COVID-19 vaccines to achieve herd immunity.
So far, authorities have administered 40.34 million doses of COVID-19 vaccines, including 12.21 million doses for the second shot.

၁-A worker wearing protective suits sprays disinfectant to a residential area in Jakarta, Indonesia, June 19, 2021. (Photo by Dasril Roszandi/Xinhua)
၂-People wait in lines for registration before receiving COVID-19 vaccines during a mass vaccination in Yogyakarta, Indonesia, June 14, 2021. (Photo by Joni/Xinhua)