Connect with us

Asia

အင်ဒိုနီးရှားနိုင်ငံ ကျေးလက်ဒေသတွင် ကာကွယ်ဆေးထိုးနှံပါက ကြက်အရှင်များ အခမဲ့ရရှိမည်ဟု မက်လုံးပေး

အင်ဒိုနီးရှားနိုင်ငံ အနောက်ဂျာဗားပြည်နယ် Cianjur ခရိုင်တွင် COVID-19 ကာကွယ်ဆေး ထိုးနှံပြီးနောက် ကြက်အရှင်တစ်ကောင် လက်ခံရယူနေသည့် အမျိုးသားတစ်ဦးအား ဇွန် ၂၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဂျကာတာ၊ ဇွန် ၂၃ ရက် (ဆင်ဟွာ)

အင်ဒိုနီးရှားနိုင်ငံ ကျေးလက်ဒေသတွင် သက်ကြီးရွယ်အို ဒေသခံများအား မက်လုံးပေးသည့်အနေဖြင့် COVID-19 ကာကွယ်ဆေးထိုးနှံပါက ကြက်အရှင်တစ်ကောင် ရရှိမည်ဟု ဒေသခံအာဏာပိုင်များက ကမ်းလှမ်းထားကြောင်း သိရသည်။အဆိုပါ အစီအစဉ်သည် အနောက်ဂျာဗားပြည်နယ် Cianjur ခရိုင်တွင် အသက် ၄၅ နှစ်နှင့်အထက် နိုင်ငံသားများ ကာကွယ်ဆေးထိုးနှံသည့် အရေအတွက် မြင့်တက်လာစေရေး ခရိုင်၏ အားထုတ်ကြိုးပမ်းမှု တစ်စိတ်တစ်ပိုင်းအဖြစ် ဆောင်ရွက်နေခြင်းလည်း ဖြစ်သည်။

အင်ဒိုနီးရှားနိုင်ငံ အနောက်ဂျာဗားပြည်နယ် Cianjur ခရိုင်တွင် COVID-19 ကာကွယ်ဆေး ထိုးနှံမှုခံယူနေသည့် အမျိုးသားတစ်ဦးအား ဇွန် ၂၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

အင်ဒိုနီးရှားနိုင်ငံ အနောက်ဂျာဗားပြည်နယ် Cianjur ခရိုင်တွင် COVID-19 ကာကွယ်ဆေး ထိုးနှံပြီးနောက် ကြက်အရှင်တစ်ကောင်ကို ကိုင်ထားသည့် အမျိုးသားတစ်ဦးအား ဇွန် ၂၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

အင်ဒိုနီးရှားနိုင်ငံ အနောက်ဂျာဗားပြည်နယ် Cianjur ခရိုင်တွင် COVID-19 ကာကွယ်ဆေးထိုးနှံရေးကမ်ပိန်းအတွင်း ကျန်းမာရေးဝန်ထမ်းများနှင့် ရဲအရာရှိများအား ဇွန် ၂၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

အင်ဒိုနီးရှားနိုင်ငံတွင် COVID-19 ရောဂါဖြစ်ပွားမှုမှာ တစ်ရက်အတွင်း ၁၃,၆၆၈ ဦးရှိခဲ့ရာ စုစုပေါင်း ၂,၀၁၈,၁၁၃ အထိ ရောက်ခဲ့လာခဲ့ပြီး သေဆုံးသူအနေဖြင့် တစ်ရက်အတွင်း ၃၃၅ ဦးရှိခဲ့ကာ စုစုပေါင်း ၅၅,၂၉၁ ဦး ရှိလာပြီဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ဇွန် ၂၂ ရက်၌ ပြောကြားခဲ့သည်။ (Xinhua)

———————————————
(English Version)

Asia Album: Get vaccinated, get free live chickens — Rural Indonesia provides incentives to encourage vaccination

JAKARTA, June 23 (Xinhua) — Local authorities in rural Indonesia are offering live chickens as an incentive for older residents to get vaccinated against COVID-19. The program, in Cianjur regency, West Java, is part of the district’s effort to increase the number of vaccines administered to citizens aged 45 and over.

The COVID-19 cases in Indonesia rose by 13,668 within one day to 2,018,113, with the death toll adding by 335 to 55,291, the Health Ministry said on Tuesday.
1- A man receives a live chicken from a police officer after he gets a dose of the COVID-19 vaccine at Cianjur district, West Java, Indonesia. June 22, 2021. (Photo by Aditya Irawan/Xinhua)

2- A man receives a dose of the COVID-19 vaccine at Cianjur district, West Java, Indonesia. June 22, 2021. (Photo by Aditya Irawan/Xinhua)

3- A man holds a live chicken after he gets a dose of the COVID-19 vaccine at Cianjur district, West Java, Indonesia. June 22, 2021. (Photo by Aditya Irawan/Xinhua)

4- Health workers and police officers walk during the COVID-19 vaccine campaign at Cianjur district, West Java, Indonesia. (Photo by Aditya Irawan/Xinhua)■